Showing posts with label ထူးဆန်းလူသား. Show all posts
Showing posts with label ထူးဆန်းလူသား. Show all posts

Saturday, 23 February 2013

အိုင်းစတိုင်းနှင့် ကမ္ဘာကျော် ဥာဏ်ကြီးရှင်များထက် အင်္ဂလန်သူလေးက ဥာဏ်ပိုကောင်း


အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း အဆက်ဒေသမှ လောက်တွန် အထက်တန်းကျောင်းသို့ ယခုလ အစောပိုင်းတွင် ဗြိတိန်ရှိ နာမည်ကျော် မန်ဆာဥာဏ်စမ်းအဖွဲ့မှ ဥာဏ်ရည်ဥာဏ်သွေး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျောင်းသူတစ်ဦးသည် ဥာဏ်ရည်ဥာဏ်သွေး ရမှတ်၁၆၁မှတ်ရရှိပြီး ဥာဏ်ကြီးရှင် အိုင်းစတိုင်းအပါအ၀င် ပါမောက္ခ စတီဖင်ဟော့ကင်း၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်တို့ထက်  သာလွန်ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။
၁၆နှစ်အရွယ်ရှိ လူရန်မာဘီ၏ ဖခင်ဖြစ်သူမှာ အငှားယာဉ်မောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ မျိုးရိုးစဉ်ဆက်တွင် တစ်စုံတစ်ရာ ထူးခြားမှုမရှိသော်လည်း မာဘီသည် ကမ္ဘာပေါ်တွင် ရှာမှရှားတွေ့ရခဲသည့် ဥာဏ်အကောင်းဆုံး လူသားတစ်ဦးဖြစ်သည်ကို တွေ့ရှိရသည်။ရာစုနှစ်ကြာကမ္ဘာကို လွှမ်းမိုးအထားနိုင်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့် အိုင်းစတိုင်း၏ ဥာဏ်ရည်ဥာဏ်သွေး စစ်တမ်းရမှတ်သည် ၁၆၀ဖြစ်ပြီး မာဘီ၏ ဥာဏ်ရည်သည် ၁၆၁မှတ် ရရှိခြင်းအပေါ် အံ့သြတုန်လှုပ်မိကာ မန်ဆာ ဥာဏ်ရည်ဥာဏ်သွေး စစ်တမ်းကောက်ယူ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။ မာဘီသည် အနာဂတ်တွင် Cambridge တက္ကသိုလ်၌ ဗိသုကာပညာရပ်များကို သင်ယူဆည်းပူးလိုကြောင်း သတင်းထောက်များအား ပြောကြားသွားခဲ့သည်။
ဆက်ဖတ်ရန်
back to top