Friday, 11 January 2013

ရောင်စုံ သက်တံလေးအကြောင်း

<တစ်ခါတုန်းက မိသားစု တစ်စုရှိသတဲ့။အဲဒီမိသားစုမှာ အားလုံးပေါင်း၇ယောက် ရှိတယ်တဲ့၊အဖေ(နောဧ)၊အမေ၊သားသုံးယောက်နဲ့ချွေးမသုံးယောက်တဲ့..။ အဲဒီမိသားစုဟာ ဘုရားစကားကို အရမ်းနားထောင်ပြီး တစ်ဦးနဲ့တစ်ဦး ချစ်၂ခင်၂ မေတ္တာအပြည့် အ၀နဲ့ဖြောင့်မတ်စုံလင်ပြီး ဘုရားနဲ့အတူသွားလာ နေထိုင်ကြသတဲ့...ဒါပေမဲ့ တစ်ခြားလူတွေက တော့ ဘုရားကိုလဲ မသိတော့ဘူး သိပြန်တော့လည်း ဂရုမစိုက်၊တစ်ကမ္ဘာ လုံးက ဘုရားရှေ့ မှာ ပုပ်စပ်ပြီးအဓ္ဒမအမှုနဲ့ ညစ်ညူးနေတယ်တဲ့၊ ဘုရားသခင် ဟာလူတွေကို ကြည့်ပြီးအရမ်းဝမ်းနည်းတယ်တဲ့၊ဒီလိုနဲ့ဘဲ ဘုရားကို သိတဲ့ နောဧ ကို ဘုရားက ... နောဧဒီတစ်ကမ္ဘာ လုံးကို ငါကြည့်တော့ နင်တို့တစ်မိသားစု ပဲ ငါ့စကားကို နားထောင်ပြီးယုံကြည်တယ်၊တခြားသူတွေကတော့ အရမ်းကို မိုက်ရူးရဲ ဆန်နေကြပြီ ဒီတော့ ငါဒီတကမ္ဘာ လုံးကို ရေနဲ့ဆေးပစ်လိုက်တော့မယ်၊ နင်နဲ့နင်တို့ မိသားစုအတွက်၊သဘောင်္အကြီး၂ဆောက်ရမယ်၊လောက မှာရှိတဲ့ သတ္တ၀ါ လုံးစုံ ကိုသုတ်သင်ဖယ်ရှားတော့မယ်လို့ပြောတယ်တဲ့...။ဆောက်ခိုင်းသော သင်္ဘော မူကားဂေါဖရသစ်သားဖြင့်သင်္ဘောရဲ့ကိုယ်ဖို့လုပ်ရမည်။အထဲမှာ အခန်းလေးတွေလုပ်ရမယ်၊အတွင်းအပြင်မှာ ထင်းရူးစေးနဲ့သုတ်ရမယ်၊ အရွယ်ကတော့ အလျှားအတောင်းသုံးရာ၊အနံအတောင်ငါဆယ်၊အမြင့်အတောင်သုံး ဆယ်ရှိရမည်။အမိုးလည်းလုပ်ရမည်၊ အထပ်၃ထပ်ရှိရမည်၊အားလုံးကို၇ရက် အတွင်းမှာအပြီးလုပ်ရမည်၊လုပ်ပြီးရင် အသက်ရှင်တိရိစ္ဆာန် အဖိုအမ မျိုးစုံကို နင့်တို့ဆီကို ငါစေလွှတ်မယ်၊ပြောတယ်တဲ့၊အဲဒီအချိန်ကစပြီး နောဧတို့မိသား စုဟာ သဘောင်္အကြီး၂ကိုမှာထားတဲ့အတိုင်းဆောက်လုပ်ကြသတဲ့၊လူတွေဟာ သူတို့မေး တော့နောဧက အမှန်အတိုင်းပြောပြသော်လည်း နောဧကို ဒီအဘိုးကြီး ရူးနေပြီ၊ ဒီလောက်မိုးခေါင်နေတဲ့ ဒီကမ္ဘာ ကြီးကို ဘယ်လိုလုပ်ရေကြီးမိုးရွာ မှာလဲလို့ပြောပြီးကဲ့ရဲ့ကြသတဲ့။၇ရက်အတိမှာ သင်္ဘောကြီးဆောက်လုပ်ပြီးစိး သွားမှာပဲ တိရိစ္ဆာန်တွေအမျိုး၂ အဖို၊အမ တန်းစီလာသတဲ့၊သူတို့မိသားစုလည်း အံသြပြီး ဘုရားကို ချီးမွမ်းသတဲ့၊တိရိစ္ဆာန်တွေကိုအထဲကိုသွင်းပြီးခြင်းခန မှာပဲ၊ မိုးတွေအုံးပြီး လေပြင်း၂တိုက်သတဲ့၊သူတို့လည်းအမြန်အထဲဝင်ပြီး တံခါးအကြီး၂ကို ပိတ်မလိုအချိန်မှာပဲဘုရားက တံခါးကိုပိတ်စေတယ်တဲ့၊အဲဒီနေ့ကစပြီး မိုးရွာ၊ရေတွေကြီးတာ ရက်၄၀တိတိ၊လူတွေသတ္တ၀ါအလုံးစုံဟာ ရေထဲမှာပဲသေကုန် ကြပြီတဲ့၊မိုးက ရက်၄၀တိတိရွာပေမဲ့လည်း ရေကြီးတဲ့အရှိန်နဲ့ ရေက တော်၂ခန်းမ သွားဘူးတဲ့၊ရက်၂၀၀နီးပါး ကြာမှဘုရားက နောဧကို ဆင်းနိုင်ပြီလို့ပြောတယ်..။ နောဧမိသားစုတို့လည်း ဆင်းသွားတယ်။ အပြင်က ကမ္ဘာ ကြီးဟာ သင်္ဘောထဲက မိသားစုနဲ့တိရိစ္ဆာန်က လွဲပြီး ဘယ်သူမှမရှိတော့ဘူးတဲ့..၊ အပြင်ကမျက်တွေဟာ စိမ်းလန်းစိုပြေ ပြိး......နောဧတို့မိသားစုဟာ ဘုရားသခင် ကိုကျေးဇူးတော်ချီးမွမ်းပြီး.....အဲဒီအခါဘုရား က သက်တံကို ပေါ်လာစေပြီး နောဧတို့မိသားစုကို ကတိပေးတယ်တဲ့၊ ငါဟာနောက်တစ်ခါ၊ဒီကမ္ဘာ ကြိးကို ဘယ်တော့မှ ရေတဲ့ မဖျက်စီးတော့ဘူး၊ လို့ကတိပေးခဲ့တယ်တဲ့၊ ဒီသက်တံလေးဟာ ဘုရားနဲ့လူတို့ကြားမှာရှိတဲ့ ကတိသက်သေလေးဖစ်ပါတယ်...။ အားလုံးကိုအတိုချုပ်နဲ့ တင်ထားတာ ဖစ်ပါတယ်၊ ဒီအကြောင်းကို တိတိကျကျ သိချင်တယ်ဆိုရင်တော့ ဓမ္မာကျမ်းစာ ကမ္ဘာဦးကျမ်းမှာလေ့လာနိုင်ပါတယ်...... လာရောက်ဖတ်ရှုပေးကြတဲ့အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

No comments:

Post a Comment

back to top