Sunday 3 March 2013
အပျိုလေးတွေမသိပါဘူး
ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးကာစ ကောင်မလေးကို သူ့သူငယ်ချင်း အပျိုမတစ်သိုက်က တိုးတိုးတိတ်တိတ်မေးသည်။
"ဟဲ့… နင့်မှာ မျက်တွင်းတွေကိုကျလို့ တစ်ညလုံးမအိပ်ဘူးလား??? မင်္ဂလာဦးည အတွေ့အကြုံလေး ငါတို့သိရအောင်ပြောပြပါလား?"
"တော်ပါပြီဟာ မပြောချင်ပါဘူး"              
"ပြောပါဟာ နင်ကလည်း ငါတို့တွေဗဟုသုတရတာပေါ့"
"အို… ကိုယ့်အကြောင်းကိုယ်ပြောရမှာ ရှက်စရာကြီး"
"ပြောပါဟာ နင်ကလည်း… အချင်းချင်းတွေပဲဟာ"
"ဒီလောက်တောင်သိချင်နေကြလည်း ပြောပြမယ်ဟာ။ မနေ့ညက တစ်ညလုံးမအိပ်ရဘူးဟ"
"ဟင်… ဒီလောက်တောင်လား!!!"
"အေးလေ… လက်ဖွဲ့တွေဝေစုခွဲကြရင်း လင်မယားနှစ်ယောက် ရန်သတ်နေကြတာ မိုးလင်းပေါက်ပဲဟေ့…"
ဆက်ဖတ်ရန်
'အရေးမပေးသင့်သော မိန်းမများ
1. ရတနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောမိန်းမ.....
2. အင်္ဂျာီလယ်ဟိုက် sexy ကြိုက် ယောက်ျားများရှေ့ ကုန်းကုန်းကွကွ လုပ်တက်သော မိန်းမ...
3. ဘောင်းဘီချက်ပျုတ် စတိုင်လ်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင် ဝတ်ထားသော မိန်းမ.....
4. အင်္ဂျာီပါးပါး တမင်ဝတ်ထား အတွင်းသားတွေကို ပြချင်သော မိန်းမ....
5. စကတ်တိုလက်တအုပ် အရှက်ထုတ် မလုံ့ တလုံပေါ်အောင် ဝတ်တက်သော မိန်းမ....
6. ခေတ်ကိုတင်စား ရင်သားနဲ့ တင်ပါးမှာ Tattooe ထိုးထားသော မိန်းမ....
7. နောက်ကြောပြောင်ချော အမှောင်တောမှာ ကချင် လှုပ်ချင် (DANCE) တဲ့ မိန်းမ....
8. ဘောင်းဘီအသားကတ် အနေမတက် ခြေထောက်ကို ကားထိုင်သော မိန်းမ....
9. ယောက်ျားတွေ့မြင် အကွက်ဆင် ချွဲပျစ်ပျစ်ပြောတတ်သော မိန်းမ....
10. မျက်နှာတစ်ပြင်လုံး ရှဲဒိုးသုံး မြင်မကောင်းအောင် မျက်တောင်တုတွေ တက်ထားသော မိန်းမ....
11. သွားမှာ စိန်မြှုပ် ရယ်စရာမဟုတ် ရယ်စရာလုပ် အီတဖြဲဖြဲ ရယ်ပြနေသော မိန်းမ....
12. လူစုံလျင် ဂျင်းသုပ် သုပ် အတင်းတလှုပ်လှုပ်ပြောတက်သော မိန်းမ....
13. အလုပ်နားရက် ထမင်းမချက် အပျင်းထူပြီး တစ်နေကုန်အိပ်သော မိန်းမ....
14. ဝင်ငွေရရေး လက်မနှေး ဦးနှောက်မရှိတိုင်း ဗေဒင်မေး ချဲထိုးသော မိန်းမ....
15. လမ်းသွားလျင် မျက်စိရွှင် စမတ်ကျသောယောက်ျားတိုင်းကို ပြုံးပြသော မိန်းမ.....
16. အပြောပက်စက် လက်ကသွက် တို့ ဆိတ် လိမ်ဆွဲ အီပြောတက်သော မိန်းမ...
17. အချစ်ကိုရောင်း ပိုက်ဆံတောင်း လိုချင်တာကို ချူယူတက်သော မိန်းမ....
18. အိမ်မှာကြွက်သိုက် အပြင်မှာ ခက်မိုက်မိုက် ဝတ်စားတက်သော မိန်းမ....
19. အတုနဲ့အစစ် ရောလို့ဝတ် လူမြင်တိုင်း အမိအရကြွားတက်သော မိန်းမ...
20. ပြည်ပမှာစာသင် ငါသာသခင်ဟု ပညာဂုဏ်မောက်နေသော မိန်းမ....
21. နိုင်ငံခြားပြန်အခွံသာကျန် အပျိုရည်ပျက်နေသော မိန်းမ...
22. ရည်းစားရှိလည်း နံ့ကြောဆွဲ ကိုယ့်ထက်သာလျင် မျက်စောင်းတစ်ချက် ထိုးပစ်လိုက်သော မိန်းမ....
23. ရင်ဖုံးအင်္ဂျာီချိတ်လုံချည်နဲ့ ဘုရားကအပြန် ကားအမှန်တွေနဲ့ ပါ ပါသွားတတ်တဲ့ မိန်းမ...
24. အရှက်ကနဲ ရက်ကွက်ထဲ လူတကာအော့ကြောလန်အောင် နှုတ်ကြမ်းသော မိန်းမ...
25. ကိုယ့်ထက်သာလျင် အပြစ်မြင် မနာလိုစိတ်ထားရှိသော မိန်းမ....
26. Rapper ဆိုရင် အသေကြိုက် အဖေရိုက်လည်း ရိုက်ပစေဆိုတဲ့ ဆက်စလူးစိန် မိန်းမ....
27. အလုပ်ပြီးလျင် Net ဆိုင်ဝင် လူတကာနဲ့ အရသာခံ Q Q လုပ်တက်သော မိန်းမ....
28. အဖော်နောက်လိုက် အပျော်ကြိုက် လမ်းသလားသော မိန်းမ.....
29. ကိုးရီးယားဆို အထင်ကြီး ငရုပ်သီးစပ်ရင်တောင် အူပါးလို့ အော်တက်တဲ့ မိန်းမ....
30. ညအိပ်ရာဝင် ရေမချိုးချင် ညစ်ပတ်နံစော်နေသော မိန်းမ......
ကဲ ~ အခုခေတ်မိန်းကလေးတွေကိုကြည့်ပြီးပြောရရင် ဘယ်မိန်းကလေးမှ လေးစားစရာ မကောင်းတော့ဘူး။ သူတို့ပြောပုံနေပုံကလဲ ဘယ်လို လေးစားစရာကောင်းမှာတုန်း။
ဒို့ယောက်ျားတွေ လူပျိုကြီးတွေဖြစ်ကြဖို့ များလာတဲ့အကြောင်း တွေ့ရပြီပေါ့
ဆက်ဖတ်ရန်
ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံး
ခေါင်းကိုက်ခြင်းအတွက် သဘာဝ ကုထုံး နော် !!!!ငါးမိနစ်အတွင်း ပဲ.... မင်း ခေါင်းကိုက်တာ သက်သာ သွားမှာနှာခေါင်းမှာ ဘယ်ဘက်ခြမ်း နဲ့ ညာဘက်ခြမ်းဆိုတာ ရှိပါတယ်ကျွန်တော်တို့ က နှစ်ခု စလုံးကို အသက်ရှုသွင်းဖို့ နဲ့ ရှုထုတ်ဖို့ သုံးရပါတယ်အမှန်တကယ်မှာတော့ .... သူတို့ က မတူကွဲပြားကြပါတယ်
သူတို့ ရဲ့ မတူညီကွဲပြားမှုတွေ ကို မင်း ခံစားနိုင်ပါလိမ့်မယ်နှာခေါင်း ညာဘက်ပေါက် က နေ(sun) ကို ကိုယ်စားပြုပါတယ်နှာခေါင်း ဘယ်ဘက်ပေါက် က လ(moon) ကို ကိုယ်စားပြုပါတယ်
ခေါင်းကိုက်နေစဉ်မှာ ...
ညာဘက် နှာခေါင်းကို ပိတ်ကြည့်လိုက်ပါ
ပြီးတော့ ဘယ်ဘက် နှာခေါင်း နဲ့ ပဲ အသက် ရှု ပါ
ငါးမိနစ်ကြာ တဲ့ အခါ .... မင်း ခေါင်းကိုက် သက်သာတာကို တွေ့ ရပါလိမ့်မယ်
မင်း ပင်ပန်းနွမ်းနယ် တဲ့အခါမျိုးမှာတော့ ... ဒီ နည်းကို ပြောင်းပြန် သုံးကြည့်လိုက် ရုံပါပဲ...
ဘယ်ဘက် နှာခေါင်းကို ပိတ်ကြည့်လိုက်ပါ
ပြီးတော့ ညာဘက် နှာခေါင်း နဲ့ ပဲ အသက် ရှု ပါ
ခဏ အကြာမှာ ..... မင်းစိတ်က Refresh တစ်ဖန် ပြန်လန်းဆန်း လာတာကို မင်း ...ခံစားရပါလိမ့်မယ်
နှာခေါင်း ညာဘက်ခြမ်းက အပူ နဲ့ သက်ဆိုင်ပါတယ် .... ဒါ့ကြောင့် အလွယ်တကူ အပူချိန်တက် နိုင်ပါတယ်
ဘယ်ဘက်ခြမ်းက အအေး နဲ့ သက်ဆိုင်ပါတယ်
အမျိုးသမီး အများစုက ဘယ်ဘက်နှာခေါင်း နဲ့  အသက်ရှုထုတ်လုပ်တာ များပါတယ်
ဒါ့ကြောင့် သူတို့ တွေ က အပူချိန်ကျ တာ၊ အေးကိုင်းတာ မြန်ပါတယ်
အမျိုးသား အများစုကတော့ အလုပ်လုပ်နေ စဉ်တွေ မှာ ....ညာဘက် နှာခေါင်း နဲ့ အသက်ရှုတာများပါတယ်
မင်းဒါကို သတိထားမိသလား ???? မင်း အိပ်ရာက နိုးလာရင်.... နှာခေါင်း ဘယ်ဘက်ခြမ်း နဲ့ အသက်ရှု ရတာ ပိုကောင်းသလဲ ?
ဘယ် လား ? ညာ လား ?
အကယ်လို့  ဘယ်ဘက်က ရှုရတာ ပို သက်တောင့်သက်သာ ရှိနေပြီး မင်းဟာ ပင်ပန်းနေ တယ်ဆိုပါတော့
ဒါဆိုရင် ..... မင်းရဲ့ ဘယ်နှာခေါင်း ကို ပိတ်ပြီး .... ညာ ဘက် နှာခေါင်း နဲ့  အသက် ရှုလိုက်ပါ
မင်း လျှင်မြန်စွာ လန်းဆန်း လာပါ လိမ့်မယ် ( ဒါက အိပ်ရာ ထထ ချင်း မလန်း မဆန်း ဖြစ်နေ တဲ့ သူတွေ အတွက် သင့်လျော်ပါ လိမ့်မယ် )
မင်း အဆက်မပြတ် ခေါင်းကိုက်တာတွေ ကို ခံစားဖူးလား ?
ဒီ အသက်ရှု ကုထုံး နဲ့  ကြိုးစားကြည့်လိုက် စမ်းပါ !!!!!!
ညာ နှာခေါင်းကို ပိတ်.... ဘယ် နှာခေါင်းနဲ့ ရှု
မင်းခေါင်းကိုက်တာ သက်သာသွား လိမ့်မယ်
ဒီ လေ့ ကျင့်ခန်းကို တစ်လ လောက် စွဲလုပ်ကြည့်ပါ
ဘာလို့  မလုပ်နိုင်ရမှာ လဲ ?
ဒါ သဘာဝ ကုထုံးလေ .... ဆေးဝါးကုသမှုတွေ မှ မပါတာ .... !!!!!!
Facebook
ဘာမထီ ကနှောင်သားလေး Blog မှကူးယူဖေါ်ပြပါသည်
ဆက်ဖတ်ရန်
ယောန်ဒမ်ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မေးမြန်း
၂၀၁၃ ခုနှစ် မတ် ၁ ရက် ညနေ ၄ နာရီ အချိန်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဆောဂ်ဂွာန်ဆာ ဆရာတော် ယောန်ဒမ် ဘုန်းတော်ကြီး (ဥက္ကဌ၊ ဆင်ဖြူတော် ဖောင်ဒေးရှင်း)တို့ တွေ့ဆုံ မေးမြန်းမှုကို ဗုဒ္ဓဘာသာ သတင်းစာက ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ကိုရီးယားဘာသာမှ မြန်မာ ဘာသာ ပြန်ဆိုတာဖြစ်တဲ့အတွက် လိုအပ်ချက်များ ရှိပါက ကျနော့်ရဲ့ တာဝန်သာဖြစ်ပါသည်။
 မေး ။ မကြာသေးမီက ပထမဦးဆုံး ကိုရီးယားနိုင်ငံသို့ လာရောက်ခဲ့ပြီး စပါယ်ရှယ် အိုလံပစ်ပွဲတော်ကို တက်ရောက်ခဲ့ရတဲ့ ခံစားမှုလေးကို ပြောပြပေးပါ။ ဖြေ ။ အလွန် နှစ်သက်ပြီး ပျော်ရွှင်စရာ ကောင်းပါတယ်။ ဖြောင်းချာန်းလည်း ကောင်းပြီး ဂွာန်ဂျူမြို့သူမြို့သားတွေက အလွန် နွေးထွေးကြပါတယ်။ ဂွာန်ဂျူမြို့သူမြို့သားတွေက နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြတဲ့အတွက် အလွန် ကျေးဇူးတင်ပါတယ်။ မသန်မစွမ်းအတွက် ပြုလုပ်ပေးတဲ့ ဖြောင်န်ချာန်းလည်း ကောင်းပါတယ်။ မေး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချိန်ကြာမြင့်စွာ ဖိစီးမှုအပေါင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီ ဖိစီးမှုတွေကို သည်းခံးနိုင်စွမ်း ရှိခဲ့တဲ့အပေါ်မှာ အဓိက ပြောချင်တဲ့ စကားလုံးက ဘာပါလဲ။ ဖြေ ။ တာဝန်ပါဘဲ။ မေး ။ လွတ်လပ်မှု ဆိုတဲ့ စကားလုံးကို ပြောပြပေးပါ။ ဖြေ ။ အဓိက စကားလုံးက တာဝန်နဲ့ ၀တ္တရားပါ။ ဘယ်သူမဆို တာဝန်က အရေးကြီးပါတယ်။ မိမိတို့ရဲ့ တစ်ဦးချင်း တစ်ဦးချင်းရဲ့ တာဝန်တွေဟာ အရေးကြီးပါတယ်။ တာဝန်တွေ ကျေပွန်ပြီးကာမှ ဘုရား၊ နတ်မင်းတွေမှာ လွတ်လပ်ခြင်းကို ဆုတောင်းလို့ ရနိုင်ပါတယ်။ မေး ။ မကြာသေးမီ ကိုရီးယား လာရောက်စဉ် သမတ ဘဂီန်ဟဲနဲ့ တွေ့ဆုံခဲ့ပါတယ်။ အစိုးရသစ်အပေါ် ပြောဆိုချင်သော စကားရှိပါက ပြောပြပေးပါ။ ဖြေ ။ အမြဲတမ်း မိမိတို့ရဲ့ သဘောထားကို ပြောပြခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ တကမ္ဘာလုံးရဲ့ အမျိုးသမီးတွေ လုပ်ဆောင်ရမယ့် ကဏ္ဍတွေ အများကြီးပါ။ အဓိက အာရှမှာ နိုင်ငံရေးမှ မဟုတ်ဘဲ လူမှုရေးတွေထဲက များစွာသော လုပ်ဆောင်ချက်တွေထဲမှာ အမျိုးသမီးတွေရဲ့ ကဏ္ဍတွေကလည်း အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။ မေး ။ နောက်ထပ်ပြီး ရှေ့လျှောက်မယ့် ၅နှစ်တာ အစိုးရသစ်ကို အကြံပေးချင်တာများ ရှိပါက ပြောပေးပါ။ ဖြေ ။ အားလုံးဟာ ပြည်သအပေါ်မှာ မူတည်ပါတယ်။ ဘယ်လို အခွင့်ထူးခံ လူတဦး၊ ခေါင်းဆောင် တဦးတည်းနဲ့ နိုင်ငံတော်ကို စီမံခံခွဲနိုင်စွမ်း မရှိပါဘူး။ အရေးကြီးတာက လူတဦး၊ တယောက်အတွက် နောက်ထပ်သမတ တဦးတည်း အတွက် လုပ်တာထက်စာရင် ပြည်သူ တဦးချင်း တဦးချင်းရဲ့ ကြိုးစားမှုကလည်း လိုအပ်သလို အဲဒီ ကြိုးစားမှုကလည်း နိုင်ငံတော်ကို တိုးတက်စေပါတယ်။ မေး ။ နိုင်ငံတကာရဲ့ ဒုက္ခတွေကို ဖြေရှင်းပေးနိုင်တာ ငြိမ်းချမ်းရေး မဟုတ်ပါလား။ ငြိမ်းချမ်းရေးအတွက် ဘယ်လို လုပ်ဆောင် ကြိုးစားမှုတွေ လိုအပ်ပါသလဲ။ ဖြေ ။ ငြိမ်းချမ်းမှုဆိုတာ မိမိ စိတ်နှလုံးသားထဲက စတင်ပြီး ပေါ်ထွက်လာရမှာပါ။ ခေါင်းဆောင် ဒါမှ အစိုးရရဲ့ လုပ်ဆောင်မှုကို မှီနေလို့ မရပါဘူး။ ဗုဒ္ဓ ဟောကြားတဲ့ တရားတွေမှာ နာကြားနိုင်ပါတယ်။ စိတ်နှလုံးထဲမှ စတင်လာခဲ့တဲ့ ခံနိုင်ရည်စွမ်းအားနဲ့ ကြိုးပမ်းမှုက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးဆိုတာ အသေးငယ်ဆုံးသော နေရာက စတင်ရပါတယ်။ မေး ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှစ်ပေါင်းများစွာ ခံနိုင်စွမ်းအားတွေ ရှိခဲ့တဲ့အပေါ်မှာ ဗုဒ္ဓအဆုံးအမတွေက အထောက်အကူတွေ ရခဲ့တယ် မဟုတ်ပါလား။ ဖြေ ။ သေချာပေါက် သိရှိနားလည်ထားသလောက် ဗုဒ္ဓရဲ့ အဆုံးအမတွေကို နာယူ သင်ကြားဘို့ ကြိုးစားနေပါတယ်။ မေး ။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ ပထမဦးဆုံး ဘာတွေကို လုပ်ဆောင်ရမယ်လို့ စဉ်းစားထားပါသလဲ။ ဖြေ ။ ရွေးကောက်ပွဲ မစခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲရပါမယ်။ မေး ။ လူမှုရေးအရ အားနည်းသူတွေ၊ ကလေးသူငယ်တွေအပေါ် ပြောပြချင်သော တောင်းဆိုချက်များ ရှိပါက ပြောပြပေးပါ။ ဖြေ ။ ကျမတို့တတွေက အားနည်းသူတွေမဟုတ်ဘူး စိတ်ထား ကြံ့ခိုင်တဲ့ သူတွေ ဖြစ်ရန် ကြိုးစားဘို့က အရေးကြီးပါတယ်။ မေး ။ ဆင်ဖြူတော် ဖောင်ဒေးရှင်း (မြန်မာအဖွဲ့)က နေပြည်တော်ကနေ မန္တလေးကို သွားပါ့မယ်။ ပဲခူးက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းက သင်ကြားပေးနေတဲ့ စာသင်ကျောင်းကို သွားပြီး လူမှုအထောက်အကူပြု လုပ်ငန်းတွေ လုပ်ဘို့ သွားပ့ါမယ်။ အဲဒီ စာသင်ကျောင်း ဘုန်းတော်ကြီးများအပြင် အရပ်သားတွေလည်း ၀န်းရံ ကူညီပေးတာဖြစ်ပါတယ်။ အဲဒီ လူတွေနဲ့ အတူတကွ လုပ်ဆောင်ပြီး ထောက်ပံ့ငွေများ ကူညီသွားဘို့ ရှိပါတယ်။ ပထမဦးဆုံး မြန်မာ အလုပ်သမားတွေအတွက် အထောက်အကူပြု ပညာရေး စင်တာကို တည်ထောင်သွားဘို့ စီစဉ်နေပါတယ်။ ဖြေ ။ ဘယ်လို ပညာရေး အထောက်အကူပြု အစီအစဉ်ပါလဲ။ မေး ။ ကိုရီးယားနိုင်ငံက အတတ်ပညာကို သင်ကြား တတ်မြောက်ထားတဲ့သူတွေ၊ ဒီမှာ သင်ကြားချင်တဲ့သူတွေကို ဥပမာ မော်တော်ကား ပြင်ဆင်ရေး စတဲ့ လုပ်ငန်းစဉ်တွေပါ။ ဖြေ ။ ဆိုးလ်ကနေ ပြန်လာကြတဲ့ မြန်မာ အလုပ်သမားတွေနဲ့ တွေ့ဆုံ မေးမြန်းပြီး အဖြေပေးပါမယ်။ မေး ။ ဒုတိယ လုပ်ချင်တာက ဒုန်ဂုတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ဘူးပါတယ်။ ဒုန်ဂု တက္ကသိုလ်က အထွေထွေ တက္ကသိုလ်ဖြစ်တဲ့အလျောက် ဆေးကျောင်းလည်း ရှိပါတယ်။ ဆေးကျောင်းကနေ မြန်မာနိုင်ငံ ဆေးရုံတွေမှာ လိုအပ်နေတဲ့ ဆေးပစ္စည်းစက်တွေနဲ့ ဆေးတွေကို ကူညီဘို့ ရှိပါသေးတယ်။ ဖြေ ။ ကျေးဇူးတင်ပါတယ်။ စစ်မှန်တဲ့ လုပ်ငန်းစဉ်ပါဘဲ။ မေး ။ သံဃာတွေ စောင့်ရှောက်တဲ့ မိဘမဲ့ကလေးကျောင်းတွေလည်း တည်ဆောက်ချင်ပါတယ်။ ဆင်ဖြူတော် ဖောင်ဒေးရှင်းက အဲဒီလုပ်ငန်းတွေ လုပ်ချင်လို့ တည်ထောင်ထားတာပါ။ ၁၀ နှစ်လုံးလုံး အစိုးရဆီမှာ မှတ်ပုံမတင်ဘဲနဲ့ ကူညီ ထောက်ပံ့မှုတွေ လုပ်ခဲ့ပေမယ့် ဒီထက်ပိုပြီး လုပ်နိုင်ရန်အတွက် ပြီးခဲ့တဲ့နှစ်က မှတ်ပုံတင်ခဲ့ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း နှစ် ၁၀၀ ပြည့် ရုပ်ရှင် ဖြစ်မြောက်ရေး အစီအစဉ်မှာ ကူညီ ထောက်ပံ့သွားဘို့ ဒုန်ဂု တက္ကသိုလ်မှာ ဆွေးနွေး တင်ပြထားပါတယ်။ ဖြေ ။ ဖေဖေ မွေးနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ရုပ်ရှင် ထုတ်လုပ်ဘို့ ပြင်ဆင်နေပါတယ်။ ကျမတို့ဘက်က လိုအပ်တာများကို တောင်းဆိုသွားမှာဖြစ်သလို အဲဒီလို ကူညီတဲ့အပေါ်မှာလည်း ကျေးဇူးတင်ရှိစွာ လက်ခံသွားပါမယ်။
ဆက်ဖတ်ရန်
သမ္မတပြောခွင့်ရအရာရှိ နဲ့ မြန်နှုန်းမြင့်အင်တာနက်
သမ္မတပြောခွင့်ရအရာရှိ နဲ့ မြန်နှုန်းမြင့်အင်တာနက်
Saturday, March 2, 2013
ဘယ်တိုင်းပြည်ဖြစ်ဖြစ် အစိုးရတာဝန်ရှိသူတွေရဲ့လစာ၊ အသုံးစရိတ်တို့ဟာ ပြည်သူတွေဆီက လာတာပါ။
သူတို့ ပြည်ပ ခရီးထွက်တယ် ဆိုရင်လည်း ဒါ ... ပြည်သူတွေ လွှတ်လိုက်တာလို့ ဆိုနိုင်ပါတယ်။
လတ်တလော သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးတချို့ ဥရောပရောက်နေပါတယ်။
ဒီခရီးစဉ်မှာ ပြည်သူအတွက်၊ နိုင်ငံအတွက်၊ သူတို့အတွက် အကျိုးရှိတာတွေ လုပ်ဆောင်၊ ဆွေးနွေးခဲ့မှာ အသေအချာပါပဲ။
သူတို့ကို ဒီခရီးစဉ် လွှတ်လိုက်တာ တန်တယ်၊ လွှတ်ရကျိုးနပ်တယ်လို့ မြန်မာပြည်သူတွေ ယူဆနိုင်ပြီလား။
လောလောဆယ် နည်းနည်းတော့ ယူဆနိုင်ပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ခရီးစဉ်မှာ ပါသွားတဲ့ သမ္မတရဲ့ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်က ဥရောပမှာ အင်တာနက်မြန်နှုန်း မြင့်လွန်းတဲ့အကြောင်း အင်တာနက်ကနေ လူသိရှင်ကြား ဖော်ပြလိုက်လို့ပါပဲ။
"အင်တာနက်ကလည်း မြန်လိုက်တာ၊ ခလုတ်တိုက်လဲမှာတောင် စိုးရိမ်ရ" လို့ လွန်ခဲ့တဲ့ ၂ ရက်က နော်ဝေနိုင်ငံမှာ ရောက်ရှိခိုက် သူ့ Facebook မှာ မှတ်ချက် ရေးလိုက်ပါတယ်။
မြန်မာပြည်က ထိပ်တန်းအရာရှိကြီးတယောက်ရဲ့ မှတ်ချက် ဖြစ်တာကြောင့် အင်မတန် အရေးကြီးပါတယ်။
ဘာရည်ရွယ်ချက်နဲ့ ပြောလိုက်တာလဲ။ ဘယ်သူတွေကို သိစေချင်လို့လဲ။ သူ့ရဲ့ အဓိကပစ်မှတ်က ဘာလဲ။
ဆက်သွယ်ရေးဝန်ကြီးဌာနလား၊
မြန်နှုန်းနိမ့်အင်တာနက်နဲ့ ကြီးပွားနေတဲ့ မြန်မာလုပ်ငန်းရှင်တွေလား၊
Facebook မှာ သူ့ကို စောင့်ကြည့်မယ့်သူတွေလား၊
မီဒီယာသမားတွေလား။
ပစ်မှတ်က အားလုံးလည်း ဖြစ်နိုင်ပါတယ်။
ပြည်ပမှာ အင်တာနက် မြန်တယ် ဆိုတော့ မြန်မာပြည်မှာ အင်တာနက် နှေးတယ်လို့ ဆိုလိုတာပါပဲ။
သမ္မတရဲ့ ပြောခွင့်ရအရာရှိ အပါအ၀င် ခရီးစဉ်မှာ ပါဝင်သွားသူတွေဟာ မြန်မာပြည်သားတွေရဲ့ လူနေမှုဘ၀ အခြေအနေ၊ ပြည်ပနိုင်ငံက လူနေမှုဘ၀ အခြေအနေတွေကို သိပြီး ဖြစ်မှာပါ။ ခရီးစဉ် တခု ပြီးတိုင်း ပြီးတိုင်း ပိုပို သိနေမှာပါ။
မြန်နှုန်းမြင့်အင်တာနက် အပါအ၀င် ရှိသင့် ရှိထိုက်တဲ့ လူနေမှုဘဝ ပုံစံတွေ မြန်မာပြည်မှာ ပေါ်ပေါက်ဖို့ သူတို့စွမ်းသလောက် ဆောင်ရွက်ပေးနိုင်ရင်တော့ သူတို့ကို ပြည်ပခရီး လွှတ်ရကျိုးနပ်တယ်လို့ ဆိုနိုင်ပါတယ်။
စည်သူလင်း
ဘယ်တိုင်းပြည်ဖြစ်ဖြစ် အစိုးရတာဝန်ရှိသူတွေရဲ့လစာ၊ အသုံးစရိတ်တို့ဟာ ပြည်သူတွေဆီက လာတာပါ။
သူတို့ ပြည်ပ ခရီးထွက်တယ် ဆိုရင်လည်း ဒါ ... ပြည်သူတွေ လွှတ်လိုက်တာလို့ ဆိုနိုင်ပါတယ်။
လတ်တလော သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးတချို့ ဥရောပရောက်နေပါတယ်။
ဒီခရီးစဉ်မှာ ပြည်သူအတွက်၊ နိုင်ငံအတွက်၊ သူတို့အတွက် အကျိုးရှိတာတွေ လုပ်ဆောင်၊ ဆွေးနွေးခဲ့မှာ အသေအချာပါပဲ။
သူတို့ကို ဒီခရီးစဉ် လွှတ်လိုက်တာ တန်တယ်၊ လွှတ်ရကျိုးနပ်တယ်လို့ မြန်မာပြည်သူတွေ ယူဆနိုင်ပြီလား။
လောလောဆယ် နည်းနည်းတော့ ယူဆနိုင်ပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ခရီးစဉ်မှာ ပါသွားတဲ့ သမ္မတရဲ့ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်က ဥရောပမှာ အင်တာနက်မြန်နှုန်း မြင့်လွန်းတဲ့အကြောင်း အင်တာနက်ကနေ လူသိရှင်ကြား ဖော်ပြလိုက်လို့ပါပဲ။
"အင်တာနက်ကလည်း မြန်လိုက်တာ၊ ခလုတ်တိုက်လဲမှာတောင် စိုးရိမ်ရ" လို့ လွန်ခဲ့တဲ့ ၂ ရက်က နော်ဝေနိုင်ငံမှာ ရောက်ရှိခိုက် သူ့ Facebook မှာ မှတ်ချက် ရေးလိုက်ပါတယ်။
မြန်မာပြည်က ထိပ်တန်းအရာရှိကြီးတယောက်ရဲ့ မှတ်ချက် ဖြစ်တာကြောင့် အင်မတန် အရေးကြီးပါတယ်။
ဘာရည်ရွယ်ချက်နဲ့ ပြောလိုက်တာလဲ။ ဘယ်သူတွေကို သိစေချင်လို့လဲ။ သူ့ရဲ့ အဓိကပစ်မှတ်က ဘာလဲ။
ဆက်သွယ်ရေးဝန်ကြီးဌာနလား၊
မြန်နှုန်းနိမ့်အင်တာနက်နဲ့ ကြီးပွားနေတဲ့ မြန်မာလုပ်ငန်းရှင်တွေလား၊
Facebook မှာ သူ့ကို စောင့်ကြည့်မယ့်သူတွေလား၊
မီဒီယာသမားတွေလား။
ပစ်မှတ်က အားလုံးလည်း ဖြစ်နိုင်ပါတယ်။
ပြည်ပမှာ အင်တာနက် မြန်တယ် ဆိုတော့ မြန်မာပြည်မှာ အင်တာနက် နှေးတယ်လို့ ဆိုလိုတာပါပဲ။
သမ္မတရဲ့ ပြောခွင့်ရအရာရှိ အပါအ၀င် ခရီးစဉ်မှာ ပါဝင်သွားသူတွေဟာ မြန်မာပြည်သားတွေရဲ့ လူနေမှုဘ၀ အခြေအနေ၊ ပြည်ပနိုင်ငံက လူနေမှုဘ၀ အခြေအနေတွေကို သိပြီး ဖြစ်မှာပါ။ ခရီးစဉ် တခု ပြီးတိုင်း ပြီးတိုင်း ပိုပို သိနေမှာပါ။
မြန်နှုန်းမြင့်အင်တာနက် အပါအ၀င် ရှိသင့် ရှိထိုက်တဲ့ လူနေမှုဘဝ ပုံစံတွေ မြန်မာပြည်မှာ ပေါ်ပေါက်ဖို့ သူတို့စွမ်းသလောက် ဆောင်ရွက်ပေးနိုင်ရင်တော့ သူတို့ကို ပြည်ပခရီး လွှတ်ရကျိုးနပ်တယ်လို့ ဆိုနိုင်ပါတယ်။
ဆက်ဖတ်ရန်
နှစ်သန်းပေါင်း ၅ဝဝ သက်တမ်းရှိသည့် အခွံမာ ရေနေ သတ္တဝါ ရုပ်ကြွင်း တရုတ် နိုင်ငံတွင် တူးဖော်ရရှိ
ကူမင်း မတ် ၂
နှစ်သန်းပေါင်း ၅၂ဝ သက်တမ်းရှိ ပင်လယ်နေ သတ္တဝါ တစ်ကောင်၏ ပုံစံမပျက် ကျန်ရှိနေသော ကျောက် ဖြစ် ရုပ်ကြွင်းကို ဗြိတိန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက တရုတ်နိုင်ငံ အနောက်တောင် ပိုင်း ကူမင်းမြို့ ဝန်းကျင်တွင် တူးဖော် ရရှိခဲ့သည်။ အဆိုပါ ရုပ်ကြွင်းသည် မြင်တွေ့ ဖူးသမျှ
အစောပိုင်း ကာလ အခွံမာ သတ္တဝါ ရုပ်ကြွင်းအုပ်စုများ အနက် တစ်ခုဖြစ်သည်ကို သိပ္ပံ ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။
ထို့ပြင် ၎င်း သတ္တဝါ၏ ဦးခေါင်းအောက်ခြေတွင် ဆန့်ထုတ်နိုင်ေ သာ လက်တံများ ပါရှိပြီး အာရုံခံ စနစ်များလည်း ပါဝင်သည်ကို တွေ့ရသည်။ ထိုသတ္တဝါ မျိုးသည် ပင်လယ် ရေအောက်ကြမ်းပြင် တစ် လျှောက်တွင် တွားသွားလေ့ရှိပြီး ၎င်း၏ ပါးစပ် အတွင်းသို့   အစားအစာများ ထည့်သွင်းရာတွင် ထိုလက်တံ များကို အသုံးပြုလေ့ ရှိသည်။  ရှေးကျသော အခွံမာ သတ္တဝါများတွင် လက်တံ တွေ့ရှိခြင်းသည် အခွံမာ ရေနေ သတ္တဝါများနှင့် အင်းဆက် ပိုးမွှားများ အပါအဝင် အခွံမာ သတ္တဝါများ၏ ဆင့်ကဲ ပြောင်းလဲမှု သမိုင်း ကို ပြောင်းလဲ သွားနိုင်ဖွယ် ရှိသည်ကို တွေ့ရသည်။ အင်းဆက် ပိုးမွှားများနှင့် ပင့်ကူများ ကဲ့သို့ အခွံမာ သတ္တဝါ အုပ်စုများ ကို အမျိုးအစား ခွဲခြားရန် အတွက် ၎င်းတို့၏ ကိုယ်ခန္ဓာ အင်္ဂါ အစိတ်အပိုင်း အဖွဲ့အစည်း များကို  ဇီဝဗေဒ ပညာရှင်များက  လေ့လာမှုများ ပြုလုပ် ခဲ့ကြသည်။ ကမ္ဘာပေါ်ရှိ အခွံမာ သတ္တဝါ မျိုးကွဲ အုပ်စုများ၏ ဆက်စပ်မှုများနှင့် ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်များကို ပြန်လည် ပုံဖော်မှုများ ပြုလုပ်ရာ၌  မှီငြမ်း ကိုးကားရာတွင် အဆိုပါ လေ့လာမှုသည်  များစွာ အထောက်အကူ ပြုကြောင်း ဗြိတိန် နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ သိပ္ပံပညာရှင် ဂျာဗီရာ အော်တီဂါ-ဟန်နန်ဒက်ဇ်က ပြောကြားထားသည်။
ဆက်ဖတ်ရန်
သီရိ လင်္ကာ နိုင်ငံတွင် မိုးရွာ သွန်းစဉ် ကောင်းကင်မှ ရွှေရောင် အဆင်းရှိ အရာ ဝတ္ထုများ ပြုတ်ကျ
ကိုလံဘို ဖေဖော်ဝါရီ ၁၇
သီရိ လင်္ကာ နိုင်ငံ ဟက်တွန် တောင်တန်းများ ရှိရာ ဂါမီနီပူရာ ဒေသတွင် မိုးရွာသွန်းစဉ် ကောင်းကင်မှ ရွှေ ရောင် အဆင်းရှိသော အမျိုးအမည်မသိ အရာဝတ္ထုများ ပြုတ်ကျလာ ခဲ့ကြောင်း သိရသည်။
ဒေသ အတွင်းရှိ လူအများသည် ယင်းအရာဝတ္ထု များကို ကောက်ယူ၍ ၎င်းတို့၏ နေအိမ်သို့ ယူဆောင်သွား လျက်ရှိကြောင်း Virakesari သတင်း စာတွင် ဖော်ပြထားသည်။
အလားတူပင် ဒစ်ဘူလာ ဒေသတွင် လည်းကောင်းကင်မှ ကျောက်တုံးများ ကျရောက် လာခဲ့ပြီး ပူဝက်စ်သာ ဝါလာ ဒေသရှိ ဆာမန် သာလာရာ အရပ်တွင်လည်း ကျောက်တုံး ကဲ့သို့သော အမည်းရောင်၊ အဖြူရောင်နှင့် အဝါရောင်ရှိသော ကျောက်ခဲ များ ကောင်းကင် မှ ပြုတ်ကျ လာခဲ့ကြောင်း သိရသည်။
ကောင်းကင်မှ ကျရောက်လာသော အဆိုပါ အမျိုးအမည် မသိ အရာဝတ္ထု အချို့ကို သိမ်းဆည်း ခဲ့ကြောင်း ရဲတပ်ဖွဲ့ အရာရှိ များက အတည်ပြုခဲ့ သည်ဟု သိရသည်။
ဆက်ဖတ်ရန်
Saturday 23 February 2013
အိုင်းစတိုင်းနှင့် ကမ္ဘာကျော် ဥာဏ်ကြီးရှင်များထက် အင်္ဂလန်သူလေးက ဥာဏ်ပိုကောင်း
အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း အဆက်ဒေသမှ လောက်တွန် အထက်တန်းကျောင်းသို့ ယခုလ အစောပိုင်းတွင် ဗြိတိန်ရှိ နာမည်ကျော် မန်ဆာဥာဏ်စမ်းအဖွဲ့မှ ဥာဏ်ရည်ဥာဏ်သွေး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျောင်းသူတစ်ဦးသည် ဥာဏ်ရည်ဥာဏ်သွေး ရမှတ်၁၆၁မှတ်ရရှိပြီး ဥာဏ်ကြီးရှင် အိုင်းစတိုင်းအပါအ၀င် ပါမောက္ခ စတီဖင်ဟော့ကင်း၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်တို့ထက်  သာလွန်ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။
၁၆နှစ်အရွယ်ရှိ လူရန်မာဘီ၏ ဖခင်ဖြစ်သူမှာ အငှားယာဉ်မောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ မျိုးရိုးစဉ်ဆက်တွင် တစ်စုံတစ်ရာ ထူးခြားမှုမရှိသော်လည်း မာဘီသည် ကမ္ဘာပေါ်တွင် ရှာမှရှားတွေ့ရခဲသည့် ဥာဏ်အကောင်းဆုံး လူသားတစ်ဦးဖြစ်သည်ကို တွေ့ရှိရသည်။ရာစုနှစ်ကြာကမ္ဘာကို လွှမ်းမိုးအထားနိုင်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့် အိုင်းစတိုင်း၏ ဥာဏ်ရည်ဥာဏ်သွေး စစ်တမ်းရမှတ်သည် ၁၆၀ဖြစ်ပြီး မာဘီ၏ ဥာဏ်ရည်သည် ၁၆၁မှတ် ရရှိခြင်းအပေါ် အံ့သြတုန်လှုပ်မိကာ မန်ဆာ ဥာဏ်ရည်ဥာဏ်သွေး စစ်တမ်းကောက်ယူ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။ မာဘီသည် အနာဂတ်တွင် Cambridge တက္ကသိုလ်၌ ဗိသုကာပညာရပ်များကို သင်ယူဆည်းပူးလိုကြောင်း သတင်းထောက်များအား ပြောကြားသွားခဲ့သည်။
ဆက်ဖတ်ရန်
အရှိန်အမြန်ဆုံး ကမ္ဘာ့စံချိန်သစ် တင်ခဲ့သည့် Hennessey Venom GT ပြိုင်ကား
အလွန် အံ့သြဖွယ် ကောင်းပြီး နည်းပညာ မြင့်မားသည့် စူပါကား တစ်စီးက ကမ္ဘာ့အမြန်ဆုံး အရှိန်ဖြင့် မောင်းနှင်နိုင်သည့် ကားအဖြစ် ၂ဝ၁၃ ခုနှစ်တွင် စံချိန်သစ် တင်ခဲ့သည်။  အဆိုပါ ကားမှာ မြင်းကောင်ရေ ၁၂၄၄ ကောင် အင်အားရှိသည့် 7-litre V8 အင်ဂျင်တပ်ဆင် ထားသည့် အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်သား တစ်ဦးမှ ထုတ်လုပ်လိုက်သည့် Hennessey Venom GT ကားဖြစ်သည်။
အမေရိကန် နိုင်ငံ ဟူစတန် လေယာဉ်ပြေးလမ်း တစ်ခုပေါ်တွင် Hennessey Venom GT ကားသည် အချိန် ၁၃ ဒသမ ၆၃ စက္ကန့် အတွင်း တစ်နာရီ ၁၈၆ မိုင်နှုန်းဖြင့် ကမ္ဘာ့အမြန်ဆုံး စံချိန်သစ် တင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း ပြိုင်ကားသည် လုံလောက်သည့် လေယာဉ် ပြေးလမ်း အရှည်ရရှိပါက အမြန်ဆုံး တစ်နာရီ မိုင် ၂၇ဝ နှုန်း အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။ ယခင်ကမ္ဘာ့ စံချိန်ဟောင်းမှာ အမြန်နှုန်း တစ်နာရီ ၁၈၆ မိုင်ကို အချိန် ၁၄ ဒသမ ၅၃ စက္ကန့်ဖြင့် Koenigsegg Agera ကားက စံချိန်တင် ထားခဲ့ပြီး Hennessey Venom GT ကားက အချိန် ၁၃ ဒသမ ၆၃ စက္ကန့်ဖြင့် ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတွင် စံချိန်သစ် တင်နိုင်ခဲ့သည်။ ၎င်းကားသည် အမြန်နှုန်း တစ်နာရီ မိုင် ၂ဝဝ နှုန်းသို့ အချိန် ၁၄ ဒသမ ၅၁ စက္ကန့်အတွင်း အရှိန်မြှင့် မောင်းနှင်နိုင်ပြီး Buga-tti Veyron Super Sport ကားထက် ၇ ဒသမ ၇ စက္ကန့် ပိုမြန်သည်။ Hennessey Venom GT ကားကို ယာဉ်မောင်း ဂျွန်ကီးဝစ်ဇ်က အမြန်နှုန်း တစ်နာရီ မိုင် ၁ဝဝ နှုန်းသို့ အချိန် ၅ ဒသမ ၈၈ စက္ကန့်အတွင်း အရှိန်မြှင့်တင် နိုင်ခဲ့ပြီး တစ်မိုင်ခန့် မောင်းနှင် ပြီးချိန်တွင် တစ်နာရီ ၂ဝ၅ မိုင် အမြန် နှုန်းသို့ ရောက်ရှိခဲ့သည်။ Hennessey Venom GT ကား၏ တန်ဖိုးမှာ စတာလင်ပေါင် ၉၁ဝဝဝဝ ဖြစ်ပြီး လက်ရှိအမြန်ဆုံး Veyron Super Sport ကားစံချိန်အား ကျော်ဖြတ်ကာ ကမ္ဘာ့ စံချိန်သစ် တင်ခဲ့ပြီဖြစ် သည်။
ဆက်ဖတ်ရန်
Tuesday 29 January 2013
လူခြောက် အကြောင်းသိကောင်းစရာ အဖြာဖြာ
Photo: လူခြောက် အကြောင်းသိကောင်းစရာ အဖြာဖြာ
လူခြောက်-ဟူသည် ဘုံဘ၀တမျိုးမှ သတ္တ၀ါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘ၀၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြသူများ ဖြစ်ပါသည်။ ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စသော သံယုတ်ပါဠိတော်လာအတိုင်း
အမိဝမ်းတွင်း ကလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တပတ်)။
... အမြှုပ် တစ်သတ္တာဟ။
သားတစ် တစ်သတ္တာဟ။a
အခဲ တစ်သတ္တာဟ။
ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍
၎င်းငါးသတ္တာဟ (ခုနစ်ရက် ငါးလီ) အလွန် သတ္တာဟ အနည်းငယ်မျှ ရင့်မာခဲ့ပြီး အမိဝမ်းတွင် ကွယ်လွန်ခဲ့ပါသည်။
၎င်း၏အသက်ဝိညာဉ်သည် ပဋိသန္ဓေအစ ကလကရေကြည် တည်စကပင် ဖြစ်ခဲ့သော်လည်း ဖော်ပြပါ ငါးသတ္တာဟအလွန် ၁၀၊ ၁၂- သတ္တာဟ အတွင်း သေဆုံး၍ သန္ဓေ ၂-လကျော် ၃-လနီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်းသာ အမိဝမ်းတွင်ကျန်ခဲ့ပြီး ကံအားလျော်စွာ ပေတဘ၀ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုးတွင် ဖြစ်လေသည်။ (ရှေးဘ၀ ကောင်မှုအကျိုးကြောင့် သုဂတိဘုံကို ပဋိသန္ဓေတော့ နေခွင့်ရသည်။ ရှင်သန်ခံစားခွင့်မရဘဲ သေသွားရရှာသည်။)
အသက်ဝိညာဉ်မဲ့သော သန္ဓေသားမှာ ပျက်ကျရမည်ဖြစ်သော်လည်း တစုံတခုသော အကြောင်း ( ဥပမာ-တေဇောဓာတ် လွန်ကဲမှု) ကြောင့် ပျက်ကျမသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၄င်း ခြောက်သွားသည်နှင့် ၂-၃ လအရွယ် ကြီးနေသော အမိဝမ်းသည်လည်း ပြန်လည်ပိန်ကြုံ၍ သွားကာ နေ့စေ့ချိန် (၄၂-သတ္တာဟခန့် )တွင် ဖွားမြင်သည်။ ထိုအခါ မရင့်မာမီ အမိဝမ်းတွင်းမှာပင် သေဆုံးခြောက်ကပ်သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံမျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မအရွယ် ) မျှသာ မွေးဖွားလာခဲ့ရသည်။
ထိုအခါ၌ ၄င်းလူသားလောင်းကလေးမှ ဘ၀ပြောင်း၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာမှာ လေချွန်နတ်သူငယ် ကဲ့သို့ အသင့်အတင့်တန်ခိုးရှိသဖြင့် ၄င်း၏ရုပ်ကြွင်း လူခြောက်ကလေးကို တွယ်တာစွဲဝင်၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘစသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ်အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။
အထက်ပါတို့ကို ထောက်၍ လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၄င်းအား မှီတွယ်စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘောသဘာဝ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။ ( အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါသည်။ ၄င်းလူခြောက်ပြဿနာကို ဆေးပညာ ရှုထောင့်မှလည်း လေ့လာသင့်သေးသည်။)
မသိသောသော မိတ်ဆွေများအတွက် ပြန်လည်မျှဝေသည်
လေးစားလျှက်.....
Credit to shwemyotaw
လူခြောက်-ဟူသည် ဘုံဘ၀တမျိုးမှ သတ္တ၀ါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘ၀၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြသူများ ဖြစ်ပါသည်။ ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စသော သံယုတ်ပါဠိတော်လာအတိုင်း
အမိဝမ်းတွင်း ကလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တပတ်)။
... အမြှုပ် တစ်သတ္တာဟ။
သားတစ် တစ်သတ္တာဟ။a
အခဲ တစ်သတ္တာဟ။
ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍
၎င်းငါးသတ္တာဟ (ခုနစ်ရက် ငါးလီ) အလွန် သတ္တာဟ အနည်းငယ်မျှ ရင့်မာခဲ့ပြီး အမိဝမ်းတွင် ကွယ်လွန်ခဲ့ပါသည်။
၎င်း၏အသက်ဝိညာဉ်သည် ပဋိသန္ဓေအစ ကလကရေကြည် တည်စကပင် ဖြစ်ခဲ့သော်လည်း ဖော်ပြပါ ငါးသတ္တာဟအလွန် ၁၀၊ ၁၂- သတ္တာဟ အတွင်း သေဆုံး၍ သန္ဓေ ၂-လကျော် ၃-လနီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်းသာ အမိဝမ်းတွင်ကျန်ခဲ့ပြီး ကံအားလျော်စွာ ပေတဘ၀ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုးတွင် ဖြစ်လေသည်။ (ရှေးဘ၀ ကောင်မှုအကျိုးကြောင့် သုဂတိဘုံကို ပဋိသန္ဓေတော့ နေခွင့်ရသည်။ ရှင်သန်ခံစားခွင့်မရဘဲ သေသွားရရှာသည်။)
အသက်ဝိညာဉ်မဲ့သော သန္ဓေသားမှာ ပျက်ကျရမည်ဖြစ်သော်လည်း တစုံတခုသော အကြောင်း ( ဥပမာ-တေဇောဓာတ် လွန်ကဲမှု) ကြောင့် ပျက်ကျမသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၄င်း ခြောက်သွားသည်နှင့် ၂-၃ လအရွယ် ကြီးနေသော အမိဝမ်းသည်လည်း ပြန်လည်ပိန်ကြုံ၍ သွားကာ နေ့စေ့ချိန် (၄၂-သတ္တာဟခန့် )တွင် ဖွားမြင်သည်။ ထိုအခါ မရင့်မာမီ အမိဝမ်းတွင်းမှာပင် သေဆုံးခြောက်ကပ်သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံမျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မအရွယ် ) မျှသာ မွေးဖွားလာခဲ့ရသည်။
ထိုအခါ၌ ၄င်းလူသားလောင်းကလေးမှ ဘ၀ပြောင်း၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာမှာ လေချွန်နတ်သူငယ် ကဲ့သို့ အသင့်အတင့်တန်ခိုးရှိသဖြင့် ၄င်း၏ရုပ်ကြွင်း လူခြောက်ကလေးကို တွယ်တာစွဲဝင်၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘစသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ်အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။
အထက်ပါတို့ကို ထောက်၍ လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၄င်းအား မှီတွယ်စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘောသဘာဝ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။ ( အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါသည်။ ၄င်းလူခြောက်ပြဿနာကို ဆေးပညာ ရှုထောင့်မှလည်း လေ့လာသင့်သေးသည်။)
မသိသောသော မိတ်ဆွေများအတွက် ပြန်လည်မျှဝေသည်
ဆက်ဖတ်ရန်
အမျိုးသားတွေ အတွက် အရေးကြီးဆုံး ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးပါ။
Fig ~ 1
ဒီ တစ်ခါ ကျွန်တော် ပြောပြမဲ့ Post လေးကတော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ Post လေးပါဗျာ။ကျန်းမာရေး ဆိုပေမဲ့ ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်သက်ဆိုင်တဲ့ ကျန်းမာရေးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်ဗျာ။ကျွန်တော် အခု Post လေးကို မြ၀တီ သတင်းဌာနက ကျန်းမာရေးကဏ္ဍ ကနေ ကူးယူပြီး စာသားအနည်းငယ် ပြင်ဆင် တည်းဖြတ်ထားပါတယ်ဗျာ။
အမျိုးသားတွေ အတွက် အရေးကြီးဆုံး ကတော့ အောက်မှာ ဖော်ပြထားတဲ့ အာဟာရဓာတ် သုံးမျိုးကို မျှတအောင် စားသောက် နေထိုင်ခြင်းနဲ့ ကျန်းမာရေး လိုက်စားခြင်းပဲ ဖြစ်ပါတယ် တဲ့....
Vitamin C
Vitamin C ဟာလည်း နှလုံးရောဂါ မဖြစ်အောင် နည်းမျိုးစုံနဲ့ ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကိုအတွင်းသို့ လေထု ညစ်ညမ်းမှု ဒဏ်မှလည်း ကာကွယ် ပေးပါတယ်။ အချဉ် အရသာရှိတဲ့ သစ်သီးဝလံများ၊အစပ် အရသာရှိတဲ့ ငရုတ်သီးစိမ်း၊Broccoli ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) သခွားမသီး၊ ပန်းဂေါ်ဖီနဲ့ စတော်ဘယ်ရီ သီးတွေမှာဆိုရင် Vitamin C ဓာတ် အများအပြား ပါဝင်ပါတယ်။ သွပ် (Zinc) အမျိုးသား တွေရဲ့ လိင်အဂါင်္ မျိုးပွား နိုင်စွမ်းနဲ့ လိင် စွမ်းဆောင်မှုဟာ သွပ်ဓာတ် လုံလုံ လောက်လောက် ရရှိမှု အပေါ် မူတည် ပါတယ်။ သွပ်ဟာ ခန္ဓာကိုယ်မှ ရောဂါဒဏ်ကို ခံနိုင်ရည် ရှိအောင် လွှမ်းမိုးနိုင်စွမ်းလဲ ရှိပါတယ်။ ပင်လယ်စာ၊ အသည်း၊ မှို၊ နေကြာစေ့နဲ့ ပဲပိစပ် တွေမှာ သွပ်ဓာတ် အများအပြား ပါဝင်ပါတယ်။
Magnesium
Magnesium ဟာ နှလုံး ကြွက်သားတွေ စည်းချက် မှန်မှန် နှလုံးခုန်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ Magnesium ဟာ အမျိုးသားတွေကို နှလုံး တိုက်ခိုက်မှု မဖြစ်အောင် ကာကွယ်ပေးရုံ သာမက နှလုံး တိုက်ခိုက်တာ ခံရရင်လည်း အသက်ရှင်နိုင်အောင် ကူညီ နိုင်ပါတယ်။Magnesium ဓာတ်တွေ များများ ရရှိအောင် ပင်လယ်စာ များများစားပါ။ ပုစွန်၊ ကဏန်း၊ ဟင်းနုနယ်၊ ကောက်နှံ တစ်ခုလုံး၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုး စားပေးပါ။
အမျှင် (Fibre)
သင်စားတဲ့ အစာထဲမှာ အမျှင်ဓာတ်ကို လုံလုံ လောက်လောက် ရရှိရင် အူမကြီး ကင်ဆာ၊ နှလုံး သွေးကြော ရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ သွေးတိုးရောဂါတွေ ဖြစ်နိုင်ခြေ လျော့ကျ နိုင်ပါတယ်။ အုတ်စပါးနဲ့ မုန့်ဆန်းလိုမျိုး ကောက်နှံတစ်ခုလုံး ပါဝင်စာ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ မျိုးစုံမှာ အမျှင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။
ဒီ အချက်တွေဟာ ကျွန်တော်တို့ အမျိုးသားတွေ အားလုံး အတွက် အရေးကြီးဆုံး ကျန်းမာရေး အသိ ပညာဗဟုသုတ တစ်ခုဖြစ်လို့ ကျွန်တော့ IT Bank စာဖတ်ပရိသတ်တွေထဲက ယောကျာ်းလေးတွေ အားလုံး လေ့လာသင့် ဖတ်ရှုသင့်တဲ့ Post လေး တစ်ခုလို့လဲ ကျွန်တော့ အနေနဲ့ မြင်မိပါတယ်ဗျာ။
(From ~ Myawady Online News Health Tag)
ဆက်ဖတ်ရန်
လေယာဉ်ပျံ တစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box
black-box ဆိုတာ ဘာလဲ?
လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုး ပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR) လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကို မှတ်သားပေးနိုင်တဲ့ recorder  ပါ… နောက်တစ်ခုကတော့ Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်… ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့ လေယာဉ်မှုးနဲ့တကွ အခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့ recorder ပေါ့…
ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ 
 သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့ solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ ခံနိုင်ရည် သိပ်မရှိပဲ ပျက်စီးလွယ်ပါတယ်… solid-state device ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကို သိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box က သိမ်းပေးမယ့် အချက်အလက်အချို့က အောက်ပါအတိုင်းဖြစ်ပါတယ်…
  • ပျံသန်းမှု အရှိန်နှုန်း (Acceleration)
  • ပျံသန်းမှု အမြန်နှုန်း (Air Speed)
  • ပင်လယ်ပြင်မျက်နှာပြင် အမြင့် (Altitude)
  • လေယာဉ်တောင်ပံ အနေအထား (Flap Setting)
  • ပြင်ပ အပူချိန် (External Temperature)
  • လေယာဉ်တွင်း အပူချိန် (Cabin Temperature)
  • ဖိအား (Pressure)
  • အင်ဂျင် စွမ်းဆောင်မှု အနေအထား (Engine Performance)
ဒါတွေကတော့ black-box ကသိမ်းမယ့် ဒေတာအချက်အလက်အချို့ပါ.. ကြီးမားတဲ့ လေယာဉ်ကြီးတွေမှာ ဒီလိုမျိုး အချက်အလက်ပေါင်း ၇၀၀ ကျော်ကို black-box က မှတ်သားမှာပါ… black-box မှာ on-board generator ပါပါတယ်.. အဲဒါနဲ့ ပါဝါပေးမှာဖြစ်ပြီး DC ပေးရင် 28V နဲ့ AC ပေးရင် 115V လိုပါတယ်…
Black-box ကို တီထွင်ခဲ့သူ Australia နိုင်ငံသား David Warren
CVR (cockpit voice recorder)
ဒီ recorder လေးကတော့ အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ လေယာဉ်အမှုထမ်းတွေရဲ့ စကားပြောဆိုဆက်သွယ်မှုကို မှတ်သားပေးမယ့် အပြင် လေယာဉ်တွင်းမှာရှိတဲ့ အခြား အသံတွေကိုလဲ မှတ်တမ်းတင်မှာပါ… ဒီ device လေးထဲမှာ မိုက်ခရိုဖုန်းများ ပါဝင်ပြီး သိမ်းရင် digital format နဲ့ သိမ်းပါတယ်… တစ်ခါတစ်လေ အသံကတိုးနေနိုင်တဲ့အတွက် ထပ်ချဲ့ (amplify) လုပ်ပြီးမှ သိမ်းမှာပါ… storage device က magnetic tape ဆိုရင် မိနစ် ၃၀ သာ သိမ်းနိုင်မှာဖြစ်ပြီး solid-state ဆိုရင်တော့ ၂နာရီစာ သိမ်းမှာပါ… သိမ်းနိုင်တဲ့ ဒေတာပြည့်ပြီးတိုင်း နောက်ထပ်အသစ်သိမ်းမယ့် ဒေတာများကို overwrite(ဖျက်ပြီး အသစ်တွေကို ထပ်သိမ်း) နည်းကို သုံးမှာပါ…
Flight Data Recorder (FDR)
ဒီဟာကတော့ ပျံသန်းမှု စနစ်တစ်ခုလုံးရဲ့ မှတ်တမ်း အချက်အလက်တွေကို သိမ်းမှာပါ… ခလုပ်လေး(switch လေး) တစ်ခုရဲ့အဖွင့် အပိတ်ကအစ မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်… လေကြောင်းဥပဒေအရ မှတ်တမ်းတင်သိမ်းမယ့် ဒေတာအမျိုးအစား(parameter)က အနည်းဆုံး ၈၈ခု အထိရှိရမယ်လို့ သိရပါတယ်… FDR device မှာတော့ solid-state device သုံးမယ်ဆိုရင် data သိမ်းတာ ပိုမြန်မယ့်အပြင် ၂၅နာရီကြာတဲ့ အတိုင်းအတာ ထိ သိမ်းဆည်း မှတ်တမ်းတင်နိုင်မှာပါ…
black-box ရဲ့ ကြံ့ခိုင်မှု
လေယာဉ်တစ်စီးရဲ့ အရေးပေါ် အခြေအနေ (သို့) ပျက်ကျတဲ့ အခြေအနေတွေမှတ်တမ်းတင်တဲ့ တစ်ခုတည်းသော အရာက black-box ပါ… လေယာဉ်ပျက်စီးခဲ့လို့ အခြားအစိတ်အပိုင်းတွေ ဘယ်လိုပဲ သဲလွန်စ ရှာမရအောင် ပျောက်ပျက်သွားပါစေ… black-box ကတော့ မှတ်တမ်းတင်ပြသနိုင်တဲ့ တစ်ခုထဲသော ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့ရပါမယ်…ဒါကြောင့် FDR နဲ့ CVR တို့ကို crash-survivable memory units (CSMUs) လို့ ခေါ်ကြပါတယ်…
black-box တွေကို လေယာဉ်ထုတ်လုပ်ပေးတဲ့ စက်ရုံတွေကပဲ တစ်ခါတည်း တပ်ဆင်ပေးလိုက်တာပါ… အများသောအားဖြင့် လေယာဉ်ရဲ့ အမြီးပိုင်းမှာ ထားလေ့ရှိပါတယ်… ကျွမ်းကျင်သူများ အဆိုအရ လေယာဉ်အမြီးပိုင်းက အပျက်အစ်ီး အနည်းဆုံး အပိုင်းဖြစ်တယ်လို့ သိရပါတယ်… ဒါပေမယ့် လေယာဉ်အမျိုးအစာပေါ် လိုက်ပြီး blak-box ထားတဲ့ နေရာအနည်းငယ်ကွဲလေ့ရှိပါတယ်… အထိအခိုက်အနည်းဆုံးဖြစ်နိုင်တဲ့ နေရာတွေမှာပဲ တပ်ဆင်ကြတာပါ…
ဒါကြောင့် black-box ဟာ လေယာဉ်မတော်တဆမှုတွေ ဖြစ်ပြီးတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း (root cause) ကို စုံစမ်း စစ်ဆေးနိုင်ဖို့အတွက် တစ်ခုထဲသော အရာအဖြစ် လေယာဉ်တိုင်းမှာ အသုံးပြုနေကြတာပဲဖြစ်ပါတယ်…
လေယာဉ် ပျက်စီးမှုတစ်ခုအပြီးတွင် တွေ့ရသော black-box (အဆိုပါ black-box ကို ကျွမ်းကျင်သူများက စစ်ဆေးမှာ ဖြစ်ပါတယ်)
ဆက်ဖတ်ရန်
Monday 28 January 2013
သိမှတ်ဖွယ်ရာ ဗဟုသုတ ကမ္ဘာ့စာစုများ
(၁) ၁၉၂၄ ခုနှစ်မှာ ဗြိတိသျှတို.က ၆၂ ဒီဂရီဖာရင်ဟိုက်မှာရှိတဲ့ ရေ ၁၀ ပေါင် နှင့်
ညီမျှသောပမာဏ အလေးချိန်ကို " ဂါလံ " လို့ သတ်မှတ်ခဲ့ပါတယ် ။
(၂) ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင်
" 0 killed" လို့ရေးပြီးပြန်လာကြပါတယ်တဲ့...
အဲဒီကနေ ယခုကျွန်မ တို့တွေ ပြောနေတဲ့ "OK "ဆိုတဲ့ စကားဖြစ်လာခဲ့ပါတယ်။
(၃) Cupid ဆိုတာ ဂရိ ပုံပြင်များမှ အချစ်နတ်သမီး Venus ရဲ့သားတော် ဖြစ်ပါတယ် ။
ပျော်ပျော်နေတတ်ပြီး သူ့ ရဲ့ မြားချက်ထိမှန်ခံရသူဟာ ပထမဦးဆုံးတွေ့ တဲ့ သူ ကို
ချစ်မိသွားတယ်လို့ ယုံကြည်ကြပါတယ် ။ ဒါကြောင့် သူ့ ကို မြန်မာလို အချစ်နတ်သားလေး
ခေါ်( မြားနတ်မောင် ) လို့သတ်မှတ်ကြတာပါ ။
(၄) " ဘီလူး " ဟူသောစကားဟာ ဘီရု ဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်သည် ။
" ကြောက်ရွံ့ဖွယ်ကောင်းသော သတ္တ၀ါ " ဟု အဓိပ္ပါယ်ရပါသည် ။
(၅)"ပုဏ္ဏကတိုက်ခြင်း" ကို အင်္ဂလိပ်လို " Pottergeist "(ပိုတာဂျိုက်စ်)လို့ ခေါ်ပါတယ် ။
ဂျာမန်ဘာသာစကားမှ ဆင်းသက်လာတာပါ ။
" Noisy ghost " ( ဆူညံသော သရဲ) လို့ အဓိပ္ပါယ်ရပါတယ် ။
(၆) အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကို ဘယ်လိုခေါ်သလဲလို့
စမေးကြပါတယ် ဒေသခံ သြစတေးလျန်းတွေက "Kan Ghu Ru" လို့ဖြေကြပါတယ် ။
ဒါနဲ့ပဲ...တိုးဘော့ကြီးတွေက သားပိုက်ကောင်ကို "Kangaroo" လို့ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် ။
အမှန်တော့ သြစတေးလျန်းတွေပြောတဲ့ "Kan Ghu Ru" ဆိုတာက
"We don"t understand your words " ( ခင်ဗျားပြောတာ ကျနော်နားမလည်ဘူး )
လို့ပြောနေတာပါတဲ့ ဟုဖော်ပြပါသည်။
(၇) နံပါတ် 40 ကလွဲလို့ ကျန်တဲ့ တစ် ကနေ infinity ထိ ဘယ်ကိန်းကိုမဆို အင်္ဂလိပ်လို
စာလုံးပေါင်းရေးရင် အစဉ်အတိုင်း မဖြစ်ပါဘူး ... f - o - r - t - y .. ဆိုပြီး အင်္ဂလိပ်
အက္ခရာ ငယ်စဉ် ကြီးလိုက် သွားတာကို ဆိုလိုပါတယ် ။
(၈) " Cemetery" (သချိုင်း)ဆိုတာ ဂရိဘာသာစကား " Koimetirion" ကလာတာပါတဲ့ ..
အဓိပ္ပါယ်ကတော့ " အိပ်ခန်း" ပါတဲ့လေ...
(၉) " Hazard" ဆိုတဲ့ အင်္ဂလိပ် စကားလုံးက အာရေဗျဘာသာစကား " အယ်လ်ဇား " မှ
ဆင်းလာတာဖြစ်ပြီး မူရင်းအဓိပ္ပါယ်မှာ " အန်စာတုံး " ဖြစ်ပါတယ်။
(၁၀) "သတ္တိ ဗျတ္တိ " ဆိုတဲ့ စကားကို လူတော်တော် များများပြောတတ်ကြပါတယ် ။
" ဗျတ္တိ " ဆိုတာ ဘာလဲလို့ မေးကြည့်တော့ သေသေချာချာ မသိဘူးတဲ့ ...
ကျမ ဖတ်ဖူးတာကတော့ " ဗျတ္တိ " ရဲ့အဓိပ္ပါယ်က " အသိအလိမ္မာတို့နဲ့
အားလုးံပြည့်စုံ၍ လူအများ၏ မှီခိုအားထားခြင်းတို့ကို ခံနိုင်၇ည်စွမ်းရှိခြင်း " ပင်
ဖြစ်သည် လို့ဆိုလိုပါတယ်။
(၁၁) အနောက်နိုင်ငံသားတွေဟာ (၁၃) ဂဏန်းကို နိမိတ်မကောင်းဘူးလို့အယူရှိကြပါတယ် ။
အမှန်တော့ သောကြာနေ့ ၁၃ ရက် နေ့ ကို နိမိတ်မကောင်း ဟု ယုံကြည်ကြတာ
များပါတယ် ။ ဘာလို့လဲဆိုတာ ယေရှု့ ခရစ်တော် အတူနောက်ဆုံးညစာစားခဲ့တဲ့
သာဝကကြီး (၁၃ ) ပါး ရှိလို့ ၁၃ ဂဏန်းကို နိမိတ်မကောင်းဘူးလို. အယူရှိကြခဲ့ကြတာပါ။
(၁၂) အင်္ဂလိပ် - မြန်မာ ဒုတိယ စစ်ပွဲ အပြီး မှာ အောက်မြန်မာပြည်တ၀ှက်ကို အင်္ဂလိပ်တွေ
သိမ်းပိုက်ထားပြီးပါပြီ။ အဲဒီအချိန်ထဲက အင်္ဂလိပ် အစိုးရဟာ " ထီ " ကို စဖွင့်ပေးခဲ့တာပါ ။
အစကတော့ Lottery ကို မြန်မာတွေက " လောထီ " လို့ခေါ်ကြတယ် ...
နောက် တဖြေးဖြေးကြာလာတော့ " လောထီ" ကနေ " ထီ " ဆိုပြီး ဖြစ်လာတာပါ။
(၁၃) တစ်စုံတစ်ယောက်က နှာချေတဲ့ခါ သုံးတဲ့ " ဟတ်ချိုး .. ဘုရား " ဆိုတဲ့ စကား
အသုံးအနှုန်းဟာ ခရစ်နှစ် 590 မှာ ရောမ နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တယ်လို.
သိရပါတယ် ။ အဲဒီအချိန်တုန်းက လူတိုင်း ရုတ်တရက် နှာချေတဲ့ရောဂါဆန်းတစ်မျိုးစွဲ
ကပ်နေပြီး မြို့တော်ကြီး တစ်ခုလုံးမှာ ကပ်ဆိုးကြီး တစ်ခု အဖြစ် ပျံ့နှံ့ဖြစ်ပွားခဲ့ပါတယ် ။
ဒီတော့ ပုပ်ရဟန်းမင်းကြီး မောင့်ဂိုမာရီ က အမိန့်ဒီကရီ တစ်ခုချမှတ်ပြီး ထုတ်ပြန်
ကြေငြာတယ် ။ မည်သူမဆို နှာချေတဲ့ခါ Dio Ti Benedica ( God Bless You )
လို့ရွတ်ဆိုရမယ်ဆိုတဲ့ အမိန့် ဒီကရီ ပါပဲ ။
မြန်မာလိုကတော့ " ဟတ်ချိုး .. ဘုရား " ပါလိုခေါ်တွင်ခဲ့ပါတယ်။
အားလုံးဘဲ လေ့လာမှတ်သားနိုင်စေရန်ပြန်ပြီးဝေမျှပေးလိုက်ပါတယ်နော်...
အရူးလွယ်အိတ်မှ  လွမ်းသူမေ(အဝေးရောက်) ၏ပိုစ့်အားပြန်လည်မျှဝေပါသည်။
ဆက်ဖတ်ရန်
ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။
သံဖောက် စူး၊ သံဖောက်လွ၊ Drill စက် အမျိုးမျိုးနဲ့ ဘော်ဒီ တစ်ခုလုံးကို မိနစ် အတော်ကြာ ဖောက်ပြီး ဘာမှ မဖြစ်တာကို သက်သေပြခဲ့ ပါတယ်။ လည်နေတဲ့ သံဖြတ်လွှနဲ့လည်း ဝမ်းဗိုက်ကို ဖြတ်ပြပြီး ဘာမှ မဖြစ်တာ ကို မြင်တွေ့ခဲ့ကြပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတွက် အပေါက်ဖောက် မော် တာစက် (Drilling machine) ကို အသုံးပြုပြီး ဦးနှောက် ဖောက်ပြတဲ့ စတန့်ပြကွက်ကတော့ ကမ္ဘာ့ပထမဆုံးပဲ ဖြစ်ပါတယ်။
ဒါကြောင့် သူ့ကို Unbreakable body ပိုင်ဆိုင်သော Superhuman လို့ ခေါ်ဆိုပါတယ်။ တရုတ်ရိုးရာ ကွန်ဖူး သိုင်းပညာရပ်ကို အခြေခံ လို့ လေ့ကျင့်ထားခြင်း ဖြစ်ပြီး သူ့ရဲ့  လက်တွေ့ပြ ဖောက်ပြမှုများ ကို အောက် ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
--
http://www.youtube.com/watch?v=JTTSXx1ks0I
International news for myanmar
ဆက်ဖတ်ရန်
ဂုဏ်ယူစရာ ရွှေမြန်မာ
အများ နဲ့မတူ တမူ ထူးခြား တဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာ တွေနဲ့ သဘာဝ ရေမြေတော တောင်ရှုခင်း အလှတွေ ကြောင့် ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဟာ ဒေသတွင်း မှ ဆွဲဆောင်မှု အရှိဆုံး နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ နိုင်ငံအနှံ့မှာ ရွှေရောင် တ၀င်းဝင်း တောက်ပြောင်နေတဲ့ စေတီ ပုထိုး တွေကြောင့် "ရွှေနိုင်ငံ" ရယ်လို့ ပြောစမတ် တွင်ရခြင်း ဖြစ်ပါတယ်။ အမှန် တကယ်တော့ မြန်မာနိုင်ငံဟာ အဖိုးမဖြတ် နိုင်တဲ့ ခန့်ညားထည်ဝါ တဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေ၊ ရှုမငြီး နိုင်အောင် သာယာ လှပတဲ့ ရေမြေတော တောင် သဘာဝအလှ တွေ၊ ကြီးမားကျယ်ပြန့်တဲ့ မြစ်ချောင်းအင်းအိုင်တွေ၊ နိုင်ငံ အနှံ့ မှီတင်း နေထိုင်ကြတဲ့ ၁၀၀ ကျော် သော တိုင်းရင်းသား ညီအကို မောင်နှမ များ နဲ့ သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံး စံတွေ ပြည့်စုံရာ တိုင်းပြည် လဲဖြစ်ပါတယ်။ ထပ်ပြောရမယ် ဆိုရင် ပထ၀ီဝင် သဘာဝ အားဖြင့် အင်ဒိုချိုင်းနား ကျွန်းဆွယ် တခုလုံး မှာ အကြီး နိုင်ငံ ဖြစ်ပြီး တော့ အာဆီယံ နိုင်ငံ အား လုံးမှာမှ တနိုင်ငံတည်း သော ရေခဲတောင်များ ရှိရာ နိုင်ငံလဲပဲ ဖြစ်ပါတယ်။
သမိုင်းနောက်ခံ အခြေအနေ
မြန်မာ နိုင်ငံ ရဲ့သမိုင်း ကြောင်း ကို သေချာ လေ့လာကြည့် ရင် ရှည်လျား ပြီး ရှုပ်ထွေးလှပါတယ်။ သမိုင်းမတင် မီ ၊ လူမဖြစ် မီ က ပုံတောင် လူတူပရိုင်းမိတ်အကြောင်း အရာ တွေထက်၊ အနီးစပ်ဆုံး ခရစ်တော် မပေါ်မှီ ဘီစီ ၃၀၀ လောက် ကိုပဲ ပြန်ကြည့်မယ် ဆိုရင် ယနေ့ တိုင်းရင်းသား ညီအကိုအရင်း အခြာ တွေဖြစ်တဲ့ မွန်လူမျိုး တွေက အစောဆုံး စတင် အခြေချတယ် လို့ သမိုင်းပညာ ရှင် အများစုက တညီတညွတ်ထဲ ဆိုပါတယ်။ အလွန် ခန်းနား ကြီးကျယ်၊ ချမ်းသာ ကြွယ်ဝ ပုံရပြီး ရွှေနိုင်ငံ လို့ အဓိပ္ပါယ်ရတဲ့ သုဝဏ္ဏဘုမ္မိ နိုင်ငံတော် ကြီး ကို မုတ္တမ ပင်လယ်ကွေ့ တနေရာ မှာ ဘီစီ ၃၀၀ စုနှစ် လောက် က တည်ထောင်ခဲ့တယ် လို့ ဆိုပါတယ်။ ယနေ့ ဗမာ လို့ဆို နိုင်တဲ့ ပျု လူမျိုး တွေ ကတော့ ခရစ်တော် ပေါ်ပြီး အေဒီ ၇ ရာစုလောက် မှာ စတင် ၀င်ရောက် လာကြကာ ယနေ့မြန်မာ နိုင်ငံလို့ ခေါ်ဆိုနိုင်တဲ့ နေရာ ဒေသ အနှံ့ မှာ မြို့ပြ နိုင်ငံ တွေ တည်ထောင် နေထိုင်ကြတယ် လို့ဆိုပါတယ်။ ခရစ်သက္ကရာဇ် ၈၄၉ ရောက်မှ မြန်မာ နိုင်ငံ အလယ် ပိုင်း က ပုဂံ ဒေသ ကို ဗဟိုပြုပြီး ပထမ မြန်မာနိုင်ငံတော် ကို တည်ထောင်ခဲ့ပါတယ်။
အေဒီ ၁၄ ရာစုကနေ ၁၆ ရာစု အထိ တည်တန့် ခိုင်မြဲခဲ့တဲ့ ဒုတိယ မြန်မာ နိုင်ငံတော် ကိုတော့ ဘုရင့်နောင် မင်းတရား ကြီး က တည်ထောင်ခဲ့ပါတယ်။ ဒုတိယ မြန်မာ နိုင်ငံတော် အင်ပါယာ ပိုင်နက် ဟာ ယနေ့မြန်မာ နိုင်ငံ အကျယ် အ၀န်း အပြင် ထိုင်းနိုင်ငံ နဲ့ မလေးကျွန်းဆွယ် အစိတ် အပိုင်း တချို့ အထိ ကျယ်ပြန့်တယ် လို့ ယုံကြည်ရပါတယ်။ ကုန်းဘောင်မင်းဆက် ကို စတင် တည်ထောင် သူ အလောင်းမင်း တရား လက်ထက် မှာ တော့ တကွဲ တပြားစီဖြစ်နေတဲ့ အောက်မြန်မာ နိုင်ငံ ကို စည်းရုံး သိမ်းသွင်း ယူပြီး တတိယမြန်မာ နိုင်ငံတော် ကို ၁၇၅၉ ခုနှစ်မှာ တည်ထောင် နိုင်ခဲ့ပါတယ်။ အာသံ၊ မဏိပူရ၊ ကချာ၊ ဂျိန်းတိယ စတဲ့ ယနေ့ အိန္ဒိယ ရဲ့ တစိတ် တပိုင်း က ပဒေသရာဇ် တချို့ အပြင် ဇင်းမယ်၊ ပစ္စနုလောက် စတဲ့ ယနေ့ထိုင်းနိုင်ငံ ရဲ့ ဒေသ တော်တော်များများ ကို ပါသြ ဇာ လွှမ်း မိုးခဲ့ပါတယ်။ မြန်မာနိုင်ငံတော် ကို ဗြိတိသျှ ကိုလိုနီ နယ်ချဲ့တွေက စစ်သုံးကြိမ် တိုက် ပြီး ၁၈၈၅ ခုနှစ် မှာ သက်ဦးဆံပိုင် ဘုရင်စနစ် ချုပ်ငြိမ်း ပြီး ကိုလိုနီ ဖြစ်ခဲ့ ပေမယ့် ငုံ့မခံပဲ နှစ်ပေါင်းများစွာ ခုခံ တော်လှန်ခဲ့ ပြီး ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ (မလေးရှား ထက် ၉ နှစ်စော ပြီး၊ စင်္ကာပူထက် ၁၇ နှစ်စော ပြီးလွတ်လပ်တဲ့ နိုင်ငံဖြစ်တယ် လို့ဆိုရမှာပါ)။
သဘာဝ ရှုထောင့် အမြင်
ပေပေါင်း ၁၇၆၄၀ ကျော် အမြင့်ရှိတဲ့ ခါကာဘိုရာဇီ တောင်ဟာ အာဆီယံ နိုင်ငံ အားလုံးထဲ မှာ အမြင့်ဆုံး တောင် ထိပ်ပဲ ဖြစ်ပါတယ်။ ဒုတိယ အမြင့်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက ပေပေါင်း ၁၄၅၀၀ ကျော်မြင့် တဲ့ နာဂပုလု (Naga Pulu) ထက် ပေပေါင်း ၃၀၀၀ ကျော် ပိုမြင့်ပါတယ်။ ကမ္ဘာပေါ်မှာ ငှက်မျိုးစိပ် ပေါင်း ၉၆၇၂ မျိုးရှိပြီး၊ ၁၂၂၅ မျိုးက ဖြင့် အာဆီယံ နိုင်ငံ များအတွင်းမှာ ရှိပါတယ်။ ငှက်ပညာ ရှင်တွေ ရဲ့ တွေ့ရှိချက် အရ မြန်မာ နိုင်ငံ မှာ ငှက် မျိုးစိပ် ပေါင်း ၁၀၆၉ မျိုးရှိပြီး ကမ္ဘာ့စုစု ပေါင်း ငှက်မျိုးစိပ်ရဲ့ ၁၀ ရာခိုင်နှုံး၊ အာဆီယံ နိုင်ငံ အားလုံးရဲ့ ၉၀ ရာခိုင်နှုံး ရှိတာ သိရပါတယ်။ မြန်မာ နိုင်ငံ မြောက်ဖြား ပိုင်းဟာ ဟိမ၀န္တာ ဒေသန္တရ အခြေအနေ မျိုး ဖြစ် ပြီး၊ အောက်ပိုင်း ကတော့ မလေးယား ဒေသန္တရ အခြေ အနေမျိုး ဖြစ်လို့ မြန်မာ နိုင်ငံဟာ ဒေသတွင်း မှာ ဇီဝမျိုးစုံ မျိုးကွဲ ကြွယ်ဝ ချမ်းသာ ဆုံး နိုင်ငံလို့ ဆိုနိုင်ပါတယ်။
ယဉ်ကျေးမှု ရှု ထောင့်အမြင်
ကမ္ဘာ့အကြီး ဆုံး နိုင်ငံ နှစ် နိုင်ငံကြား မှာ ပထ၀ီဝင် သဘာဝ အရ တည်ရှိနေပေ မယ့် မြန်မာ့ ယဉ်ကျေး မှု ဓလေ့ထုံးတမ်း တွေဟာ ဘယ်နိုင်ငံနဲ့ မှ မတူပဲ တသီးတခြား ရပ်တည် နေတာ ဖြစ်ပါတယ်။ အလွန် ကျယ်ပြန့်တဲ့ မြန်မာ့ တိုင်းရင်း သားတွေရဲ့ ဓလေ့ ထုံးစံ တွေ ကို အသေအချာသုတေသန ပြု ရင် ကျမ်းပေါင်း များစွာ ပေါ်ထွက် လာ နိုင်ပါတယ်။
ရွှေမြန်မာ မှ ဂုဏ်ယူစရာတချို့
- ပေပေါင်း ၃၀၀ ခန့် ရှိတဲ့ ရွှေတိဂုံ စေတီတော် မြတ်ကြီး ဟာ နှစ်ပေါင်း ၂၅၀၀ လောက် ကတည်း က တည်ဆောက် ခဲ့တယ် လို့ဆိုပါတယ်။ တန်ပေါင်း များစွာ ရှိတဲ့ ရွှေပြား တွေ၊ ရတီပေါင်း များစွာ ရှိတဲ့ အမျိုးမျိုးသော ကျောက်မျက်ရတနာ တွေနဲ့ပူဇော်ဆင်ယင်ထားပါတယ်။
- အာဆီယံ နိုင်ငံ အားလုံးထဲ မှာ အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီ တောင် ရှိရာ နိုင်ငံ
- ဒေသတွင်း မှာ သဘာဝ သယံဇာတ အကြွယ်ဝ ဆုံး နိုင်ငံ
- တိုင်းရင်းသား လူမျိုးစုပေါင်း ၁၀၀ ကျော်ရှိသော နိုင်ငံ
- ကမ္ဘာ့ အကောင်း ဆုံးလို့ ဆိုနိုင်တဲ့ ကျွန်းသစ်ရွှေဝါ ထွက်ရာ နိုင်ငံ
- မြန်မာ စပါးကြီး မြွေ နဲ့ စပါးအုံးမြွေ များဟာ ကမ္ဘာပေါ်မှာ အကြီး ဆုံး မြွေ အမျိုး အစားထဲ တွင်ပါဝင်
- မြန်မာ့ ၀ါးပိုးဝါး ဟာ ဒေသတွင်း မှာ အကြီးဆုံးဝါးမျိုး
- မြန်မာ့ ပတ္တမြာ၊ နီလာ၊ ကျောက်စိမ်း စတဲ့ တွင်းထွက် ကျောက်မျက် တွေ ဟာ ကမ္ဘာပေါ်မှာ အရည် အသွေး အကောင်း ဆုံးလို့ ဆိုကြတယ်။
- ကမ္ဘာ အကြီး ဆုံး ကျောက်စိမ်း တုံး ကြီး မြန်မာ နိုင်ငံ ကချင်ပြည်နယ်တွင် ရှိ
- မြန်မာ လူမျိုး များဟာ ကမ္ဘာပေါ်မှာ ပထမဆုံး သနပ်ခါး ဖြင့် အလှဆင်တဲ့ လူမျိုးဖြစ် ပြီး ယခု အချိန်အထိ အသုံးပြုဆဲ။
- ကမ္ဘာပေါ်မှာ ထေရ၀ါဒ ဗုဒ္ဓ ဘာသာစစ် ကျင့်သုံး တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပြီး နိုင်ငံတ၀ှမ်း မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ပေါင်း ၄ သိန်းကျော် ရှိ။
- ကမ္ဘာပေါ်မှာ လှေကို ခြေထောက် ဖြင့်လှော် သော တခုတည်းသော လူမျိုး ဟာမြန်မာတိုင်းရင်းသား အင်းသား လူမျိုး။
- ကမ္ဘာ့ ပထမ ဆုံး အာရှတိုက်သား ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဦးသန့် ဧ။် ဇာတိ နိုင်ငံ။
- အရှေ့တောင် အာရှရဲ့ ပထမဆုံး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ နိုင်ငံတကာ မှ ဆုတံဆိပ်ပေါင်း ၂၀ ကျော်ဖြင့် လေးစား ဂုဏ်ပြုခြင်း ခံရသူ၊ ကမ္ဘာ့ အရှိန်အ၀ါ အကြီး မားဆုံး အမျိုး သမီး များအနက်မှ တဦး အဖြစ် ဖော်ပြ သတ်မှတ် ခြင်း ခံရသူ၊ ၂၀ ရာစု အတွင်း အာရှတိုက် ရဲ့ အထင်အရှားဆုံး အမျိုးသမီး နိုင်ငံရေး ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိရာ နိုင်ငံ။
ဆက်ဖတ်ရန်
Saturday 26 January 2013
ကမ္ဘာပေါ်တွင် လုပ်ကြံသတ်ဖြတ်ဖို့ အခက်ခဲဆုံး လူသားများ
နာဇီခေါင်းဆောင် ဟစ်တလာ
 နာဇီခေါင်းဆောင် ဟစ်တလာသည် ခန့်မှန်းချေ ဂျူးလူမျိုး ခြောက်သန်းခန့်ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ ဖြစ်ပေသည်။ နှစ်သန်းခန့်သည် လူမျိုးရေးကြောင့်ဖြစ်ပြီး
လေးသန်းခန့်မှာ “ဘ၀နှင့်ထိုက်တန်မှုမရှိ” (Unworthy of life) ၊ သို့မဟုတ်
ရှင်သန်နေထိုင်ရန် မထိုက်ဟု ဆုံးဖြတ်၍ သတ်ဖြတ်သုတ်သင်ခဲ့ခြင်း ဖြစ်သည်။
ထိုထဲတွင် မသန်စွမ်းသူများ၊ စိတ်ရောဂါခံစားနေရသူများ၊
ဆိုဗီယက်စစ်သုံ့ပန်းများ၊ လိင်တူဆက်ဆံသူများ၊ ဖရီးမေဆင်များ* နှင့်
ဂျိုဗက်သက်သေ* များပါဝင်သည်။ ၎င်းလုပ်ရပ်ကို မြေလှန်သုတ်သင်ရှင်းလင်းခြင်း
အစီအစဉ်တစ်ရပ်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ
လုပ်ဆောင်ခဲ့ခြင်းဖြစ်လေသည်။
ထို့ကြောင့် ဤစာရင်းထဲတွင် ဟစ်တလာ
နံပါတ်တစ်နေရာက ပါလာခြင်းအတွက် အထူးအထွေအံ့သြစရာတော့မရှိပါ။ ဟစ်တလာသည်
သတ်ဖြတ်ရန်ကြံစည်မှုပေါင်း ၅၀ ကျော်ခန့် ကြုံတွေ့ခဲ့ရသည်။ ထိုထဲမှ
ပထမဦးဆုံးဖြစ်ရပ်မှာ ၁၉၂၁ ခုနှစ်က မိန့်ခွန့်ပြောကြားအပြီး
သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်သည်။ ၁၉၃၉ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့
ဝါဆောမြို့တွင်လည်း ပိုလန်စစ်တပ်က ချားလ်စ်ဒီဂေါပန်းခြံကို ဖြတ်သန်းစဉ်
ဟစ်တလာ၏ကားကို ဖောက်ခွဲရန် ကြိုးစားခဲ့ဖူးသည်။
လူလုပ်သည့်အမှားတစ်ခုကြောင့်သာ ဗုံးပေါက်ကွဲမှု မရှိခဲ့ခြင်းဖြစ်သည်။
အမေရိကန်စစ်သားများက ကြံစည်ခဲ့သည့် အခြား ရူးကြောင်ကြောင်နိုင်သည့်
လုပ်ကြံမှု အစီအစဉ်တစ်ရပ်လည်း ရှိသေးသည်။ ဟစ်တလာသည် လိင်ပိုင်းဆိုင်ရာတွင်
စည်းကမ်းကြီးပြီး တင်းကြပ်ခြိုးခြံသူ ပြူရီတန်တစ်ဦးဖြစ်ရာ
ညစ်ညမ်းသည့်အပြာဓာတ်ပုံများ၊ ပစ္စည်းများ အများအပြား ဟစ်တလာနေထိုင်ရာ
တောင်ပေါ်သို့ကြဲချပြီး သူ့ကို ရူးသွားစေရန် ကြံစည်ခဲ့ဖူးသည် ဆို၏။
အဆိုပါစစ်သားများနှင့် ပူးပေါင်းကြံစည်ခဲ့သူ ဗိုလ်ချုပ်က ၎င်းတို့အနေဖြင့်
ဟစ်တလာကို သတ်ဖြတ်ချင်လွန်းအားကြီးသဖြင့် ထိုရူးကြောင်ကြောင် အစီအစဉ်ကို
ကြံမိကြံရာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုလုပ်ကြံမှုမျာအားလုံး မည်သည်မျှ အောင်မြင်မှုမရရှိခဲ့ဘဲ နောက်ဆုံးတွင်
ဟစ်တလာသည် ဇနီးဖြစ်သူ အီဗာနှင့်အတူ မိမိကိုယ်ကို အဆုံးစီရင်ခြင်းအားဖြင့်
ဇာတ်သိမ်းသွားခဲ့သည်။ ဟစ်တလာက သေနတ်ကိုသုံးခဲ့ပြီး ဇနီးက
ဆိုင်ယင်နိုက်အဆိပ်ကို အသုံးပြုခဲ့သည်။
 ဂရီဂေါ်ရီ ရပ်ပြူတင်
အဆိပ်ခပ်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်း လေးကြိမ်နှင့်၊ ရိုက်နှက်ခြင်းများ ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင် ရေနစ်သေဆုံးသည်။
ရပ်ပြူတင်သည် ကြမ္မာငင်သည့် ရိုမန်နော့မိသားစု၏ မသေခြင်းသမိုင်းနှင့် ပတ်သက်နေသည်။ တချို့က သူတို့၏ အပျက်အစီးများ၏ အကြောင်းရင်းဟုပင် သူ့ကို ပြောကြသည်။
သူ့ကို တန်ခိုးစွမ်းအင်ရှိသည့် ၀ိဇ္ဇာတစ်ဦး၊ သို့မဟုတ် လူထူးလူဆန်း
ယစ်ထုပ်တစ်ဦး စသည်ဖြင့် မည်သို့ပင် သတ်မှတ်သည်ဖြစ်စေ သူသည်
တော်ဝင်မိသားစု၏ ချစ်ခင်မှုရရှိရန် ပါးနပ်စွာလုပ်ဆောင်နိုင်ခဲ့ပြီး
စွန့်ခွာသွားရမည်ကို အလိုမရှိခဲ့ပေ။ ရပ်ပြူတင် သေဆုံးခြင်းနှင့်ပတ်သက်သည့်
ဒဏ္ဍာရီများ မှာလည်း သူ့ဘ၀ထက်ပင် ပို၍လျှို့ဝှက်ဆန်းပြားသည်ဟု ဆိုနိုင်ပါသည်။
ရပ်ပြူတင်အားသတ်ဖြတ်ရန် ပထမဆုံးကြိုးပမ်းမှုသည် ၁၉၁၄ ခုနှစ် ဇွန်လ ၂၉
ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဘုရားကျောင်းမှ ထွက်ကြောင်းကြေးနန်းတစ်စောင်
ရပြီးခါစပင်ဖြစ်လေသည်။ သူ့အားတိုက်ခိုက်သူမှာ ဂူဆီဗာဆိုသူ
ပြည့်တန်ဆာဟောင်းတစ်ဦးဖြစ်သည်။ အမျိုးသမီးက သူ၏၀မ်းဗိုက်ဆီသို့
ဓားဖြင့်ထိုးခဲ့ပြီး အူများထွက်လာသည်အထိ သေလုသည့်ဒဏ်ရာကို ရရှိခဲ့သည်။ သူမ၏
လုပ်ကြံမှု အောင်မြင်ပြီ အထင်နှင့် ဂူဆီဗာက ယေရှု၏ရန်သူတစ်ယောက်ကို
သတ်လိုက်ပြီဟု အော်ဟစ်ခဲ့သည်။ သို့သော်လည်း ခက်ခဲပင်ပန်းစွာ
ခွဲစိတ်ကုသပြီးနောက် ရပ်ပြူတင်မှာ ပြန်လည်ကျန်းမာလာခဲ့သည်။
၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် ဇာရစ်ရှာ (ဇာဘုရင်၏ မိဖုရား) အပေါ်
သူ၏သြဇာလွှမ်းမိုးမှုကို အင်ပါယာအတွက် အန္တရာယ်ကြီးသည်ဟု ဆုံးဖြတ်၍ မင်းသား
ယူဆူပေါ့ (Yusupov) နှင့် မြို့စား ဒီမိထရိ ပက်ဗလိုဗစ်ခ်ျ (Pavlovich)
နှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်လူ ဗလာဒီမာ ပူရစ်ရှ်ကီဗစ်ခ်ျ (Purishkevich)
တို့ ပူးပေါင်းကာ အထူးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့က
ရပ်ပြူတင်ကို ယူဆူပေါ့၏ မွိုက်ကာနန်းတော် (Moika) မြေအောက်ခန်းသို့
ဖျားယောင်းခေါ်ဆောင်ကာ ကိတ်မုန့်များနှင့် ဆိုင်ယင်နိုက်အဆိပ်
အလွန်အကျွံခပ်ထားသည့် ၀ိုင်နီကို တည်ခင်းဧည့်ခံခဲ့သည်။ ဒဏ္ဍာရီများအရ
ရပ်ပြူတင်မှာ လူငါးယောက်အား သေစေနိုင်သည့် အဆိပ်ပမာဏကို
သောက်သုံးခဲ့သော်လည်း အဆိပ်သင့်ခြင်းမရှိခဲ့ဟု ဆိုသည်။ လုပ်ကြံမှုကို
အပြီးပြတ်ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည့် ယူဆူပေါ့က နံနက်မိုးသောက်သည်အထိ
ရပ်ပြူတင် အသက်ရှင်နေဆဲဖြစ်နေမည်ကို စိုးရိမ်ကာ ပါဝင်လုပ်ကြံသူများကို
အချိန်မဆွဲအလောင်းဖျောက်ရန် လုပ်ဆောင်ခဲ့သည်။ ယူဆူပေါ့သည် အခြားသူများနှင့်
တိုင်ပင်ရန် အပေါ်ထပ်သို့ ပြေးတက်ခဲ့ပြီး ရပ်ပြူတင်၏ နောက်ကျောအား
သေနတ်ဖြင့်ပစ်ရန် ပြန်လည်ဆင်းသက်လာခဲ့သည်။ ရပ်ပြူတင်သည် လဲကျသွားပြီး
လုပ်ကြံသူများအဖွဲ့သည် ခဏမျှ အဆိုပါနေရာမှ ထွက်ခွာသွားခဲ့သည်။ ယူဆူပေါ့သည်
အလောင်းအား စစ်ဆေးရန် ပြန်ရောက်လာချိန်တွင် ရပ်ပြူတင်၏မျက်လုံးများမှာ
ရုတ်တရက် ပွင့်လာပြီး ယူဆူပေါ့ကို အားကုန် ဆွဲယူလိုက်သည်။ ထို့နောက်
ယူဆူပေါ့၏ နားနားကပ်၍ “မင်း ကောင်ဆိုးလေးပဲ” ဟု နာကျည်းစွာ
တီးတိုးပြောလိုက်ပြီး လွတ်မြောက်ရန် ကြိုးစားလေသည်။ ယူဆူပေါ့နှင့်
အပေါင်းပါလုပ်ကြံသူများသည် ခြံဝင်းအတွင်းသို့ ထွက်ပြေးသည့် ရပ်ပြူတင်ကို
လိုက်လံဖမ်းဆီးကြပြီး သေနတ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်၍
ရာဘာတုတ်များဖြင့် ရိုက်ကြသည်။ ပြန်မထလာနိုင်တော့ကြောင်း သေချာစေရန်
စောင်နှင့်ပတ်၍ ချည်နှောင်ပြီး နီဗာမြစ်အတွင်းသို့ နစ်မြုပ်သွားစေရန်
ပစ်ချခဲ့သည်။ သူ၏ ခန္ဓာကိုယ်အား ပြန်လည်တွေ့ရှိရချိန်တွင် ညာဘက်လက်မောင်းမှာ
အပြင်ဘက်သို့ ရုန်းကန်လွတ်မြောက်နေသဖြင့် ဤသည်မှာ
ရေနှင့်ထိတွေ့စဉ်အချိန်ထိ သူအသက်ရှင်နေဆဲဖြစ်ပြီး လွတ်မြောက်စေရန်အတွက်
သူ့ကိုယ်သူ တတ်စွမ်းသမျှ ရုန်းကန်ခဲ့ကြောင်း ညွှန်ပြနေသည့် လက္ခဏာပင်
ဖြစ်သည်။ ဆေးပညာစစ်ဆေးမှုတွင် ၎င်းသည် ရေနစ်သေဆုံးခြင်း ဖြစ်ကြောင်း
အတည်ပြုခဲ့သည်။ သူ၏လက်မောင်းမှာ အပေါ်ဘက်သို့ ထောင်မတ်နေပြီး
ရေခဲပြင်အောက်မှ အပေါ်သို့ကုပ်တက်နိုင်ရန် ကြိုးစားထားခဲ့ပုံပေါ်သည်။
(နီဗာမြစ်သည် နိုဝင်ဘာ ၂၅ မှ ဒီဇင်ဘာ ၅ ရက်အကြားတွင် ရေခဲတတ်ပြီး
ဧပြီလလယ်လောက်မှ ပြန်လည်အရည်ပျော်သွားလေ့ရှိသည်) သူအဆိပ်
အမှန်အတကယ်မိထားခဲ့ကြောင်းလည်း စစ်ဆေးတွေ့ရှိရပေသည်။ အမှန်အားဖြင့်မူ
အဆိပ်တစ်မျိုးတည်းနှင့်ပင် သူသေဆုံးဖို့အတွက် များစွာလုံလောက်ခဲ့ပြီး
ဖြစ်လေသည်။
ဖီဒယ်ကပ်စထရို
လုပ်ကြံမှုပေါင်း ၆၃၈ ခုမှ အသက်ရှင်ခဲ့သည်။
နာမည်ဆိုးနှင့်ကျော်ကြားသည့် ကျူးဘားအာဏာရှင်သည် ကမ္ဘာပေါ်တွင် လုပ်ကြံသတ်ဖြတ်ဖို့ အခက်ခဲဆုံး လူသားတစ်ဦး ဖြစ်ကောင်းဖြစ်ပေမည်။ အနည်းဆုံးအားဖြင့်မူ လုပ်ကြံမှု
အကြိမ်အရေအတွက် အများဆုံးကြုံတွေ့ခဲ့ရသူတစ်ဦး ဖြစ်ပေသည်။ ကပ်စထရို၏အသက်အား
ကာကွယ်ရန် နှစ်ရှည်လများ တာဝန်ပေးခြင်းခံထားရသည့် ဖေဘီယန် အက်စ်ကလန်
(Fabian Escalante) က CIA မှ သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုနှင့်
အစီအမံများမှာ ခန့်မှန်းခြေ ၆၃၈ ခု ရှိခဲ့သည်ဆို၏။ ထိုထဲမှ မှတ်တမ်းမှတ်ရာ
ထင်ထင်ရှားရှားမပြနိုင်သည့် တချို့မှာ ဆေးပြင်းလိပ်အတွင်းဗုံးထည့်မှု၊
မှိုဆိပ်သင့်ရေငုပ်ဝတ်စုံနှင့် မာဖီးယားစတိုင်လ် ပစ်ခတ်မှုတို့ ပါဝင်သည်။
ထိုထဲမှ ဇာတ်လမ်းဇာတ်ကွက်တချို့မှာ “ကပ်စထရိုအား လုပ်ကြံနည်း ၆၃၈ မျိုး” ဟု
ခေါင်းစဉ်တပ်ထားသည့် ရုပ်ရှင်မှတ်တမ်းတွင် ဖော်ပြပါရှိသည်။
ကြိုးစားမှုများထဲမှ တစ်ခုမှာ ၁၉၅၉ ခုနှစ်တွင် တွေ့ဆုံခဲ့သည့် သူ၏
ချစ်သူဟောင်း မာရီတာ လောရန့်ဇ် (Marita Lorenz) ဖြစ်သည်။ သူမသည် CIA နှင့်
တိတ်တဆိတ်သဘောတူညီမှု ရယူခဲ့ပြီး အဆိပ်ဆေးများပါရှိသည့် နို့နှစ်အေးဗူးကို
ကပ်စထရို၏အခန်းတွင်း ယူဆောင်လာခဲ့သည်။ ဤသည်ကို ကပ်စထရိုသိရှိချိန်တွင်
သူမအား သူ့ကိုသတ်ရန် သေနတ်ကမ်းပေးခဲ့သည်ဟု ဆိုသည်။ သို့သော် သူမနေဖြင့်
သူ့ကို သတ်နိုင်သည့်အင်အား မရှိတော့ပါ။ သူ့အသက်အား လုပ်ကြံမှုအများအပြားကို
ရည်ညွှန်း၍ ကပ်စထရိုက ဤသို့ တစ်ခါက ပြောဖူးခဲ့ပါသည်။ “လုပ်ကြံမှုတွေမှာ
အသက်ရှင်ကျန်ရစ်ခြင်းကို အိုလံပစ်ပြိုင်ပွဲမှာ ထည့်သွင်းထားမယ် ဆိုရင်
ကျွန်တော် ရွှေတံဆိပ်ရမှာပဲ” ဟူ၏။
ကပ်စထရိုသည် အသက် ၈၃ နှစ်အရွယ်တွင် ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့သည်။ ၆၃၉ ကြိမ်မြောက်
လုပ်ကြံခံရဖို့အတွက်တော့ ဖြစ်နိုင်ဖို့ ခက်ခဲခဲ့ပြီ ဖြစ်လေသည်။
ဂျော်ဒန်ဘုရင် ဟူစိန်
လုပ်ကြံမှု ၁၂ ကြိမ်မှ လွှတ်မြောက်ခဲ့ပြီး တစ်ကြိမ်တွင် သူ၏ ယူနီဖောင်းမှ တံဆိပ်ကြောင့် ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့သည်။
ဟူစိန်ဘင်တလယ် (Hussein bin Talal) ခေါ် ဂျော်ဒန်ဘုရင်ဟူစိန်သည် သူ၏ဖခင်
တလယ်ဘုရင်ထံမှ ၁၉၅၂ ခုနှစ်တွင် နန်းမွေဆက်ခံပြီး အုပ်ချုပ်ခဲ့သည်မှာ
သူသေဆုံးသည့် ၁၉၉၉ ခုနှစ်မတိုင်ခင်အထိပင် ဖြစ်သည်။ သူ့ဘ၀တစ်လျှောက်
အနည်းဆုံး ဆယ့်နှစ်ကြိမ်ခန့်မျှ လုပ်ကြံရန်ကြိုးစားမှု ကြုံတွေ့ခဲ့ရပြီး
အများစုမှာ ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များအတွင်းတွင် ဖြစ်သည်။
“တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ စုံထောက်ဝတ္ထုတစ်ပုဒ်ထဲက အဓိက ဇာတ်ကောင်နေရာက
သရုပ်ဆောင်နေရသလို ခံစားရပါတယ်” ဟု တစ်ခါက သူရေးသားခဲ့ဖူးသည်။ ပထမဦးဆုံး
လုပ်ကြံမှုသည် ၁၉၅၁ ခုနှစ်က ဖြစ်သည်။ သူနှင့်အတူ အဘိုးဖြစ်သူ ဘုရင်
အဘဒူလာရှိနေခဲ့သည်။ ဇူလိုင် ၂၀ ရက်၊ သူတို့နှစ်ဦး သောကြာဝတ်ပြုသူများ
ဗလီအတွင်းသို့ လျှောက်လှမ်းလာစဉ်တွင် ပါလက်စတိုင်းအစွန်းရောက် တစ်ဦးက
ဘုရင်အဘဒူလာနှင့် မြေးတို့ကို ပစ်ခတ်ခဲ့သည်။ အဘဒူလာသေဆုံးပြီး
ဆယ့်ငါးနှစ်သားသာ ရှိသေးသည့် ဟူစိန်သည် သေနတ်သမားနောက်သို့ လိုက်ခဲ့သည်။
အကြမ်းဖက်သမားက သူ၏ သေနတ်ဖြင့် မင်းသားငယ်ကို လှည့်လည်ပစ်ခတ်ခဲ့သော်လည်း
ကျည်ဆန်မှာ သူ့အဘိုးပေးထားသည့် ယူနီဖောင်းပေါ်မှ တံဆိတ်ကို
တည့်တည့်ထိမှန်ပြီး လွင့်စင်သွားခဲ့သဖြင့် သီသီကလေး အသက်ချမ်းသာရာ ရခဲ့သည်။
၁၉၇၀ တွင် သူ၏ နွေရာသီနန်းတော်အနီး ယာဉ်တန်းဖြင့်မောင်းနှင်သွားစဉ်
သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံမှုမှလည်း ဘုရင်ဟူစိန် လွတ်မြောက်ခဲ့ဖူးသည်။ ဘုရင်က
ထိခိုက်မှုမရှိဟုဆိုနိုင်သော်လည်း သူ၏ယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့လေသည်။
အဆိုပါတိုက်ခိုက်မှုမှာ အန်မန်မြို့တော် အရှေ့မြောက်အရပ် ၁၂ မိုင်အကွာ
ဆွီးလက် (Sweileh) ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဘုရင်က
ကားအတွင်းမှ ခုန်ထွက်၍ တိုက်ခိုက်သူများကို ပြန်လည်ပစ်ခတ်ခဲ့သည်။
၁၉၉၉ ခုနှစ်၊ အသက် ၆၃ နှစ်အရွယ်တွင် ဂျောဒန်ဘုရင်ဟူစိန် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
အယ်ဘေးနီးယားဘုရင် ဇော့ (Zog)
သတ်ဖြတ်ရန်ကြိုးစားခြင်း ၅၅ ကြိမ် လွတ်မြောက်ခဲ့သည်။ တစ်ကြိမ်တွင် လုပ်ကြံသူကို ပြန်လည် ပစ်ခတ်သတ်ဖြတ် နိုင်ခဲ့သည်။
 ဇော့ (၁) သို့မဟုတ် စကင်ဒါဘာ့ဂ် (၃) သည် ၁၉၂၈ မှ ၁၉၃၉ ခုနှစ်အထိ
အယ်ဘေးနီးယား၏ ဘုရင်ဖြစ်သည်။ သူ၏နန်းသက်အတွင်း လုပ်ကြံသတ်ဖြတ်ရန်
ကြိုးစားမှုပေါင်း ၅၅ ခုကျော်မှ အသက်ရှင်လွတ်မြောက်ခဲ့ခြင်းဖြင့် လူအများ
လေးစားခန့်ညားခြင်းကို ခံခဲ့ရသည်။ ထိုထဲမှ တစ်ခုသည် ၁၉၃၁ ခုနှစ်တွင်
ပက်ဂလီယာဆီ (Pagliacci) ဖျော်ဖြေပွဲအတွက် ဗီယန်နာ အော်ပရာရုံသို့ ဇော့
အလည်အပတ်ရောက်ရှိစဉ်တွင် ဖြစ်ပွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူက ဇော့
ကားအတွင်းသို့ဝင်စဉ် တိုက်ခိုက်ခဲ့သည်။ သို့သော် သွားလေရာ ကိုယ်နှင့်မကွာ
ယူသွားတတ်သည့် ပစ်စတိုဖြင့် ဇော့က ပြန်လည်ပစ်ခတ်ခဲ့ပြီး အသက်ချမ်းသာရာ
ရခဲ့သည်။
 ယာဆာအာရာဖတ်
 ဗုံးခွဲတိုက်ခိုက်မှု အများအပြားမှ လွတ်မြောက်ခဲ့ပြီး လေယာဉ်ပျက်ကျမှုတစ်ကြိမ်မှလည်း လွတ်မြောက်ခဲ့သည်။
 ယာဆာအာရာဖတ်ကို ပါလက်စတိုင်းခေါင်းဆောင်အဖြစ် အကြမ်းဖျင်းအားဖြင့် သိကြသည်။
သူ့သက်တမ်း တစ်လျှောက်တွင် လုပ်ကြံတိုက်ခိုက်မှုပေါင်းများစွာမှ
လွတ်မြောက်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် သစ်သားခြေထောက်စစ်ဆင်ရေး (Wooden Leg
Operation) ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် သူ၏ဌာနချုပ်အပေါ်သို့ အစ္စရေးလေတပ်၏
F-15 ဗုံးကြဲတိုက်ခိုက်မှုမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့ပြီး အဆိုပါ
တိုက်ခိုက်မှုတွင် လူပေါင်း ၇၃ ယောက် သေဆုံးခဲ့ရသည်။
တိုက်ခိုက်မှုဖြစ်ပွားစဉ် နံနက်က အာရာဖတ် လမ်းလျှောက်ထွက်နေသည့်အချိန်နှင့်
တိုက်ဆိုင်နေခဲ့၍ ဖြစ်ပေသည်။ ကားတိုက်မှုတစ်ခုနှင့် ၁၉၉၂ ခုနှစ် ဧပြီလ ၇
ရက်နေ့က လစ်ဗျားကန္တာရအတွင်းသို့ သဲမုန်တိုင်းအတွင်း
လေယာဉ်ပျက်ကျခြင်းမှလည်း အသက်ရှင်လွတ်မြောက်ခဲ့သေးသည်။ ထိုဖြစ်ရပ်တွင်
လေယာဉ်မှူးနှစ်ဦးနှင့် အင်ဂျင်နီယာတစ်ဦး သေဆုံးခဲ့ပြီး အာရာဖတ်မှာလည်း
ထိခိုက်ဒဏ်ရာရရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့ရသည်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁၁
ရက်၊ အသက် ၇၅ နှစ်အရွယ်တွင် ပါရီမြို့ဆေးရုံ၌ အာရာဖတ် ကွယ်လွန်ခဲ့သည်။
အာရာဖတ်သေဆုံးရသည့် အကြောင်းရင်းကို လုံးဝ သတင်းထုတ်ပြန်ခဲ့ခြင်းမရှိဘဲ
ယနေ့ချိန်ထိ ပဟေဠိတစ်ခုအဖြစ် တည်ရှိနေသေး၏။ အစ္စရေးနှင့် နောက်ကွယ်တွင်
တစ်နည်းနည်း ပတ်သက်နေနိုင်သည် ဟူသည့် မေးခွန်းထုတ်မှုများကို
ပါလက်စတိုင်းအာဏာပိုင်များက အလျင်အမြန် ပယ်ချခဲ့သည်။ အာရာဖတ်သည်
မိန်းမလျာတစ်ဦးတစ်သည်ဟု ဆယ်စုနှစ်တစ်စု ကြာမျှ ကောလာဟလအမျိုးမျိုး
ပျံ့နှံခဲ့ပြီး သူ၏သေဆုံးမှုအပေါ် ခန့်မှန်းချက် အများစုနှင့်
ပတ်သက်ဆက်နွယ်နေသည့် လျှို့ဝှက်အခြေအနေများအရ ၎င်းမှာ AIDS ရောဂါနှင့်
သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ယူဆစရာ ဖြစ်နေပေသည်။
ဆက်ဖတ်ရန်
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများ
အရှင်သုနန္ဒာလင်္ကာရရေးသားထားခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများအကြောင်းကို ပြန်လည်မျှဝေပါသည်။
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများ (အရှင်သုနန္ဒာလင်္ကာရ )
၁။ ပထမ အကြီးဆုံး =ဓမ္မစေတီ ခေါင်းလောင်း
အလေးချိန် = ၂၉၃ တန်၊
နေရာ = ရန်ကုန်တိုင်း ဒေါပုံမြစ်အတွင်း၊ မြန်မာနိုင်ငံ၊
၂။ဒုတိယ အကြီးဆုံး =( Tsar Kolokol ) ဆာ-ကိုလိုကိုး ခေါင်းလောင်း
အလေးချိန် = ၁၈၀ တန်၊
နေရာ = မောစကိုမြို့ ၊ ရုရှားနိုင်ငံ၊
၃။ တတိယအကြီးဆုံး = အလေးချိန် ၁၂၈ တန်ရှိ မော်စကိုမြို့မှ ခေါင်းလောင်း၊
၎။ စတုတ္ထ အကြီးဆုံး = မင်းကွန်းခေါင်းလောင်း
အလေးချိန် = ၉၃ .၅၅ တန်၊
နေရာ - မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းတိုင်း၊
၅။ ပဉ္စမ အကြီးဆုံး - Chion-in ချီယွန်အင် ခေါင်းလောင်း၊
အလေးချိန် = ၆၇ တန်၊
နေရာ = ကျိုတိုမြို့၊ ဂျပန်နိုင်ငံ၊
၆။ ဆဋ္ဌမအကြီးဆုံး - Yongle ရွန်ဂဲလ် ခေါင်းလောင်း၊
အလေးချိန် = ၄၅ တန်၊
နေရာ = ပေကျင်းမြို့၊ တရုတ်နိုင်ငံ၊
ဓမ္မစေတီ ခေါင်းလောင်းကြီး အချက်အလက်များ
ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းခဲ့သည်။ ရှေးခေတ်စာ မှတ်တမ်းများအရ ၄င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ ငွေ တို့လည်း ပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့် နီလာ ရတနာ တို့လည်း မြှုပ်ထားသည်ဟု ဆိုသည်။ စေတီများ ဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာ ဖြစ်နိုင်သည်။
ခေါင်းလောင်းကြီးသည် ၁၂ တောင် မြင့်ပြီး ၈ တောင် ကျယ်သည်။ တစ်ပြိုင်တည်းမှာပင် ၅၀၀ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူဒါန်း ခဲ့သည် ဟုဆိုသည်။ အပိန္နသော်’ အမည်ရှိ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့် အ၀ိန္နဆောက် ဟုခေါ်သည်။ ရွှေတိဂုံစေတီသို့လှူဒါန်းသည့်ခေါင်းလောင်းများအနက်ပထမဆုံးခေါင်းလောင်းဖြစ်သည်။
ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ ( တစ်သိန်း ရှစ်သောင်း ) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ အထက်ပါ အဆိုကို ထောက်ကာ သမိုင်းပညာရှင်တို့သည် ဓမ္မစေတီ ခေါင်းလောင်းအားကမ္ဘာ့အကြီးဆုံး
အဖြစ် မှတ်တမ်းတင်ထားဆဲပင် ဖြစ်သည်။
ရှားရှားပါးပါး ဓမ္မစေတီ ခေါင်းလောင်းဓာတ်ပုံ ပန်းချီပုံ
ဓမ္မစေတီခေါင်းလောင်း သမိုင်း
အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်တာဝန်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။
အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း( ၈ ) ရက် ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။
ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်
ပြီးလျှင် အပြစ် အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကား မြည်မည်မဟုတ် ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာ တို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။
စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။
သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့က ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန် ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ ဒေါပုံမြစ် အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။
ရုရှား ကြေးသွန်းခေါင်းလောင်းကြီး
ယင်း ခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံ မော်စကိုမြို့၊ ကရင်မလင် နန်းတော်ရှိ (Tsar Kolokol)ဆာ-ကိုလိုကိုး ဖြစ်သည်။ ထိုခေါင်းလောင်းကြီးကို လက်မှုပညာရှင် (၂၀၀) ကျော်ကျော်ဖြင့် သွင်းလုပ်ထားခြင်းဖြစ်သည်။ ( ၆.၁၄ ) မီတာ မြန်မာအခေါ်အားဖြင့် (၂၀.၁၄) ပေ အမြင့်ရှိပြီး (၆.၆) မီတာ ( သို့ ) (၂၁.၆၅) ပေ အချင်းရှိ၏။
ထိုခေါင်းလောင်းကြီးမှာ တစ်ချိန်က အရှင်းလင်း အကြည်မြဆုံးသော သံစဉ်ထွက် ခေါင်းလောင်းကြီးဖြစ်ခဲ့သည်။ အမြင့် ၁၉’ ၃”၊ အ၀န်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။ ယခုအခါတွင်မူ ၁၇၃၃-၃၅ တွင် သွင်းလုပ်ခဲ့သော တန် (၁၈၀) အလေးချိန်ရှိ ထိုခေါင်းလောင်းကြီးမှာ ခေါင်းလောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။
(မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။
ဒုတိယအကြီးဆုံး ခေါင်းလောင်း နောက်တလုံး သည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည် ဟု မှတ်သားရပါသည်။
မင်းကွန်းခေါင်းလောင်းတော်ကြီး
မြန်မာနိုင်ငံတွင် လက်ရှိအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။
ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏ အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။
ဂျပန် ကြေးသွန်းခေါင်းလောင်းကြီး
ကျိုတိုမြို့ ချီယွန်အင် ( Known for its massive gate, Chion-in is the head temple of Pure Land Buddhism ) ကျောင်းတော်တွင် တည်ရှိသော ခေါင်းလောင်းကြီးမှာ ( ၁၆ ၃၃ ) ခုနှစ်တွင်သွင်းလုပ်၍ ( ၆၇ ) တန် အလေးချိန်ရှိ၏။ ဂျပန်တွင် အလေးချိန် အများဆုံး ခေါင်းလောင်းကြီးဖြစ်၏။ ၄င်းခေါင်းလောင်းကြီးကို ထိုးခတ်ရန် ရဟန်း (၁၇)ပါး လိုအပ်မည်ဖြစ်သည်။
ရွန်ဂဲ(လ်)ကြေးသွန်းခေါင်းလောင်းကြီး
တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်းမြို့အရောက်တွင် မင် မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက် လွန်ခဲ့သောနှစ်ပေါင်း ( ၆၀၀ ) ခန့်က သွန်းလုပ်ခဲ့သော ရွန်ဂဲ(လ်) အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးကို တွေ့ရ၏။ ယခုအခါ ဘေဂျင်းမြို့သို့ ပြာင်းရွှေ့ထားသည်ဟု သိရသည်။ ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ ( ၄၅ ) တန် အလေးချိန်ရှိ၍ (၆.၇၅) မီတာအမြင့်ရှိ၏။ (၃.၃) မီတာ အချင်းရှိ၍ (၀.၂၂) မီတာထူ၏။ ခေါင်းလောင်းကြီး၏ အတွင်းအပြင် မျက်နှာစာအပြည့်ကို တရုတ်အက္ခရာ ( ၂၂၇, ၀၀၀ ) ဖြင့် ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို ထွင်းထူ ပူဇော်ထားသည် ဟု သိရပါသည်။ ။
ဆက်ဖတ်ရန်
ကမ္ဘာ့ အံ့သြဖွယ် ဖြစ်ရပ် (၁၀) ခု
  • (၁) စင်္ကာပူ ကမ်းလွန်ပင်လယ်တွင်းမှ တစ္ဆေသင်္ဘောအုပ်စုကြီး
Photo-1
အမေရိကန်နှင့် ဗြိတိသျှ ရေတပ်နှစ်ခု၏ ရေငုပ်သင်္ဘောများပေါင်းသည်ထက်ပင် တစ္ဆေသင်္ဘော အရေ အတွက်က များပြားနေပေသည်။ သင်္ဘောများပေါ်တွင် လူလည်းမပါ၊ ကုန်လည်းမပါ။ ကမ္ဘာ့စီးပွားပျက်ကပ် ကာလအတွင်းက သင်္ဘောလုပ်ငန်းအေဂျင်စီ အချို့ကစွန့်ပစ်ခဲ့သော သင်္ဘောများဟု တချို့က သုံးသပ် ပြောဆိုကြသည်။
  • (၂) ဂျေရုဆလင် Wailing Wall နံရံတံတိုင်းကြီးမှ မျက်ရည်များ ကျဆင်းခြင်း
Photo-2
၂၀၀၂ ခုနှစ် ဇူလိုင်လအတွင်းက ဂျေရုဆလင် Wailing Wall နံရံတံတိုင်းကြီးမှ မျက်ရည်ကဲ့သို့သော အရည်များ ကျဆင်းလာကာ လေးထောင့်ပုံ ဖြစ်ထွန်းကျန်ခဲ့သည်။
  • (၃) ဆဲလ်ဖုန်း ဖြင့်ရိုက်ထားသော ဓာတ်ပုံတွင် သေဆုံးပြီးဖြစ်သူအဖွား၏ တစ္ဆေပုံရိပ် ထင်နေခြင်း
Photo-3
အဖွားဖြစ်သူမှာ ၁၉၉၀ ခုနှစ်က ကွယ်လွန်ခဲ့သည်။ ၂၀၀၉ ခု သြဂုတ်လတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် အဖွားဖြစ်သူ၏ မျက်နှာပုံရိပ်ထင်နေခဲ့သည်။
  • (၄) မြွေနဂါးကြီးလော
Photo-4
အရှေ့ တောင်အာရှ ဘော်နီယို ကျွန်းပေါ်မှ မြစ်တစ်စင်းထဲတွင် အလွန်ကြီးမားသော မြွေကြီးတစ်ကောင် ကူးခတ်သွားနေပုံကို မြင်တွေ့ရသည်။ (Photoshop ဖြင့် ဖန်တီးထားခြင်းပေလား)။
  • (၅) ပိုလန်မှ ဧရာမသတ္တ၀ါကြီး
Photo-5
ပိုလန်နိုင်ငံသားတစ်ဦးသည် တောင်တက်နေရင်းမှ ဧရာမသတ္တ၀ါကြီးအား တွေ့ရှိခဲ့သဖြင့် ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်သည်။
  • (၆) ဘုရားကျောင်းနံရံပေါ်မှ နာဆာအာကာသယာဉ်မှူး
Photo-6
လွန်ခဲ့သော နှစ်ပေါင်း ၁၁၀၀ မှ ဘုရားရှိခိုးကျောင်းနံရံပေါ်တွင် အာကာသယဉ်မှူးပုံ ထွင်းထုထားခြင်းအား တွေ့မြင်ရသည်။
  • (၇) လေတွင်မြောက်နေသော ကားတစ်စီး
Photo-7
၂၀၀၆ ခုနှစ် ဇန်န၀ါရီလတွင် Google Earth တွင် ကားတစ်စီး လေတွင် မြောက်တက်နေပုံအား တွေ့ရသည်။
  • (၈) အိမ်နံရံပေါ်မှ ဂြိုဟ်သား ပုံရိပ်များ
Photo-8
ကနေဒါနိုင်ငံတောင်ပိုင်းမှ အိမ်တစ်လုံး၏ နံရံပေါ်တွင် ဂြိုဟ်သားနှစ်ဦးပုံ ထင်နေခြင်းအားတွေ့ရသည်။
  • (၉) တောင်တက်သမားများ ထူးဆန်းစွာသေဆုံးသွားခြင်း
Photo-9
၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ညက တောင်တက်သမား (၉)ဦး ၄င်းတို့၏ ရွက်ဖျင်တဲထဲတွင် ထူးဆန်းစွာသေဆုံးသွားခဲ့ကြသည်။ (၆)ဦးမှာ အအေးဒဏ်ကြောင့် သေဆုံးသွားခြင်းဖြစ်သည်။ တစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်စွာထိခိုက်မိကာ သေဆုံးခြင်းဖြစ်သည်။ ကျန်နှစ်ဦးမှာ အမျိုးအမည်မသိ ပြင်းထန် သော အားတစ်ခုကြောင့် ရင်ဘတ်နံရိုးများ ကျိုးကြေကာ သေဆုံးသွားခြင်းဖြစ်သည်။ ကိုယ်ခန္ဓာများ ပေါ်တွင် ရေဒီယိုဓာတ်ကြွမှုများကို စမ်းသပ်တွေ့ရှိရသည်။ ဘေးပါတ်ဝန်းကျင်တွင် ၄င်းတို့၏ခြေရာများ သာရှိသည်။
  • (၁၀) လယ်သမားတစ်ဦးမှ ဂြိုဟ်သားပေါက်စလေးတစ်ကောင်ကို တွေ့ရှိခြင်း
Photo-10
၂၀၀၇ ခုနှစ်၊ မေလတွင် မက္ကစီကိုမှ လယ်သမားတစ်ဦးသည် ၄င်း၏လယ်ကွင်းထဲတွင် ဂြိုဟ်သားပေါက်စ လေးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ လယ်သမားသည် ကြောက်ရွံ့သဖြင့် ၄င်းဂြိုဟ်သားလေးကို ချောင်းထဲ တွင်ရေနှစ်ကာ သတ်ပစ်ခဲ့သည်။ စမ်းသပ်မှုများအရ အရိုးအဆစ်များမှာ အိမ်မြှောင်ကဲ့သို့ဖြစ်ကြောင်း တွေ့ရသည်။Cradit : Myanmar CollectionNote : မိမိဥာဏ်ဖြင့်သာချင့်ချိန်ပါရန်။
ဆက်ဖတ်ရန်
Monday 21 January 2013
ဟစ်တလာသာ အချစ်ရေး ကံကောင်းခဲ့လျှင်
ဟစ်တလာသာ အချစ်ရေး ကံကောင်းခဲ့ရင် ဒုတိယ ကမ္ဘာစစ်မဖြစ်နိုင် ဘူးလို့တောင် ယုံကြည်ကြပါတယ်။ ဘာလို့လဲဆို သူချစ်ခဲ့တဲ့ အမျိုးသမီးက ဂျူးလူမျိုး ဖြစ်နေလို့ ဖြစ်ပါတယ်။
အသက် ၁၆ နှစ်သားအရွယ်က အဒေါ့ဖ် ဟစ်တလာဟာ  Stephy အမည်ရ ဂျူးလူမျိုး အမျိုးသမီးကို တစ်ဖက်သက် ချစ်ပါတယ်။ ချစ်တာမှ တမ်းတမ်းစွဲ ပြီး လေးနှစ်လုံးလုံး ဖွင့်မပြောပဲ တိတ်တခိုး ချစ်တာ ဖြစ်ပါတယ်။ ရှားရှားပါးပါးပဲ ဆိုင်တစ်ခုမှာ ဖွင့်ပြောဖို့ အခွင့်ကြုံခဲ့ပါတယ်။ သို့ပေမယ့် ဖွင့်မပြောပါဘူး။ နောက်ထပ် အခွင့်အရေးရှိအုံးမယ်လို့ သူယုံကြည်နေလို့ ဖြစ်ပါတယ်။
ဟစ်တလာမှာ စိတ်ကူး တစ်ခုရှိပြီး ယင်းစိတ်ကူးက လက်ထက်ပြီးရင် ပါရှန်းမှာ သာမန် ကျောင်းဆရာတစ်ဦးအဖြစ် ဘဝရပ်တည်ဖို့ ဖြစ်ပါတယ်။ တစ်နေ့တော့
သူ့အတွက် ဝမ်းနည်းစရာ သတင်းတစ်ခု ကြားခဲ့ရပါတယ်။ ဒါကတော့ သူတစ်ဖက်သက် စွဲလမ်းနေတဲ့ Stephy ဂျူးမလေးဟာ အခြား ဂျူးလူမျိုးအမျိုးသား တစ်ဦးနဲ့ လက်ထက်သွားခြင်း ဖြစ်ပါတယ်။
ဟစ်တလာသာ သူ တစ်ဖက်သက်ချစ်ခဲ့တဲ့ ဂျူးမလေးနဲ့သာ လက်ထက်ဖြစ်ခဲ့ မယ်ဆိုရင်၊ ဖွင့်ပြောခဲ့မယ်ဆိုရင် ဂျူးလူမျိုးတွေလည်း အစုလိုက် အပြုံလိုက် မသေနိုင်ပဲ ကမ္ဘာစစ်ဆိုတာလည်း ဖြစ်မလာဘူးလို့ ဆိုပါတယ်။
Love Could Have Changed Histroy ဆိုပြီးတော့တောင် ဟစ်တလာရဲ့  တစ်ဖက်သက် အချစ်ဇာတ်လမ်းကို ယနေ့တိုင် ပြောစမတ်ပြုဆဲ ဖြစ်ကြောင်း သိရပါတယ်။
--
ဆက်ဖတ်ရန်
ခန္ဓာကိုယ်ပေါ်မှာ တစ်သက်လုံး စွဲအောင် ထိုးထားတဲ့ ဆေးတွေကို ဖျက်ချင်ပါ သလား
ခန္ဓာကိုယ်ပေါ်မှာ တစ်သက်လုံး စွဲအောင် ထိုးထားတဲ့ ဆေးတွေကို ဖျက်ချင်ပါ သလား ခန္ဓာကိုယ်ပေါ်မှာ လှချင်လို့ပဲ ဖြစ်ဖြစ်၊ သတ္တိရှိတယ်ဆိုတာ ပြချင်လို့ ပဲဖြစ်ဖြစ် တစ်သက်လုံး စွဲသွားစေ မယ့် ဆေးတွေကို ထိုးလေ့ရှိကြပါ တယ်။ အဲဒါတွေကတော့ အမျိုးသား တွေရော၊ အမျိုးသမီးတွေပါ ထိုးလေ့ ရှိတဲ့ တက်တူး လို့ခေါ်တဲ့ ဆေးမင် ကြောင်တွေ၊ မျက်ခုံးမကောင်းတဲ့ အမျိုးသမီးလေးတွေ ထိုးလေ့ရှိတဲ့ မျက်ခုံးထဲ ကို ဆေးထိုးထည့် တာတွေ၊ နှုတ်ခမ်းနီဆိုး စရာ မ လိုဘဲ နှုတ်ခမ်း လေးရဲနေအောင် ထိုးလေ့ရှိတဲ့ နှုတ်
ခမ်းထဲ ဆေးထိုးထည့်တာတွေပါ။ လူဆိုတာ အကြိုက်က အမျိုး မျိုး ပြောင်းနေတတ်ကြတာလေ။ ဒီလို တစ်သက်လုံးစွဲသွားစေမယ့်ဆေးတွေ ထိုးထားပြီးမှ မကြိုက်တော့လို့ ဖျက်ချင်ရင် အရင်က ဖျက်လို့မရ ပေမယ့် အခုတော့ လေဆာနဲ့ ဖျက် လို့ရနေပါပြီ။ ဒါကြောင့် ဒီလိုအရာ တွေကို လေဆာနဲ့ဖျက်ပေးတဲ့ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်း ကြီးလမ်း၊ တိုက် ၆၂/အေ၊ အခန်း ၄ မှာရှိတဲ့Face Life Skin Beauty (ဖုန်း-၂၅၄၉၅၇၊ ဝ၉၂၀၃၄၇၄၆) ကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ဒီနည်းကတော့
◆ ဖျက်လိုတဲ့နေရာကို ထုံဆေး လိမ်းပြီး ၄၅ မိနစ် ထားပေးရပါတယ်။
◆ ပြီးရင်လေဆာနဲ့ရိုက်ပေးရပါတယ်။
◆ လေဆာနဲ့ရိုက်လို့ အသားက နီရဲသွားပါတယ်။ အဲဒါကို ရေခဲနဲ့ မိနစ်   ၃၀ လောက်    အုပ်လိုက်၊   ခွာလိုက်လုပ်ပေးရပါတယ်။
◆ ပြီးရင်တော့ ဆေးလေးလိမ်းပေး လိုက်ရုံပါပဲ။ ဒီလို ကုထုံးတစ်ခါ ပြုလုပ်ပြီးတိုင်း အဲဒီနေရာကို ရေတစ်ရက်မထိရပါဘူး။ ပြုလုပ်ပြီးနောက် ၃ရက်မှ တစ် ပတ်လောက်အထိ နေ့စဉ် ဆေးလိမ်း ပေးရပါတယ်။ အဲဒီလို လေးပတ်ကို တစ်ခါ နှုန်းနဲ့ ၅ ခါကနေ ၆ ခါအထိ ပြုလုပ် ရင် လုံးဝပျောက်ကင်းသွားတယ်လို့ သိရှိပါတယ်။
ဆက်ဖတ်ရန်
ထိုင်းမြန်မာနယ်စပ် တံတားသစ်၊ လေယာဉ်ကွင်းကြီး နဲ့ ရထားလမ်း
ဒီမနက် နယ်စပ်မှာ  တွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
ထိုင်းဝန်ကြီးချုပ် ယင်လပ် ဒီကနေ့ နယ်စပ်ကို သွားပြီး မဲဆောက်-မြ၀တီ တံတားသစ် အမြန်ဆုံး တည်ဆောက်မယ်လို့ ပြောသွားပါတယ် တဲ့။
ဒီဒေသမှာ  နိုင်ငံတကာလေဆိပ်တခု၊ ဘန်ကောက်နဲ့ချိတ်ဖို့ ရထားလမ်း စတာတွေလည်း ရှိလာတော့မယ်၊ အဲဒါတွေဟာ မဲဆောက်ဒေသမှာ ပေါ်ပေါက်လာမယ့် အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်နေတဲ့ စီမံကိန်းများဖြစ်ကြောင်း ဧရာဝတီ သတင်းထောက် ပြည်တော်မြင့်က အခုလို သတင်းပေးပို့ထားပါတယ်။
မဲဆောက်မြို့နားက အထူးစီးပွားရေးဇုန်စီမံကိန်းကို လာမဲ့ ၂၀၁၅ မတိုင်ခင် အပြီး တည်ဆောက်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ဒီနေ့ မနက်ပိုင်း ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်နဲ့  ၀န်ကြီးတွေ၊ မဲဆောက်မြို့ကို လာရောက် လေ့လာစဉ်မှာ ပြောသွားခဲ့တာပါ။
အထူးစီးပွားရေးဇုန်စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်တို့အဖွဲ့ဟာ ဒေသခံ အုပ်ရေးအရာရှိတွေ၊ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးကြပါတယ်။
ဝန်ကြီးချုပ်တို့ဟာ နေ့လည် ၁၂ နာရီ ၀န်းကျင်မှာ မဲဆောက်ကနေပြန်လည်ထွက်ခွာသွားပါတယ်။
ကရင်ပြည်နယ် မြ၀တီမြို့ တဘက်ကမ်းမှာ ရှိတဲ့ မဲဆောက်ဒေသအတွင်း ပေါ်ပေါက်လာမယ့် နိုင်ငံတကာအဆင့်မီ အထူးစီးပွားရေးဇုန်မှာ ခေတ်မီ လေယာဉ်ကွင်း၊  ဘန်ကောက်နဲ့မဲဆောက်ကို ချိတ်ဆက်နိုင်မဲ့ မီးရထားလမ်းစီမံကိန်း စတာတွေ ပါဝင်မှာဖြစ်တယ်လို ထိုင်းဘက်က ဆိုပါတယ်။
ထိုင်းက စီးပွားရေးဇုန် စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ချင်ရတာ ဘာကြောင့်လဲ ဆိုတော့ AEC လို့ အတိုကောက် ခေါ်ကြတဲ့ လာမယ့် ၂၀၁၅ မှာ စတင် ပေါ်ပေါက်လာမယ့် အာဆီယံနိုင်ငံများ လွတ်လပ်စွာ ကုန်သွယ်ရေး အစီအစဉ်အတွက် ဖြစ်ပါတယ်။
ဒီစီးပွားရေးဇုန် ပေါ်ပေါက်လာရင် မဲဆောက် နဲ့ မြ၀တီ ဒေသ စီးပွားရေး နဲ့ ကုန်သွယ်ရေး အခြေအနေတွေ ပိုမို ကြီးထွားလာမှာ အသေအချာပါပဲ။
လက်ရှိထိုင်းနိုင်ငံက ထုတ်ကုန်ပစ္စည်းမျိုးစုံ အိမ်နီးချင်းမြန်မာနိုင်ငံဘက် တင်ပို့မှုက တလကို ပျှမ်းမျှ ထိုင်းဘတ် သန်း ၄,ဝဝဝ ကျော် ရှိတယ်လို့  ထိုင်းကုန်သည်ကြီးတွေ ပြောပါတယ်။
ဆက်ဖတ်ရန်
back to top