Showing posts with label ပြည်တွင်းသတင်. Show all posts
Showing posts with label ပြည်တွင်းသတင်. Show all posts

Sunday, 3 March 2013

ယောန်ဒမ်ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မေးမြန်း

 
၂၀၁၃ ခုနှစ် မတ် ၁ ရက် ညနေ ၄ နာရီ အချိန်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဆောဂ်ဂွာန်ဆာ ဆရာတော် ယောန်ဒမ် ဘုန်းတော်ကြီး (ဥက္ကဌ၊ ဆင်ဖြူတော် ဖောင်ဒေးရှင်း)တို့ တွေ့ဆုံ မေးမြန်းမှုကို ဗုဒ္ဓဘာသာ သတင်းစာက ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ကိုရီးယားဘာသာမှ မြန်မာ ဘာသာ ပြန်ဆိုတာဖြစ်တဲ့အတွက် လိုအပ်ချက်များ ရှိပါက ကျနော့်ရဲ့ တာဝန်သာဖြစ်ပါသည်။


  
 မေး ။ မကြာသေးမီက ပထမဦးဆုံး ကိုရီးယားနိုင်ငံသို့ လာရောက်ခဲ့ပြီး စပါယ်ရှယ် အိုလံပစ်ပွဲတော်ကို တက်ရောက်ခဲ့ရတဲ့ ခံစားမှုလေးကို ပြောပြပေးပါ။ ဖြေ ။ အလွန် နှစ်သက်ပြီး ပျော်ရွှင်စရာ ကောင်းပါတယ်။ ဖြောင်းချာန်းလည်း ကောင်းပြီး ဂွာန်ဂျူမြို့သူမြို့သားတွေက အလွန် နွေးထွေးကြပါတယ်။ ဂွာန်ဂျူမြို့သူမြို့သားတွေက နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြတဲ့အတွက် အလွန် ကျေးဇူးတင်ပါတယ်။ မသန်မစွမ်းအတွက် ပြုလုပ်ပေးတဲ့ ဖြောင်န်ချာန်းလည်း ကောင်းပါတယ်။ မေး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချိန်ကြာမြင့်စွာ ဖိစီးမှုအပေါင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီ ဖိစီးမှုတွေကို သည်းခံးနိုင်စွမ်း ရှိခဲ့တဲ့အပေါ်မှာ အဓိက ပြောချင်တဲ့ စကားလုံးက ဘာပါလဲ။ ဖြေ ။ တာဝန်ပါဘဲ။ မေး ။ လွတ်လပ်မှု ဆိုတဲ့ စကားလုံးကို ပြောပြပေးပါ။ ဖြေ ။ အဓိက စကားလုံးက တာဝန်နဲ့ ၀တ္တရားပါ။ ဘယ်သူမဆို တာဝန်က အရေးကြီးပါတယ်။ မိမိတို့ရဲ့ တစ်ဦးချင်း တစ်ဦးချင်းရဲ့ တာဝန်တွေဟာ အရေးကြီးပါတယ်။ တာဝန်တွေ ကျေပွန်ပြီးကာမှ ဘုရား၊ နတ်မင်းတွေမှာ လွတ်လပ်ခြင်းကို ဆုတောင်းလို့ ရနိုင်ပါတယ်။ မေး ။ မကြာသေးမီ ကိုရီးယား လာရောက်စဉ် သမတ ဘဂီန်ဟဲနဲ့ တွေ့ဆုံခဲ့ပါတယ်။ အစိုးရသစ်အပေါ် ပြောဆိုချင်သော စကားရှိပါက ပြောပြပေးပါ။ ဖြေ ။ အမြဲတမ်း မိမိတို့ရဲ့ သဘောထားကို ပြောပြခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ တကမ္ဘာလုံးရဲ့ အမျိုးသမီးတွေ လုပ်ဆောင်ရမယ့် ကဏ္ဍတွေ အများကြီးပါ။ အဓိက အာရှမှာ နိုင်ငံရေးမှ မဟုတ်ဘဲ လူမှုရေးတွေထဲက များစွာသော လုပ်ဆောင်ချက်တွေထဲမှာ အမျိုးသမီးတွေရဲ့ ကဏ္ဍတွေကလည်း အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။ မေး ။ နောက်ထပ်ပြီး ရှေ့လျှောက်မယ့် ၅နှစ်တာ အစိုးရသစ်ကို အကြံပေးချင်တာများ ရှိပါက ပြောပေးပါ။ ဖြေ ။ အားလုံးဟာ ပြည်သအပေါ်မှာ မူတည်ပါတယ်။ ဘယ်လို အခွင့်ထူးခံ လူတဦး၊ ခေါင်းဆောင် တဦးတည်းနဲ့ နိုင်ငံတော်ကို စီမံခံခွဲနိုင်စွမ်း မရှိပါဘူး။ အရေးကြီးတာက လူတဦး၊ တယောက်အတွက် နောက်ထပ်သမတ တဦးတည်း အတွက် လုပ်တာထက်စာရင် ပြည်သူ တဦးချင်း တဦးချင်းရဲ့ ကြိုးစားမှုကလည်း လိုအပ်သလို အဲဒီ ကြိုးစားမှုကလည်း နိုင်ငံတော်ကို တိုးတက်စေပါတယ်။ မေး ။ နိုင်ငံတကာရဲ့ ဒုက္ခတွေကို ဖြေရှင်းပေးနိုင်တာ ငြိမ်းချမ်းရေး မဟုတ်ပါလား။ ငြိမ်းချမ်းရေးအတွက် ဘယ်လို လုပ်ဆောင် ကြိုးစားမှုတွေ လိုအပ်ပါသလဲ။ ဖြေ ။ ငြိမ်းချမ်းမှုဆိုတာ မိမိ စိတ်နှလုံးသားထဲက စတင်ပြီး ပေါ်ထွက်လာရမှာပါ။ ခေါင်းဆောင် ဒါမှ အစိုးရရဲ့ လုပ်ဆောင်မှုကို မှီနေလို့ မရပါဘူး။ ဗုဒ္ဓ ဟောကြားတဲ့ တရားတွေမှာ နာကြားနိုင်ပါတယ်။ စိတ်နှလုံးထဲမှ စတင်လာခဲ့တဲ့ ခံနိုင်ရည်စွမ်းအားနဲ့ ကြိုးပမ်းမှုက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးဆိုတာ အသေးငယ်ဆုံးသော နေရာက စတင်ရပါတယ်။ မေး ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှစ်ပေါင်းများစွာ ခံနိုင်စွမ်းအားတွေ ရှိခဲ့တဲ့အပေါ်မှာ ဗုဒ္ဓအဆုံးအမတွေက အထောက်အကူတွေ ရခဲ့တယ် မဟုတ်ပါလား။ ဖြေ ။ သေချာပေါက် သိရှိနားလည်ထားသလောက် ဗုဒ္ဓရဲ့ အဆုံးအမတွေကို နာယူ သင်ကြားဘို့ ကြိုးစားနေပါတယ်။ မေး ။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ ပထမဦးဆုံး ဘာတွေကို လုပ်ဆောင်ရမယ်လို့ စဉ်းစားထားပါသလဲ။ ဖြေ ။ ရွေးကောက်ပွဲ မစခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲရပါမယ်။ မေး ။ လူမှုရေးအရ အားနည်းသူတွေ၊ ကလေးသူငယ်တွေအပေါ် ပြောပြချင်သော တောင်းဆိုချက်များ ရှိပါက ပြောပြပေးပါ။ ဖြေ ။ ကျမတို့တတွေက အားနည်းသူတွေမဟုတ်ဘူး စိတ်ထား ကြံ့ခိုင်တဲ့ သူတွေ ဖြစ်ရန် ကြိုးစားဘို့က အရေးကြီးပါတယ်။ မေး ။ ဆင်ဖြူတော် ဖောင်ဒေးရှင်း (မြန်မာအဖွဲ့)က နေပြည်တော်ကနေ မန္တလေးကို သွားပါ့မယ်။ ပဲခူးက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းက သင်ကြားပေးနေတဲ့ စာသင်ကျောင်းကို သွားပြီး လူမှုအထောက်အကူပြု လုပ်ငန်းတွေ လုပ်ဘို့ သွားပ့ါမယ်။ အဲဒီ စာသင်ကျောင်း ဘုန်းတော်ကြီးများအပြင် အရပ်သားတွေလည်း ၀န်းရံ ကူညီပေးတာဖြစ်ပါတယ်။ အဲဒီ လူတွေနဲ့ အတူတကွ လုပ်ဆောင်ပြီး ထောက်ပံ့ငွေများ ကူညီသွားဘို့ ရှိပါတယ်။ ပထမဦးဆုံး မြန်မာ အလုပ်သမားတွေအတွက် အထောက်အကူပြု ပညာရေး စင်တာကို တည်ထောင်သွားဘို့ စီစဉ်နေပါတယ်။ ဖြေ ။ ဘယ်လို ပညာရေး အထောက်အကူပြု အစီအစဉ်ပါလဲ။ မေး ။ ကိုရီးယားနိုင်ငံက အတတ်ပညာကို သင်ကြား တတ်မြောက်ထားတဲ့သူတွေ၊ ဒီမှာ သင်ကြားချင်တဲ့သူတွေကို ဥပမာ မော်တော်ကား ပြင်ဆင်ရေး စတဲ့ လုပ်ငန်းစဉ်တွေပါ။ ဖြေ ။ ဆိုးလ်ကနေ ပြန်လာကြတဲ့ မြန်မာ အလုပ်သမားတွေနဲ့ တွေ့ဆုံ မေးမြန်းပြီး အဖြေပေးပါမယ်။ မေး ။ ဒုတိယ လုပ်ချင်တာက ဒုန်ဂုတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ဘူးပါတယ်။ ဒုန်ဂု တက္ကသိုလ်က အထွေထွေ တက္ကသိုလ်ဖြစ်တဲ့အလျောက် ဆေးကျောင်းလည်း ရှိပါတယ်။ ဆေးကျောင်းကနေ မြန်မာနိုင်ငံ ဆေးရုံတွေမှာ လိုအပ်နေတဲ့ ဆေးပစ္စည်းစက်တွေနဲ့ ဆေးတွေကို ကူညီဘို့ ရှိပါသေးတယ်။ ဖြေ ။ ကျေးဇူးတင်ပါတယ်။ စစ်မှန်တဲ့ လုပ်ငန်းစဉ်ပါဘဲ။ မေး ။ သံဃာတွေ စောင့်ရှောက်တဲ့ မိဘမဲ့ကလေးကျောင်းတွေလည်း တည်ဆောက်ချင်ပါတယ်။ ဆင်ဖြူတော် ဖောင်ဒေးရှင်းက အဲဒီလုပ်ငန်းတွေ လုပ်ချင်လို့ တည်ထောင်ထားတာပါ။ ၁၀ နှစ်လုံးလုံး အစိုးရဆီမှာ မှတ်ပုံမတင်ဘဲနဲ့ ကူညီ ထောက်ပံ့မှုတွေ လုပ်ခဲ့ပေမယ့် ဒီထက်ပိုပြီး လုပ်နိုင်ရန်အတွက် ပြီးခဲ့တဲ့နှစ်က မှတ်ပုံတင်ခဲ့ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း နှစ် ၁၀၀ ပြည့် ရုပ်ရှင် ဖြစ်မြောက်ရေး အစီအစဉ်မှာ ကူညီ ထောက်ပံ့သွားဘို့ ဒုန်ဂု တက္ကသိုလ်မှာ ဆွေးနွေး တင်ပြထားပါတယ်။ ဖြေ ။ ဖေဖေ မွေးနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ရုပ်ရှင် ထုတ်လုပ်ဘို့ ပြင်ဆင်နေပါတယ်။ ကျမတို့ဘက်က လိုအပ်တာများကို တောင်းဆိုသွားမှာဖြစ်သလို အဲဒီလို ကူညီတဲ့အပေါ်မှာလည်း ကျေးဇူးတင်ရှိစွာ လက်ခံသွားပါမယ်။


 
ဆက်ဖတ်ရန်

သမ္မတပြောခွင့်ရအရာရှိ နဲ့ မြန်နှုန်းမြင့်အင်တာနက်

သမ္မတပြောခွင့်ရအရာရှိ နဲ့ မြန်နှုန်းမြင့်အင်တာနက်

Saturday, March 2, 2013


ဘယ်တိုင်းပြည်ဖြစ်ဖြစ် အစိုးရတာဝန်ရှိသူတွေရဲ့လစာ၊ အသုံးစရိတ်တို့ဟာ ပြည်သူတွေဆီက လာတာပါ။

သူတို့ ပြည်ပ ခရီးထွက်တယ် ဆိုရင်လည်း ဒါ ... ပြည်သူတွေ လွှတ်လိုက်တာလို့ ဆိုနိုင်ပါတယ်။

လတ်တလော သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးတချို့ ဥရောပရောက်နေပါတယ်။

ဒီခရီးစဉ်မှာ ပြည်သူအတွက်၊ နိုင်ငံအတွက်၊ သူတို့အတွက် အကျိုးရှိတာတွေ လုပ်ဆောင်၊ ဆွေးနွေးခဲ့မှာ အသေအချာပါပဲ။

သူတို့ကို ဒီခရီးစဉ် လွှတ်လိုက်တာ တန်တယ်၊ လွှတ်ရကျိုးနပ်တယ်လို့ မြန်မာပြည်သူတွေ ယူဆနိုင်ပြီလား။

လောလောဆယ် နည်းနည်းတော့ ယူဆနိုင်ပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ခရီးစဉ်မှာ ပါသွားတဲ့ သမ္မတရဲ့ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်က ဥရောပမှာ အင်တာနက်မြန်နှုန်း မြင့်လွန်းတဲ့အကြောင်း အင်တာနက်ကနေ လူသိရှင်ကြား ဖော်ပြလိုက်လို့ပါပဲ။

"အင်တာနက်ကလည်း မြန်လိုက်တာ၊ ခလုတ်တိုက်လဲမှာတောင် စိုးရိမ်ရ" လို့ လွန်ခဲ့တဲ့ ၂ ရက်က နော်ဝေနိုင်ငံမှာ ရောက်ရှိခိုက် သူ့ Facebook မှာ မှတ်ချက် ရေးလိုက်ပါတယ်။

မြန်မာပြည်က ထိပ်တန်းအရာရှိကြီးတယောက်ရဲ့ မှတ်ချက် ဖြစ်တာကြောင့် အင်မတန် အရေးကြီးပါတယ်။

ဘာရည်ရွယ်ချက်နဲ့ ပြောလိုက်တာလဲ။ ဘယ်သူတွေကို သိစေချင်လို့လဲ။ သူ့ရဲ့ အဓိကပစ်မှတ်က ဘာလဲ။
ဆက်သွယ်ရေးဝန်ကြီးဌာနလား၊
မြန်နှုန်းနိမ့်အင်တာနက်နဲ့ ကြီးပွားနေတဲ့ မြန်မာလုပ်ငန်းရှင်တွေလား၊
Facebook မှာ သူ့ကို စောင့်ကြည့်မယ့်သူတွေလား၊
မီဒီယာသမားတွေလား။

ပစ်မှတ်က အားလုံးလည်း ဖြစ်နိုင်ပါတယ်။

ပြည်ပမှာ အင်တာနက် မြန်တယ် ဆိုတော့ မြန်မာပြည်မှာ အင်တာနက် နှေးတယ်လို့ ဆိုလိုတာပါပဲ။

သမ္မတရဲ့ ပြောခွင့်ရအရာရှိ အပါအ၀င် ခရီးစဉ်မှာ ပါဝင်သွားသူတွေဟာ မြန်မာပြည်သားတွေရဲ့ လူနေမှုဘ၀ အခြေအနေ၊ ပြည်ပနိုင်ငံက လူနေမှုဘ၀ အခြေအနေတွေကို သိပြီး ဖြစ်မှာပါ။ ခရီးစဉ် တခု ပြီးတိုင်း ပြီးတိုင်း ပိုပို သိနေမှာပါ။

မြန်နှုန်းမြင့်အင်တာနက် အပါအ၀င် ရှိသင့် ရှိထိုက်တဲ့ လူနေမှုဘဝ ပုံစံတွေ မြန်မာပြည်မှာ ပေါ်ပေါက်ဖို့ သူတို့စွမ်းသလောက် ဆောင်ရွက်ပေးနိုင်ရင်တော့ သူတို့ကို ပြည်ပခရီး လွှတ်ရကျိုးနပ်တယ်လို့ ဆိုနိုင်ပါတယ်။

စည်သူလင်း



ဘယ်တိုင်းပြည်ဖြစ်ဖြစ် အစိုးရတာဝန်ရှိသူတွေရဲ့လစာ၊ အသုံးစရိတ်တို့ဟာ ပြည်သူတွေဆီက လာတာပါ။
သူတို့ ပြည်ပ ခရီးထွက်တယ် ဆိုရင်လည်း ဒါ ... ပြည်သူတွေ လွှတ်လိုက်တာလို့ ဆိုနိုင်ပါတယ်။
လတ်တလော သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးတချို့ ဥရောပရောက်နေပါတယ်။


ဒီခရီးစဉ်မှာ ပြည်သူအတွက်၊ နိုင်ငံအတွက်၊ သူတို့အတွက် အကျိုးရှိတာတွေ လုပ်ဆောင်၊ ဆွေးနွေးခဲ့မှာ အသေအချာပါပဲ။

သူတို့ကို ဒီခရီးစဉ် လွှတ်လိုက်တာ တန်တယ်၊ လွှတ်ရကျိုးနပ်တယ်လို့ မြန်မာပြည်သူတွေ ယူဆနိုင်ပြီလား။

လောလောဆယ် နည်းနည်းတော့ ယူဆနိုင်ပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ခရီးစဉ်မှာ ပါသွားတဲ့ သမ္မတရဲ့ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်က ဥရောပမှာ အင်တာနက်မြန်နှုန်း မြင့်လွန်းတဲ့အကြောင်း အင်တာနက်ကနေ လူသိရှင်ကြား ဖော်ပြလိုက်လို့ပါပဲ။

"အင်တာနက်ကလည်း မြန်လိုက်တာ၊ ခလုတ်တိုက်လဲမှာတောင် စိုးရိမ်ရ" လို့ လွန်ခဲ့တဲ့ ၂ ရက်က နော်ဝေနိုင်ငံမှာ ရောက်ရှိခိုက် သူ့ Facebook မှာ မှတ်ချက် ရေးလိုက်ပါတယ်။

မြန်မာပြည်က ထိပ်တန်းအရာရှိကြီးတယောက်ရဲ့ မှတ်ချက် ဖြစ်တာကြောင့် အင်မတန် အရေးကြီးပါတယ်။

ဘာရည်ရွယ်ချက်နဲ့ ပြောလိုက်တာလဲ။ ဘယ်သူတွေကို သိစေချင်လို့လဲ။ သူ့ရဲ့ အဓိကပစ်မှတ်က ဘာလဲ။
ဆက်သွယ်ရေးဝန်ကြီးဌာနလား၊
မြန်နှုန်းနိမ့်အင်တာနက်နဲ့ ကြီးပွားနေတဲ့ မြန်မာလုပ်ငန်းရှင်တွေလား၊
Facebook မှာ သူ့ကို စောင့်ကြည့်မယ့်သူတွေလား၊
မီဒီယာသမားတွေလား။

ပစ်မှတ်က အားလုံးလည်း ဖြစ်နိုင်ပါတယ်။

ပြည်ပမှာ အင်တာနက် မြန်တယ် ဆိုတော့ မြန်မာပြည်မှာ အင်တာနက် နှေးတယ်လို့ ဆိုလိုတာပါပဲ။

သမ္မတရဲ့ ပြောခွင့်ရအရာရှိ အပါအ၀င် ခရီးစဉ်မှာ ပါဝင်သွားသူတွေဟာ မြန်မာပြည်သားတွေရဲ့ လူနေမှုဘ၀ အခြေအနေ၊ ပြည်ပနိုင်ငံက လူနေမှုဘ၀ အခြေအနေတွေကို သိပြီး ဖြစ်မှာပါ။ ခရီးစဉ် တခု ပြီးတိုင်း ပြီးတိုင်း ပိုပို သိနေမှာပါ။

မြန်နှုန်းမြင့်အင်တာနက် အပါအ၀င် ရှိသင့် ရှိထိုက်တဲ့ လူနေမှုဘဝ ပုံစံတွေ မြန်မာပြည်မှာ ပေါ်ပေါက်ဖို့ သူတို့စွမ်းသလောက် ဆောင်ရွက်ပေးနိုင်ရင်တော့ သူတို့ကို ပြည်ပခရီး လွှတ်ရကျိုးနပ်တယ်လို့ ဆိုနိုင်ပါတယ်။
ဆက်ဖတ်ရန်

Friday, 11 January 2013

ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်........

ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်........
ရွှေဘိုငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ရွှေကြောအသစ်များ ထွက်ပေါ်လာ
ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်...များအသင်းဥက္ကဋ္ဌ ဦးသူတော်က
ပြောသည်။
''ငလျင်ကြောင့် ရွှေကြောအ သစ်တွေပေါ်လာတယ်''ဟု ၄င်းက ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း စတုတ္ထအကြိမ်နှစ် ပတ်လည်အသင်းသားစုံညီအစည်း အဝေးတွင်ပြောသည်။
၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ် ခန့်တွင် မန္တလေး၊ ရွှေဘို၊ သပိတ် ကျင်း၊ မိုးကုတ် စသည့်နေရာများကို ဗဟိုပြုကာ အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်နှင့် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်ခဲ့ရာ အဆိုပါ ငလျင်များကြောင့် ရွှေကြောအသစ် များ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဦးသူတော်က ထပ်လောင်း ပြော သည်။
အသစ်တွေ့ရှိရသော ရွှေ ကြောနေရာများမှာ မြစ်ကြီးနား၊ ရွှေဘို၊ ကန့်ဘလူ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဂေါ်ဦးချောင်း ဒေသနှင့် ကချင်ပြည်နယ်ရှိ ဘုရား သုံးဆူအနီးဝန်းကျင် ဒေသများဖြစ် ကြောင်း သိရသည်။
ယင်းကဲ့သို့ ရွှေကြောအသစ် များ ရှာဖွေ တွေ့ရှိထားခြင်း သည် ပြည်တွင်းရွှေဈေးကွက်ကို တည်ငြိမ် လာနိုင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
''ရွှေကြောအသစ်တွေကနေ တူးဖော်ရေးလုပ်ငန်းတွေလည်းများ လာမယ်။ ရွှေအထွက်လည်း တိုး လာမယ်။ ဒါဟာပြည်တွင်းရွှေဈေး ကွက်တည်ငြိမ်ဖို့အကြောင်းတစ်ခုပါ ပဲ။ ပစ္စည်းရှားရင် ဈေးတက်မယ်။ ပစ္စည်းပေါရင် ဈေးကျမယ်။ ဒီ သဘောပါပဲ'' ဟု ၄င်းက ပြော သည်။
ယင်းကဲ့သို့ ရွှေကြောအသစ် များကြောင့် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်လာနိုင်သကဲ့သို့ ရွှေလုပ် ငန်းရှင်အများစုမှာလည်း ယခုနှစ် သည် ရွှေဈေးနှုန်း တည်ငြိမ်၍ အဝယ်တိုးမည့်နှစ်ဟု ခန့်မှန်းထား ကြသည်။
၂ဝ၁၂ ခုနှစ်အတွင်း မြန်မာ့ ရွှေဈေးသည် နှစ်ဆန်းပိုင်း၌ ကျပ် ခုနစ်သိန်းအောက်တွင် ရှိခဲ့ရာမှ မတ်လဆန်းပိုင်းမှစတင်၍ မြန်မာ့ အခေါက်ရွှေဈေးသည် တစ်ကျပ် သားလျှင် ကျပ်ခုနစ်သိန်း အထက် သို့တက်လာခဲ့သည်။ ၄င်းနောက် ပိုင်း စက်တင်ဘာလဆန်းအထိ ကျပ်တစ်သောင်းဝန်းကျင်ခန့်သာ ရွှေဈေးအတက်အကျ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ဒုတိယအပတ်တွင် အခေါက်ရွှေ တစ်ကျပ်သားဈေး နှုန်းမှာ ခုနစ်သိန်းရှစ်သောင်း အ ထက်သို့ တက်ခဲ့သည်။ အဆိုပါ ဈေးကြောင့် နှစ်ကုန်ပိုင်းတွင် ရွှေ ဈေး
ရှစ်သိန်းအထိ ရှိလာနိုင် ကြောင်း ရွှေလုပ်ငန်းရှင်အများစုက သုံးသပ်ကြသော်လည်း ယင်းဈေးမှ တစ်စစပြန်လည် ကျဆင်းလာပြီး နှစ်ကုန်ပိုင်း ရွှေဈေးနှုန်းသည် ခုနစ် သိန်း ငါးသောင်း ရှစ်ထောင်အထိ သာ ဈေးပေါက်ခဲ့ကြောင်း ဈေး ကွက်မှ သိရသည်။
ယနေ့ မြန်မာ့ရွှေပေါက်ဈေး သည် အခေါက်ရွှေတစ်ကျပ်သား လျှင် ၇၆ဝ၅ဝဝ ဖြစ်၍ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၇၁၇၈ဝဝ ဖြစ် သည်။ ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ကန်ဒေါ်လာ ၁၆၅၇ ဖြစ်ကြောင်း
ဈေးကွက်မှ သိရ သည်။
ဆက်ဖတ်ရန်

Sunday, 6 January 2013

ဗိုလ်ချုပ် ရဲ့ ဒီဇိုင်နာ (မျှဝေခြင်း)


တနင်္ဂနွေနေ့  က အကယ်ဒမီပွဲကိုတက်ရောက်လာကြတဲ့  အနုပညာရှင်တွေကို TV မှကြည့်ရတာသူ့ ထက်ငါ အပြိုင်အဆိုင် လှလိုက်ကြတာ။
ရောင်စုံပန်းခင်းကြီးထဲရောက်သွားသလို ပါပဲ။သူတို့အနုပညာရှင်တွေ အတွက် အရေးကြီးတဲ့ တန်ဖိုးထားတဲ့ ဒီပွဲကြီးကိုတက်ရောက်တဲ့ အခါ
သူတို လဲ လှပ ၀ံ့ကြွား ချင်ကြမှာပဲလေ။ဒါကြောင့် ဒီလို ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးမှာ အနုပညာရှင် တွေကို လူပုံအလယ်မှာ တောက်ပ
ဝံ့ကြွားနေအောင် အစွန်းကုန်ကြိုးစားချုပ်လုပ်ပေးထားကြတဲ့ ဒီဇိုင်နာ တွေရဲ့ ပညာစွမ်းကလဲ အထင်ကြီးလေးစားစရာကောင်းပါတယ်။
“လူမှာ အ၀တ် တောင်းမှာအကွပ် ”ဆိုတဲ့  စကားပုံလေးလိုပါပဲ၊ အ၀တ်အစားဆိုတာ ကြွားဝါ ပြိုင်ဆိုင် ဖို့  ၊ ပေါ်ပြူလာ ဖြစ်ဖို့ 
ဝတ်စရာမလိုပေမယ့်  ကိုယ့်အတွက် အရေးပါတဲ့ နေရာတွေ သွားတဲ့အခါ ကိုယ့်ကိုလူအထင်မသေးအောင် ကိုယ်တက်ရောက်တဲ့ 
့ပွဲ နဲ့ လိုက်ဖက်ပြီး ကိုယ့်တန်ဖိုးပေါ်လွင်အောင် ကိုယ့် အဆင့်အတန်းနဲ့ လိုက်ဖက်တဲ့အ၀တ်အစားကိုတော့ ၀တ်ဆင်တတ်မှသင့်တော်ပါလိမ့်မယ်။
ဒီလိုတွေးရင်းနဲ့  ကျမ သတိရသွားမိတဲ့ သူတစ်ယောက်ကတော့ ကျမတို့မြန်မာပြည်ရဲ့ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကို
ဒီဇိုင်နာ လုပ်ပြီး အလှဆင်ပေးခဲ့တဲ့ သူတစ်ယောက်ကိုပါပဲ။
သူကတော့  ဗိုလ်ချုပ်နဲ့ရင်းနှီးခင်မင်ပြီးဗိုလ်ချုပ်ကို စေတနာထားတဲ့ အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟလာလ်နေရူး --ပါတဲ့ရှင်။
အချိန်အခါကတော့  ၁၉၄၇ ခုနှစ် ဇန်န၀ါ၇ီ လ ၊မြန်မာ့လွတ်လပ်ရေးအတွက် လက်တကမ်းအလို မြန်မာပြည်ကြီးအတွက်
ဗိုလ်အောင်ဆန်း ဆိုတဲ့  သူတစ်ယောက် နေ့ မအား ညမအား အားသွန်ခွန်စိုက်ကြိုးပန်းနေတဲ့ အချိန်ပါ။
ဗိုလ်ချုပ် ဟာ ၁၉၄၆ ဒီဇင်ဘာလ၂၄ရက်နေ့ကလွိုင်ကော်မှာ ကယားခေါင်းဆောင်နဲ့စော်ဘွားများအား တွေ့ ဆုံပြီး
သူ မကြာမီ ဘိလပ်သို့သွားပြီး မြန်မာ့လွတ်လပ်ရေးအတွက်အရေးဆိုတော့မည်ဖြစ်ကြောင်း ကယားပြည်သူများကိုလဲ
မြန်မာပြည်မနဲ့အတူ လွတ်လပ်စေလိုကြောင်းစသဖြင့် တိုင်းရင်းသားအားလုံးရဲ့  စည်းလုံးညီညွတ်မှုအင်အားရဲ့ တန်ဖိုးရှိပုံကို
ပြည်နယ်ခေါင်းဆောင်ကြီးများလက်ခံသဘောတူလာအောင် စည်း၇ုံးခဲ့ပါတယ်။
လွိုင်ကော်မှတဆင့် ဒီဇင်ဘာ ၂၆ တွင် တောင်ကြီးသို့ရောက်လာပြီး ၁၉၄၆ ဒီဇင်ဘာ၂၅ ခရစ်စမတ်နေ့ တွင်
တောင်ကြီးမြို့ လူထုစည်းဝေးပွဲကြီးမှာ စည်းလုံးညီညွတ်ရေးတရားဟောပြောခဲ့ပါသည်။ထို့နောကိ ဒီဇင်ဘာ၂၆ရက်နေ့ နံနက်
ညောင်ေ၇ွှမြို့လူထု စည်းဝေးပွဲကြီးတွင် ညီညွတ်ရေး တရား ဟောပြောပြီးနောက် ၇ှမ်းပြည်မှရန်ကုန်ကိုပြန်ခဲ့ ရာ ထိုအချိန်သည်
မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိနိုင်ငံ လန်ဒန်မြို့တော် တွင် နန်းရင်းဝန် မစ္စတာအက်တလီခေါင်းဆောင်သော
လေဘာ အစိုးရနှင့်  ဆွေးနွေးရန် ဗိုလ်ချုပ်သွားရောက် ဖို့ ခြောက်ရက်မျှသာကျန်တော့တဲ့  အချိန် ကာလဖြစ်ပါသည်။
ဗိုလ်ချုပ်သည် လန်ဒန်တွင် ဆွေးနွေးခြင်းမပြုလုပ်ခင် သူနှင့် ခင်မင်ရင်းနှီးသော အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟလာလ်နေရူး နှင့် 
ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးလိုတဲ့ ဆန္ဒ ဖြစ်ပေါ်မိပါတယ်။
လူဆိုတာ အရေးကြုံရင် ကိုယ်ခင်မင်အားကိုးရတဲ့  မိတ်ဆွေကောင်းကိုတောင့်တမိတတ်ကြပါတယ်။
ဗိုလ်ချုပ်အနေနဲ့လဲ တိုင်းပြည်လွတ်လပ်ရေးကြီးအတွက် ကြီးကျယ်ခမ်းနားလှတဲ့  လန်ဒန်ဆိုတဲ့ေ၇ွှ မြို့တော်ကြီးကိုမသွားခင်
သူခင်မင်ရင်းနှီးတဲ့ သူ့မိတ်ဆွေကို တိုင်ပင်ချင်စိတ်ပေါ်မိတာပါ။
၁၉၄၇ ဇန်န၀ါရီလ ၂ ရက်နေ့  နံနက် ၇ နာ၇ီ တိတိတွင် ဗိုလ်ချုပ်သည် မင်္ဂလာဒုံလေဆိပ်မှစတင်ထွက်ခွာပြီး
နံနက် ၁၀နာရီခွဲ ခန့် တွင်အိန္ဒိယပြည် ကလကတ္တားမြို့ သို့ ဆိုက်ရောက်ပါသည်။
နံနက် ၁၁ နာ၇ီခွဲတွင် ကာလကတ္တားမှပြန်ထွက်ပြီး ညနေ ၄ နာ၇ီ မိနစ်၄၀တွင် နယူးဒေလီမြို့ ဆင်ခြေဖုံး၇ှိ
ဝယ်လင် တန်လေဆိပ်သို့ ရောက်သွားကြပါသည်။
လေယဉ်ပေါ်မှဆင်းဆင်းချင်း လာကြိုနေသူများရဲ့ ရှေ့ဆုံးကတွေ့ ရတာကတော့ အိန္ဒိယခေါင်းဆောင်ကြီးမစ္စတာနေရူးပါပဲ။
သူက ဗိုလ်ချုပ်နှင့်လွပ်လပ်စွာ တိုင်ပင်ဆွေးနွေးချင်လို့ ဟိုတယ်မှာတောင် မတည်းခိုင်းဘဲ သူ့နေအိမ်မှာတည်းခိုစေပြီး
သူ့သမီး အင်ဒရာဂန္ဒီကိုယ်တိုင်ဗိုလ်ချုပ်ကို ဧည့်ခံပြုစုခဲ့ပါသည်။
ဗိုလ်ချုပ်သည် ဇန်န၀ါရီ ၂ရက်နေ့ ညမှ ဇန်န၀ါရီ ၆ရက်နေ့ အထိ ထို အိန္ဒိယခေါင်းဆောင်ကြီးနှင့်  နိုင်ငံရေးပြသနာများကို
ကျယ်ပြန့် စွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ထိုတောအတွင်းဇန်န၀ါရီ ၄ ရက်နေ့ ညနေ တွင် မစ္စတာနေရူးသည် သူမှာကြားလိုသော
အချက်များကို ပြောဆိုပြီးနောက် ဗိုလ်ချုပ် အားမေးခွန်းတစ်ခုမေးပါသည်။
“ဒါ့ထက်အောင်ဆန်း ၊မင်း အင်္ဂလန်ပြည်ရောက်ရင် ဘာအ၀တ်အစားဝတ်မှာလဲ”
ထိုအခါ ဗိုလ်ချုပ်က ဘာမှပြန်မပြောဘဲ သူဝတ်ထားသော ကာကီဇင်ယူနီဖောင်း တပတ်နွမ်းကို ပြန်ငုံ့ ကြည့်ရင်း ပြုံးနေပါသည်။
သြော်--ဗိုလ်ချုပ်၊ဗိုလ်ချုပ်--တိုင်းပြည်လွပ်လပ်ရေးရဖို့အရေးကလွဲရင် ကိုယ့်အရေးအတွက်တောင် ဘာမှမစဉ်းစားပုံများ
ဒီလောက်ကြီးကျယ်ခမ်းနားလှတဲ့  လန်ဒန်ေ၇ွှမြို့တော်ကြီးကို ကာကီယူနီဖောင်း အနွမ်းလေးနဲ့ သွားမတဲ့ ။
ကိုယ်ဝတ်ထားတဲ့ အက်ျီ ဘယ်လောက်ဟောင်းနေလဲဆိုတာတောင်ဂရုစိုက်မယ့်သူလဲမဟုတ်ပါဘူးလေ-
ဒီတော့မှမစ္စတာနေရူးလဲ ဗိုလ်ချုပ်ဟာ ဒီကာကီယူနီဖောင်း အဟောင်းလေးနဲ့  အင်္ဂလန်ဆက်သွားမှာ သဘောပေါကိသွားပြီး
အံ့သြသွားပါသတဲ့ ။
“ဟာ--မင်းရဲ့ ဒီအ၀တ်အစားမျိုးနဲ့  အလွန်အေးတဲ့ လန်ဒန်မြို့ ဆောင်းရာသီမှာ ဘယ်ဝတ်လို့ဖြစ်မလဲကွယ့် ၊
ပြီးတော့ ဟိုကျရင် မင်းကို ဂျော့ဘုရင်မင်းမြတ်က ဘတ်ကင်ဟမ် နန်းတော်မှာ ပွဲတော်တည်ဖို့ ဖိတ်ချင်ဖိတ်မှာ၊
အဆောင်အယောင်ပကာသနအလွန်ကြိုက်တဲ့ ဗြိတ်သျှလူမျိုးတွေရဲ့အလယ်မှာ မင်းကအ၀တ်အစား ပြည့်ပြည့်စုံစုံမပါရင်
ခက်နေပါဦးမယ်၊မဖြစ်ပါဘူး၊ကြည့်လုပ်ပေးလိုက်ဦးမှပဲ”
ပြောပြောဆိုဆို မစ္စတာနေရူးဟာ သူ့အတွင်းဝန်တစ်ဦးကိုချက်ချင်းခေါ်ပြီး ဗိုလ်ချုပိအောင်ဆန်းနှင့်  တပည့်ဖြစ်သူအတွက်ပါ
သင့်တော်တဲ့ ဝတ်စုံများချုပ်ရန် ညွှန်ကြားလိုက်ပါသည်။
ထိုညတွင်းချင်းပင် အပ်ချုပ်ပညာသည်များရောက်လာပြီး စနစ်တကျကိုယ်တိုင်းများယူသွားကြပြီးနောက်
၂၄နာ၇ီ အတွင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းတို့အတွက် သက္ကလပ်ဖြင့် ချုပ်ထားသော စစ်ဝတ်စုံ၊
၇ှပ်အင်္ကျီ၊ နက်ကတိုင်လည်စည်း၊ ကက်ဦးထုပ်မှ အစ အားလုံးဝတ်စုံပြည့် ဆင်မြန်းပေးလိုက်ပါတော့သည်။
ထို့ကြောင့်ဗိုလ်ချုပ်သည် နယူးဒေလီမှခ၇ီးဆက်တဲ့အခါ ပုံပန်းကျနသပ်ရပ်သော သက္ကလပ်စစ်ယူနီဖောင်းဖြင့်  ခံ့ညားစွာ
လန်ဒန်ကို ခရီးဆက်ခဲ့ နိုင်ပါသည်။
လန်ဒန်တွင် ဗိုလ်ချုပ်သည် ဗြိတိသျှ နန်းရင်းဝန်နှင့်တကွ အစိုးရအဖွဲ့ ဝင်များနှင့်ဆွေးနွေးခဲ့ ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ဗိုလ်ချုပ်ကိုယ်ပေါ်တွင် ခံ့ညားစွာနေရာယူထားတာက မစ္စတာနေရူးရဲ့မေတ္တာ လက်ဆောင်
သက္ကလပ် စစ်ယူနီဖောင်းပဲဖြစ်ပါတယ်။
ထိုဝတ်စုံဟာ ဗိုလ်ချုပ်နဲ့ အင်မတန်ပဲလိုက်ဖက်ကြည့်ကောင်းလှပါတယ်။
ပြင်းထန်တဲ့ စိတ်ဓါတ်၊အားမာန်တွေနဲ့ လှုပ်ရှားနေတဲ့ ခိုင်မာပြတ်သားတဲ့ ဗိုလိချုပ်နဲ့ အရမ်းကိုလိုက်ဖက်တဲ့ဝတ်စုံပါပဲ။
ခုတော့ဒီဝတ်စုံနဲ့ လန်ဒန်မှာ ဗြိတိသျှတွေနဲ့ ယှဉ်ဘောင်တန်းပြီး ပြောဆိုဆွေးနွေးနေတဲ့  ဗိုလ်ချုပ်ရဲ့ ဓါတ်ပုံတွေဟာလဲ
သမိုင်းဝင် ပုံတွေဖြစ်ခဲ့ပါပြီ။ကျမကလေးဘ၀တုန်းက ဗိုလ်ချုပ်ကို ဓါတ်ပုံတွေထဲမှာစမြင်ဖူးကတည်းက ဒီသက္ကလပ် စစ် ၀တ်စုံနဲ့ ပုံက
ကြည့်အကောင်းဆုံး ပဲလို့ ထင်မိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း လို့ ဆိုလိုက်တာနဲ့  မျက်စိထဲမှာ သက္ကလပ်စစ်ဝတ်စုံနဲ့  ဗိုလ်ချုပ်ပုံကိုပဲ မျက်စိထဲပြေးမြင်ယောင်မိပါတယ်။
တကယ်လို့  ဗိုလ်ချုပ်ဟာ အိန္ဒိယကိုမ၀င်ခဲ့ရင် ၊ မိတ်ဆွေမစ္စတာနေရူးကိုသတိတရ နဲ့ အရေးမထားခဲ့ရင်ဒီလို ခံ့ညားတဲ့ ဝတ်စုံနဲ့ 
ဝံ့ကြွားနေတဲ့  ဗိုလ်ချုပ်ရဲ့ သမိုင်းဝင်ပုံတွေကို မြင်တွေုရမှာမဟုတ်ပါဘူး။
ဒါဟာ ဗိုလ်ချုပ်ရဲ့ မိတ်ဆွေစစ်ကို အလေးထားတိုင်ပင်ခဲ့တဲ့ စိတ်ရင်းစေတနာက အကျိုးပေးခဲ့တယ်လို့ ထင်ပါတယ်။
ဒီလို ကောင်းမွန်မှန်ကန်တဲ့  မိတ်ဆွေစစ် ရဖို့အတွက် မိမိဘက်ကလဲ ရိုးသားပွင့်လင်းမှု၇ှိပြီးစိတ်ရင်းနဲ့ ဆက်ဆံရပါမယ်။
စေတနာမှန်ရင် အကျိးပေးစမြဲပါ။
ဗိုလ်ချုပ်ရဲ့ တိုင်းပြည်ကိုစေတနာထားချစ်ခင်စိတ်ကပဲ ဗိုလ်ချုပ်ကို လူပုံအလယ်မှာ တင့်တယ်စေခဲ့ တယ် လို့ ယူဆမိပါတယ်။
ဘယ်လိုပဲဖြစ်ပါစေ ကျမကတော့ ကျမတို့ ဗိုလ်ချုပ်ရဲ့ သမိုင်းဝင် ဓါတ်ပုံတွေ လှပခန့် ညားပြီး ကြည်ညိုချင်စရာကောင်းအောင်
ဗိုလ်ချုပ်ကို သက္ကလပ်စစ်ဝတ်စုံ ချုပ်လုပ်ဆင်မြန်းပေးခဲ့တဲ့ ဗိုလ်ချုပ်ရဲ့  ဒီဇိုင်နာ ဖြစ်တဲ့  အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟလာလ်နေရူးကို
ကျေးဇူးတင်နေမိပါတော့တယ်။

(ကိုးကား-- တက္ကသိုလ်နေ၀င်း ရေးသော ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း )


ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ရှင်။
ဆက်ဖတ်ရန်

ကျော်သူ ရုပ်ရှင်ပြန်ရိုက်တော့မည် တဲ့.


ပြည်သူ့အရေးအတွက် အနုပညာသည်တွေမှာ တာဝန်ရှိပါတယ်။
ကျနော်ကတော့ ဘယ်သူ့ကိုမှ မတိုက်တွန်းချင်ပါဘူး..
လူတိုင်း ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ် ပါဝင်ကြရမှာပါ။

ကျော်သူ
ဒါရိုက်တာ၊ရုပ်ရှင်မင်းသား။
DVB-Interview မှ

၎.၁.၂၀၁၃ လွတ်လပ်ရေးနေ့ နေ့လည် (၂း၃၀) နာရီအချိန်၌ ရွှေစင်စင်္ကြာမော်တော်ယာဉ်အဖွဲ့မှ ပိုင်ရှင် ဦးမိုးနိုင်နှင့်
မန်နေဂျာ ကိုကျော်မိုး အပါအဝင် ဝန်ထမ်းများသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ရောက်ရှိလာကြပြီး
အလှူငွေကျပ်သိန်း (၁၅ဝ) ကျပ်အား ပေးအပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ခဲ့သည်။ ရွှေစင်စင်္ကြာအဖွဲ့သည်
နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ငွေရေတွက်စက်၊ မျက်စိခွဲစိတ်ခန်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏
လိုအပ်သည့်နေရာ အသီးသီးတို့အတွက် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းပေးနေသည့် မြင့်မြတ်လှသော
အလှူရှင်တစ်ဦးလည်းဖြစ်သည်။
ထို့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးခရီးစဉ်များအဖြစ် မြန်မာပြည်အနှံ့ လိုက်လံသွားရောက်မှု
ခရီးစဉ်များအတွက် ပို့ဆောင်မှုများ ပြုလုပ်ပေးနေသော အလှူရှင်များလည်းဖြစ်သည်။
သို့ရာတွင် ယခုလာရောက်လှူဒါန်းသော လှူဒါန်းရခြင်း ရည်ရွယ်ချက်မှာ ထူးခြားမှုတစ်ခုဖြစ်သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ရုပ်ရှင်၊ ဗီဒီယို၊ ဒီဗီဒီ ဇာတ်ကားရိုက်ကူးပြီး ရရှိလာသော အကျိုးအမြတ်များအား
အများအကျိုးအတွက် အသုံးပြုရန်အတွက်ဖြစ်သည်။
ထို့ကြောင့် ရွှေစင်စင်္ကြာ မော်တော်ယာဉ် မိသားစု၏ ဆန္ဒအား ဖြည့်ဆည်းပေးရန်အတွက် ဥက္ကဌ ဦးကျော်သူသည်
ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ရုပ်ရှင်အနုပညာနယ်ပယ်မှ ထွက်ခွာခဲ့ရသည်မှာ (၅) နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော် လည်း
ယခုကဲ့သို့ အများအကျိုးအတွက် အကျိုးရှိမည့် အကျိုးပြုဇာတ်လမ်းအား ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တော့သည်။
ယင်းဇာတ်ကားသည် အတ္တ အနုပညာအတွက်မဟုတ် ပရဟိတအနုပညာလုပ်ငန်း သက်သက်သာ ဖြစ်စေရမည်။
ပရဟိတလုပ်ငန်းများအား ၀ါသနာပါသော၊ စွန်လွှတ် ပေးဆပ်နိုင်သော အနုပညာရှင်များဖြင့် လက်တွဲ၍ ရိုက်ကူးသွားမည်ဟု
ဆုံးဖြတ်ထားသည်။
ယင်းအခမ်းအနား မစမှီ၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စဉ်ဆက်မပြတ် လာရောက်ပေးဆပ်နေသော နန်းခင်ဇေယျာ အား
တယ်လီဖုန်းဖြင့် တီးခေါက်ကြည့်မိသောအခါ အားတက်သရော ပါဝင်သရုပ်ဆောင် ပေးမည်ဟု ပြောကြား ခဲ့၍ ဦးကျော်သူသည်
ဒါရိုက်တာအဖြစ် ရိုက်ကူးပေးမည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်တော့သည်။
ယင်းဇာတ်ကားအား လူမှုရေး စိတ်ဓါတ်ပြင်းထန်သော၊ စွန့်လွှတ်ပေးဆပ်ရဲသော သရုပ်ဆောင် အနုပညာရှင်များ၊
လူမှုရေးဂီတသူရဲကောင်းများ၏ သီချင်းသံစဉ်များ၊ ပြည်သူ့အတွက် ရုပ်ရှင်စက်မှု လုပ်သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ
လူမှုရေးသမားများ ဝန်ထမ်းများအပြင် အနယ်နယ် အရပ်ရပ်ရှိ လူမှုရေးအသင်းအဖွဲ့ အသင်းသား/သူများနှင့် တစ်ကြိမ်တစ်ခါမျှ
မရိုက်ကူး မတင်ပြဖူးသော လူ့လောကအတွင်းရှိ ဖြစ်ရပ်မှန်များကို အများပြည်သူတို့အတွက် (၅) နှစ်ကျော် အနုပညာလောကနှင့်
ဝေးကွာခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဟောင်း ဦးကျော်သူ၏ ပထမဦးဆုံး အနုပညာ ထွက်ပေါက်အဖြစ် ဆန်းသစ်စွာ
ရိုက်ကူးတင်ပြ ထုတ်လုပ်သွားမည် ဖြစ်ပါတော့သည်။


ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်...။
ဆက်ဖတ်ရန်

Sunday, 30 December 2012

ကား ၉ စီးဆင့်ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၈ ဦးဒဏ်ရာရရှိ

ဘုန်းကြီးလမ်း စံပြ ...မီးပွိုင့် အကျော်တွင်.
.226 ယာဉ်မှမီးပွိုင့်လွတ်ရန်အရှိန်ပြင်းစွာ
ဖြတ်ကျော်မောင်းနှင်ပြီးနောက် အရှိန်မ
ထိန်းနိုင်ဘဲ ကား စီးဆက်
ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။



ယနေ့ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၈နာရီး 30 မိနစ်ခန့်က အနောက်ပိုင်းခရိုင် ယာဉ်လိုင်းတစ်ခုဖြစ်သည့် ၂၂၆ ယာဉ်လိုင်းမှ ၆ခ/၄၈၈၁ မှသည် ရန်ကုန်တိုင်း ၊ လမ်းမတော်မြို့နယ် ၊ ဘုန်းကြီးလမ်း ပေါ်တွင် စံပြမီးပွိုင့်ကို ဖြတ်ကျော်ခဲ့ရာတွင် အရှိန်မထိန်းနိုင်းဘဲ အရှေ့မှသွားနေသည့်ကားများ၊ လမ်းညာဘက်ခြမ်းတွင် ရပ်ထားသည့် ကားများကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

လမ်းဖြတ်ကူးသူများအပါအဝင် ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရခဲ့ပြီး ၃ဦးမှာဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ပို့ဆောင် ခဲ့ရသည်။

ကုံးထက် ကြက်ဆီထမင်းဆိုင်မှ Mark-2 ကားတစ်စီးအပါအဝင် ၂စီး ပျက်စီးသွားခဲ့သလို Taxi ယာဉ် ၂စီးမှာလည်း ဆိုးရွားစွာ ပျက်စီးခဲ့သည်။ အဆိုပါ ဖြစ်ရပ်အားစတင်ဖြစ်ပွားစေခဲ့သည့် ၂၂၆ ယာဉ်မောင်းမှာ ယာဉ်အကူကို ၄င်းဝတ်ဆင်ထားသည့် အကျိ င်္ကိုချွတ်ပေးကာ ထွက်ပြေးသွားသော်လည်း ပထမဆုံး အတိုက်ခံခဲ့ရသည့် တက္ကစီသမားမှ ဦးဆောင်ပြီး လမ်းတစ်ဘက်အခြမ်းတွင် ဖမ်းစီးနိုင်ခဲ့သည်။

ဒဏ်ရာရသူများ အနက် ဆေးရုံတွင် တစ်ဦးသေဆုံးသွားသည်ဟု သတင်းကြားသော်လည်း ယခုသတင်း တင်ချိန် နံနက် ၉ နာရီ ၃၁မိနစ် အထိ အတည်မပြုနိုင်သေးပါ။

ယခုအခါ ကားများကို ရွေ့နေပြီးဖြစ်ပြီး ခရီးသွားပြည်သူများက ယာဉ်မောင်းကြမ်းသူများအား ထိရောက်စွာပြစ်ဒဏ်ချမှတ်စေလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်



ဆက်ဖတ်ရန်
back to top