Saturday 23 February 2013

အိုင်းစတိုင်းနှင့် ကမ္ဘာကျော် ဥာဏ်ကြီးရှင်များထက် အင်္ဂလန်သူလေးက ဥာဏ်ပိုကောင်း


အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း အဆက်ဒေသမှ လောက်တွန် အထက်တန်းကျောင်းသို့ ယခုလ အစောပိုင်းတွင် ဗြိတိန်ရှိ နာမည်ကျော် မန်ဆာဥာဏ်စမ်းအဖွဲ့မှ ဥာဏ်ရည်ဥာဏ်သွေး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျောင်းသူတစ်ဦးသည် ဥာဏ်ရည်ဥာဏ်သွေး ရမှတ်၁၆၁မှတ်ရရှိပြီး ဥာဏ်ကြီးရှင် အိုင်းစတိုင်းအပါအ၀င် ပါမောက္ခ စတီဖင်ဟော့ကင်း၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်တို့ထက်  သာလွန်ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။
၁၆နှစ်အရွယ်ရှိ လူရန်မာဘီ၏ ဖခင်ဖြစ်သူမှာ အငှားယာဉ်မောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ မျိုးရိုးစဉ်ဆက်တွင် တစ်စုံတစ်ရာ ထူးခြားမှုမရှိသော်လည်း မာဘီသည် ကမ္ဘာပေါ်တွင် ရှာမှရှားတွေ့ရခဲသည့် ဥာဏ်အကောင်းဆုံး လူသားတစ်ဦးဖြစ်သည်ကို တွေ့ရှိရသည်။ရာစုနှစ်ကြာကမ္ဘာကို လွှမ်းမိုးအထားနိုင်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့် အိုင်းစတိုင်း၏ ဥာဏ်ရည်ဥာဏ်သွေး စစ်တမ်းရမှတ်သည် ၁၆၀ဖြစ်ပြီး မာဘီ၏ ဥာဏ်ရည်သည် ၁၆၁မှတ် ရရှိခြင်းအပေါ် အံ့သြတုန်လှုပ်မိကာ မန်ဆာ ဥာဏ်ရည်ဥာဏ်သွေး စစ်တမ်းကောက်ယူ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။ မာဘီသည် အနာဂတ်တွင် Cambridge တက္ကသိုလ်၌ ဗိသုကာပညာရပ်များကို သင်ယူဆည်းပူးလိုကြောင်း သတင်းထောက်များအား ပြောကြားသွားခဲ့သည်။
ဆက်ဖတ်ရန်

အရှိန်အမြန်ဆုံး ကမ္ဘာ့စံချိန်သစ် တင်ခဲ့သည့် Hennessey Venom GT ပြိုင်ကား



အလွန် အံ့သြဖွယ် ကောင်းပြီး နည်းပညာ မြင့်မားသည့် စူပါကား တစ်စီးက ကမ္ဘာ့အမြန်ဆုံး အရှိန်ဖြင့် မောင်းနှင်နိုင်သည့် ကားအဖြစ် ၂ဝ၁၃ ခုနှစ်တွင် စံချိန်သစ် တင်ခဲ့သည်။  အဆိုပါ ကားမှာ မြင်းကောင်ရေ ၁၂၄၄ ကောင် အင်အားရှိသည့် 7-litre V8 အင်ဂျင်တပ်ဆင် ထားသည့် အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်သား တစ်ဦးမှ ထုတ်လုပ်လိုက်သည့် Hennessey Venom GT ကားဖြစ်သည်။


အမေရိကန် နိုင်ငံ ဟူစတန် လေယာဉ်ပြေးလမ်း တစ်ခုပေါ်တွင် Hennessey Venom GT ကားသည် အချိန် ၁၃ ဒသမ ၆၃ စက္ကန့် အတွင်း တစ်နာရီ ၁၈၆ မိုင်နှုန်းဖြင့် ကမ္ဘာ့အမြန်ဆုံး စံချိန်သစ် တင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း ပြိုင်ကားသည် လုံလောက်သည့် လေယာဉ် ပြေးလမ်း အရှည်ရရှိပါက အမြန်ဆုံး တစ်နာရီ မိုင် ၂၇ဝ နှုန်း အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။ ယခင်ကမ္ဘာ့ စံချိန်ဟောင်းမှာ အမြန်နှုန်း တစ်နာရီ ၁၈၆ မိုင်ကို အချိန် ၁၄ ဒသမ ၅၃ စက္ကန့်ဖြင့် Koenigsegg Agera ကားက စံချိန်တင် ထားခဲ့ပြီး Hennessey Venom GT ကားက အချိန် ၁၃ ဒသမ ၆၃ စက္ကန့်ဖြင့် ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတွင် စံချိန်သစ် တင်နိုင်ခဲ့သည်။ ၎င်းကားသည် အမြန်နှုန်း တစ်နာရီ မိုင် ၂ဝဝ နှုန်းသို့ အချိန် ၁၄ ဒသမ ၅၁ စက္ကန့်အတွင်း အရှိန်မြှင့် မောင်းနှင်နိုင်ပြီး Buga-tti Veyron Super Sport ကားထက် ၇ ဒသမ ၇ စက္ကန့် ပိုမြန်သည်။ Hennessey Venom GT ကားကို ယာဉ်မောင်း ဂျွန်ကီးဝစ်ဇ်က အမြန်နှုန်း တစ်နာရီ မိုင် ၁ဝဝ နှုန်းသို့ အချိန် ၅ ဒသမ ၈၈ စက္ကန့်အတွင်း အရှိန်မြှင့်တင် နိုင်ခဲ့ပြီး တစ်မိုင်ခန့် မောင်းနှင် ပြီးချိန်တွင် တစ်နာရီ ၂ဝ၅ မိုင် အမြန် နှုန်းသို့ ရောက်ရှိခဲ့သည်။ Hennessey Venom GT ကား၏ တန်ဖိုးမှာ စတာလင်ပေါင် ၉၁ဝဝဝဝ ဖြစ်ပြီး လက်ရှိအမြန်ဆုံး Veyron Super Sport ကားစံချိန်အား ကျော်ဖြတ်ကာ ကမ္ဘာ့ စံချိန်သစ် တင်ခဲ့ပြီဖြစ် သည်။
ဆက်ဖတ်ရန်
back to top