Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, 30 December 2012

ကောင်မလေးတစ်ယောက်အကြောင်း

တစ်ခါက ကောင်မလေးတစ်ယောက်ရှိခဲ့တယ်။အဲဒီကောင်မလေးဟာကံကြမ္မာရဲ့ရိုက်ခတ်မှုတွေကြောင့် ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေခဲ့တဲ့ သူတစ်ယောက်ပေါ့။ သူ့ဘဝရဲ့ ပျော်ရွှင်မှုတွေဆိတ်သုဉ်းခဲ့ရတဲ့အချိန်ကတော့ သူ့အဖေသေသွားတဲ့အချိန်ကပဲ စတင်ခဲ့ပါတယ်။ တစ်သက်လုံး မိသားစုမောင်နှမတွေကြားမှာ ဆိုးနွဲ့ပျော်ရွှင်ပြီး လိုတာတွေရရှိခဲ့တဲ့ ကောင်မလေးဘဝဟာ ကျိန်စာသင့်သလိုပဲ အဲဒီအချိန်ကစပြီး အဆင်မပြေမှုတွေဟာ ဆက်တိုက်ကိုရောက်ရှိလာခဲ့တော့တယ်။ လူတွေရဲ့အပေါ်ယံသာ ကောင်းတဲ့စိတ်ထားတွေကိုလဲ သိခဲ့ရပြီး ပတ်ဝန်းကျင်ကလူတွေကို ယုံရမှာလဲကြောက်နေမိတယ်။ သူ့ဘဝမှာလဲ နောက်ထပ်ပျော်ရွှင်မှုဆိုတာ မရှိနိုင်တော့ဘူးထင်ပြီး စိတ်ဓာတ်ကျအထီးကျန်စွာနဲ့ ဘဝကိုဖြတ်သန်းလာခဲ့တယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေဆိုတာ သူနဲ့မဆိုင်တဲ့အရာတွေလိုပဲ သဘောထားခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ဟာ အွန်လိုင်းပေါ်တက်ရင်းနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ပက်သက်ပြီး ဆိုဒ်လေးတစ်ခုထဲကိုရောက်ခဲ့တယ်။
အဲဒီဆိုဒ်လေးက သူငယ်ချင်းတွေရဲ့ နွေးထွေးတဲ့မိသားစုဆန်တဲ့ အဖြူရောင်မေတ္တာတွေ၊ အားငယ်နေချိန်မှာ အားပေးနှစ်သိမ့်တတ်တဲ့ ကြင်နာမှုတွေ
ကြားမှာ ကောင်မလေးဟာ တဖြည်းဖြည်းနဲ့ အသားကျလာပြီး သူ့ဘဝဟာ ပျော်ရွှင်မှုတွေ တစ်ဖန်ပြန်ပြီး စတင်လာခဲ့တယ်။ ဒါပေမယ့် တစ်နေ့မှာတော့မထင်မှတ်ပဲ သူငယ်ချင်းတွေထဲက ကောင်လေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်သွားခဲ့တယ်။ ကောင်မလေးဟာ တစ်ခါမှ မချစ်ဖူးတဲ့ သူ့ရဲ့ပထမဆုံး အချစ်ကို ကောင်လေးကိုပေးခဲ့တယ်။ ကောင်လေးသူ့အပေါ်မှာ တကယ်ချစ်တယ်လို့လဲ ယုံကြည်နေခဲ့မိတယ်။ အဲဒီလိုနဲ့ ကောင်လေးနဲ့ တစ်ဘဝလုံးလက်တွဲ ဖို့ထိ ရည်ရွယ်ပြီး ကောင်မလေးရဲ့ဘဝဟာ မျှော်လင့်ချက်ရောင်ခြည်သန်းခဲ့တယ် လို့ထင်ခဲ့မိတယ်။ ရိုးသားစွာချစ်ခဲ့ပေမယ့် သူ့အပေါ်လှည့်စားလိမ်ညာနေတဲ့ ကောင်လေးရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကိုသိလိုက်ရတဲ့ အချိန်ဟာ ကောင်မလေး ပထမဆုံးအသည်းကွဲခဲ့တဲ့ အချိန်ပေါ့။ ဘဝမှာ တစ်ယောက်ကိုပဲချစ်ပြီး ချစ်တဲ့သူနဲ့ပဲ လက်ထပ်မယ်လို့ရည်ရွယ်ခဲ့တဲ့ ကောင်မလေးရဲ့ ဆုံးဖြတ်ချက်ဟာ အဲဒီမှာပဲ ပျက်ပြယ်သွားခဲ့တယ်။ ဒါပေမယ့် နာကျည်းစိတ်နဲ့ ကောင်လေးကိုအတတ်နိုင်ဆုံး မေ့ပစ်ခဲ့တယ်။ သူချစ်တဲ့ သူငယ်ချင်းတွေရဲ့ အားပေးနှစ်သိမ့်မှုတွေနဲ့ တစ်ဖန်ပြန်ပြီး သူ့ရဲ့ ပျော်ရွှင်မှုတွေဟာ အစပြုခဲ့တယ်လို့ ထင်မိခဲ့ပြန်တယ်။
ဒီလိုနေလာရင်းနဲ့ တစ်နေ့မှာတော့ ကောင်မလေးရဲ့ ဝမ်းကွဲအစ်ကိုတစ်ယောက်က တစ်ဆင့်မိဘတွေသဘောနဲ့ အရမ်းကိုအေးဆေး
တည်ငြိမ်တဲ့ အစ်ကိုတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ ဘဝမှာ နောက်တစ်ကြိမ်ချစ်ဖို့ကြောက်နေမိတဲ့ ကောင်မလေးဟာ စတွေ့တုန်းကတော့ တာဝန်ကျေသဘောမျိုးနဲ့ တွေ့ခဲ့ပေမယ့် တကယ်တမ်းတွေ့လိုက်ရတဲ့ အချိန်မှာ သူ့ရဲ့တည်ငြိမ်မှုနဲ့ ရင့်ကျက်မှုကိုတွေ့ပြီး သဘောကျသွားမိတယ်။
အဲဒီသူကလဲ ကောင်မလေးကို တွေ့တွေ့ချင်းပဲသဘောကျသွားလို့ တွေ့ပြီးနောက်နေ့ကစပြီး ကောင်မလေးဆီကိုညတိုင်း ဖုန်းဆက်ခဲ့တယ်။
ချစ်ရမှာကြောက်နေတဲ့ ကောင်မလေးဟာ လူကြီးတွေရဲ့သဘောအရ အဲဒီသူနဲ့ပဲ တစ်သက်လုံးလက်တွဲရတော့မယ်လို့ စိတ်ထဲထည့်ထားခဲ့တာရယ်
အဲဒီသူရဲ့ နွေးထွေးကြင်နာမှုတွေ၊ လေးနက်တဲ့အချစ်တွေကြားမှာ နစ်မြောသွားပြီး ဒုတိယအကြိမ် ချစ်မိသွားခဲ့မိတယ်။ ကောင်မလေးဟာ အဲဒီသူကို
ဘယ်လောက်ထိချစ်မိသွားလဲဆိုရင် သူအရမ်းချစ်တဲ့ သူငယ်ချင်းတွေနဲ့တောင် အဆက်အသွယ်မရှိတော့ပဲ အဲဒီသူရဲ့ အချစ်တွေနဲ့ပဲ ပျော်ရွှင်နစ်မြုပ်
နေမိတဲ့အထိပါပဲ။ သူတို့ဖုန်းပြောတဲ့အချိန်တိုင်းမှာလဲ ရှေ့ဆက်ပြီး သူတို့ရဲ့ အနာဂတ်ကိုနေ့တိုင်းတိုင်ပင်ပြောဆိုနေကြတာ လှပတဲ့ပန်းခင်းလမ်း
ကိုပဲ မြင်ယောင်နေရင်းနဲ့ပေါ့။ ကောင်မလေး မေ့ပျောက်နေခဲ့တဲ့ ကံကြမ္မာနတ်ဆိုးဟာ တစ်နေ့မှာတော့ ကောင်မလေးရှေ့ကို ထပ်ပြီးရောက်ရှိလာ
ခဲ့တယ်။ မိဘတွေချင်းသဘောတူထားပေမယ့် မိဘချင်းပဲညှိလို့အဆင်မပြေမှုနဲ့ သူတို့ရဲ့ စိတ်ကူးနဲ့ဆောက်ထားခဲ့တဲ့ အိမ်လေးဟာ မျက်စိရှေ့မှာ
တခဏချင်းပဲ ပြိုလဲသွားတာ သဲတစ်မှုန်တောင်မကျန်တော့တဲ့ အထိပဲပေါ့။ ကြားလူရဲ့ ဝင်နှောင့်ယှက်မှုနဲ့ မိဘတွေချင်းအဆင်မပြေမှုကြားမှာ
ကောင်မလေးတို့ချင်းက အဆက်မပြတ်နိုင်တော့ ဖြစ်များဖြစ်နိုင်ဦးမလား မျှော်လင့်ချက်ရေးရေးလေးကိုပဲ ဆုပ်ကိုင်ရင်းနဲ့ message လေးတွေ
ပို့ပြီး တစ်ယောက်နဲ့တစ်ယောက်အားပေးခဲ့ကြတယ်။ သူ့ရဲ့မိဘတွေကိုဖြောင့်ဖြပြောဆိုမယ် ပြောတဲ့အဲဒီသူရဲ့စကားကိုယုံပြီး ကောင်မလေးဟာ
စိတ်ဆင်းရဲစွာ ကျနေတဲ့မျက်ရည်တွေကြားကနေ ပြတ်ထွက်လုနီးပါးဖြစ်နေတဲ့ မျှော်လင့်ချက်ကြိုးကို အမိအရဆုပ်ကိုင်နေခဲ့မိတယ်။ တစ်နေ့မှာတော့
အဲဒီသူရဲ့ message ရောက်လာခဲ့တယ်။ မဖြစ်နိုင်တော့မှန်းသိသွားတဲ့ ကောင်မလေးဟာ ဒုတိယအကြိမ်အသဲကွဲပြီး သူ့ဘက်မှာ သေချာမားမား
မတ်မတ်မရပ်တည်ပေးနိုင်တဲ့ သူကို အားကိုးမိလို့ ခံစားခဲ့ရတာကိုသိသွားတဲ့အချိန်ဟာ အရမ်းခံစားနေရတဲ့အချိန်ပဲ ဖြစ်ခဲ့တယ်။ သူ့ဘဝကို သူအပြစ်
ပေးတဲ့ အနေနဲ့ ကောင်မလေးဟာ သူငယ်ချင်းတွေဆီကိုလဲ နောက်ထပ်မဆက်သွယ်တော့ပဲ သူတစ်ယောက်တည်း ဘဝကိုအထီးကျန်စွာနဲ့ ကုန်ဆုံး
ဖို့ဆုံးဖြတ်ချက်ချလိုက်တော့တယ်။ သူ့ရဲ့ကံကြမ္မာအပေါ်မှာလဲ သူဟာလုံးဝမယုံကြည့်တော့ပဲ လောကကြီးတစ်ခုလုံးဟာ အတ္တ၊ မာန ၊ လိမ်လည်
မှုတွေနဲ့ပဲ ပြည့်နှက်နေပါလားဆိုတဲ့ ဘဝပေးအသိကိုလဲ ခံစားချက်အများကြီးနဲ့ ရင်းပြီးသိလိုက်ရတော့တယ်။
ဒီစာလေးကိုရေးရတဲ့ရည်ရွယ်ချက်ကတော့ ယောင်္ကျားလေးတွေကို ပြောချင်တာပါ။ ကောင်မလေး ပထမဆုံးတွေ့တဲ့ ယောင်္ကျား
လေးလို ကိုယ်တစ်ကယ်မချစ်ပဲနဲ့ မိန်းကလေးတွေရဲ့ အချစ်ကို အပျော်ဆိုပြီး လိမ်လည်ပြီးမယူသင့်ပါဘူး။ ပေါ့ပေါ့တန်တန်မိန်းကလေးတွေလဲ
ရှိပေမယ့် တကယ်ခံစားရတဲ့သူနဲ့ တွေ့တဲ့အခါမှာ ခံစားရတဲ့သူဘက်ကိုတွေးပြီး ကိုယ်ချင်းစာပေးကြည့်ကြပါ။ နောက်တစ်ခုက ကောင်မလေး ဒုတိယ
တွေ့တဲ့ ယောင်္ကျားလိုမျိုး ဘယ်လောက်ပဲရိုးသားအေးဆေးနေပါစေ မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင် အဲဒီမိန်းကလေး ဘက်ကနေ
မားမားမတ်မတ် ရပ်တည်ပေးနိုင်ကြစေချင်ပါတယ်။ ကိုယ့်ကြောင့် မိန်းကလေးတစ်ယောကိစိတ်မှာ ဒဏ်ရာအကြီးကျယ်ရသွားခဲ့ရင် မကောင်းပါဘူး။
တစ်ခါတစ်လေမှာ အချစ်က ယောင်္ကျားလေးတစ်ယောက် အတွက်ဘဝရဲ့ အစိတ်အပိုင်းလေးပဲဖြစ်ချင်ဖြစ်နေပေမယ့် မိန်းကလေးတစ်ယောက်
အတွက်တစ်ဘဝလုံး ဖြစ်နိုင်လို့ အချစ်ကိုလှည့်စားခြင်းများမှ ကင်းဝေးကြပြီး ၊ အတ္တ ၊မာနများကင်းရှင်းအောင် နေနိုင်ကြပါစေလို့ဆုတောင်းလျက်....
( မှတ်ချက်။ ။ ဒီစာလေးဟာ ယောင်္ကျားလေးတိုင်းကိုလဲဆိုလိုတာမဟုတ်ပါဘူး။ တိုက်ဆိုင်မှုတွေရှိခဲ့ရင် တိုက်ဆိုင်မှုသတ်သတ်ပဲမို့ ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ အမှားပါရင်လဲ ခွင့်လွှတ်ပြီးဖတ်ပေးကြပါလို့ အလေးအနက်ပြောချင်ပါတယ်။)
ဆက်ဖတ်ရန်

Sunday, 18 November 2012

သမီးအတွက် ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။

အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။
သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။

ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။


အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...
တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...
တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....
အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ.....
ဆက်ဖတ်ရန်
back to top